Georgina Rodriguez အကြောင်း သင်မသိသေးတဲ့ အချက် ( ၆) ချက်

Image:IG/Georgina Rodriguez

Georgina Rodriguez ဆိုရင်တော့ သူမဟာ ကမ္ဘာကျော် ဘောလုံးသမား Cristiano Ronaldo ရဲ့ ချစ်သူ အဖြစ် လူသိများပါတယ်။ရည်းစားတွေ များတဲ့  Cristiano Ronaldo ရဲ့ နှလုံးသားကို လက်တ လော အချိန် အထိ တော့  သိမ်းပိုက်ထားနိုင်သူပါ။ချစ်သူ အပေါ် သူမရဲ့ အနစ်နာ ခံ ပေးဆပ်မှု တွေ ကတော့ တော်တော် များပါတယ်။ဒါ   ကြောင့်လည်း အခုထိ Ronaldo နဲ့ သူမရဲ့ Relationship က အခုထိ တည်မြဲ နေတာပါ။ Georgina Rodriguez နဲ့ ပတ်သက်တဲ့ စိတ် ၀င်စားစရာ အကြောင်းလေးတွေကို ဖော်ပြ ပေးချင်ပါတယ်။

Image:IG/Georgina Rodriguez

သူမရဲ့ ဇာတိမြေ

 

View this post on Instagram

 

Strong in body, strong in spirit, strong in mind 💪💣💥💥💥 @yamamayofficial #everybody #beconfident #beyamamay

A post shared by Georgina Rodríguez (@georginagio) on


Rodriguez ကိုတော့ January 27, 1994 မှာေ မွးခဲ့တာပါ။သူမဟာ စပိန်နိုင်ငံ အရှေ့ မြောက် ပိုင်းမှာရှိတဲ့ Jaca မြို့ လေးကပါ။လူဦးရေ က တော့ (၁၃၀၀၀) ကျော် လောက်ရှိ ပြီး ပြင်သစ်နယ်စပ် အနီးမှာရှိတဲ့ စပိန် မြို့ လေးပါ။နောက်ပိုင်းကျမှ သူမ တို့ မိသားစုဟာ အင်္ဂလန် က Bristol ကို ပြောင်းလာခဲ့တာပါ။

ဆိုင်အ ရောင်းဝန်ထမ်း ဖြစ်ခဲ့ဖူး

Image:IG/Georgina Rodriguez

သူမဟာ စပိန်နိုင်ငံ Madrid မြို့မှာရှိတဲ့ Gucci  ဆိုင်မှာ အရောင်းဝန်ထမ်း လုပ်ခဲ့ဖူးပါတယ်။သူမရဲ့ အတိတ်က အရောင်းဝန်ထမ်း အလုပ်နဲ့ ပတ်သက်ပြီး Cristiano Ronaldo ရဲ့ ရည်းစားဖြစ်လာချိန် မှာတော့ မလိုသူ တစ်ချို့ရဲ့ ကဲ့ရဲ့ မှုကို ပါ ခံခဲ့ရဖူးပါတယ်။

READ
"မ" လို့တော့ မခေါ်ပါနဲ့ "ချီ" ဆိုလည်း ရင်ခုန်ပါတယ်ဆိုတဲ့ နေခြည်ဦး

အက ကို အရမ်းဝါသနာပါသူ

Image:IG/Georgina Rodriguez

သူမမှာလည်း အရမ်းဝါသနာပါတဲ့ အရာတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ အကပါ။ ဘဲလေးအကမယ် ဖြစ်ခဲ့ဖူးပြီး Joven Ballet del Pirineo ရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်ဖူးပါတယ်။ Susana Ara’s Dancing Institute ရဲ့ အဖွဲ့ဝင် ဟောင်းပါ။ ဒါပေမယ့် Ronaldo နဲ့ စ တွေ့ ချိန် တည်းက သူမဟာ မော်ဒယ် အလုပ်ကိုပဲ  လုပ်နေခဲ့တယ်လို့ သူမရဲ့ Public Profile မှာ ဖော်ပြထားပါတယ်။

Ronaldo နဲ့ တွေ့ ခဲ့ပုံ

Image:IG/Georgina Rodriguez

သူတို့နှစ်ယောက်ဟာ (၂၀၁၆) နိုဝင်ဘာမှာ တွေ့ခဲ့တာပါ။Madrid က Dolce & Gabbana  ပွဲမှာ တွေ့ ခဲ့တာပါ။VIP ဧရိယာမှာရှိနေတဲ့ Georgina ကို Ronaldo က အရင်စ သတိထားမိခဲ့တာပါ။သူတို့နှစ်ယောက်ဟာ မြင်မြင် ချင်း ချစ်မိသွားခဲ့တယ်လို့ Georgina က ပြောခဲ့ဖူးပါတယ်။အဲ့ဒီနောက်ပိုင်းက စပြီး သူတို့နှစ်ယောက်ကို နေရာတိုင်းမှာ တစ်တွဲတွဲ တွေ့ခဲ့ရတာပါ။နောက်ပိုင်းမှာတော့ Rodriguez  က  FIFA   ဆုပေးပွဲတွေ မှာပါ ပွဲတက်ဖြစ်လာခဲ့ သလို Ronaldo ရဲ့ မေ မေ၊ မိသားစုဝင်တွေနဲ့ပါ ရင်းနှီးလာခဲ့ပါတယ်။

Ronaldo ရဲ့ ရင်သွေးလေးကို ပါ မွေးဖွားပေး

Image:IG/Georgina Rodriguez

Ronaldo မှာ တော့ ကလေး (၄) ယောက်ရှိပါတယ်။Cristiano Jr လေးကိုတော့ (၂၀၁၀)ခုနှစ်က  အမေရိကန် မှာ မွေးဖွားခဲ့ပါတယ်။ဒီကလေးရဲ့ မေ မေ ဘယ်သူ ဆိုတာကိုတော့ Ronaldo က ထုတ်မပြောပဲ လျှို့ဝှက်ထား ပါတယ်။(၂၀၁၅)မှာတော့  Irina Shayk နဲ့ ငါးနှစ်ကြာ Relationship ကို အဆုံးသတ်ခဲ့ပါတယ်။(၂၀၁၆)မှာတော့ Georgina Rodríguez နဲ့ တွေ့ခဲ့ပါတယ်။(၂၀၁၇)ဇွန် (၈)ရက်နေ့မှာတော့  အငှားကိုယ်ဝန်ဆောင် ကနေ  ကလေး အမြွှာ Eva နဲ့ Mateo ကို ရခဲ့ပါတယ်။(၂၀၁၇) ဇူလိုင် (၁၈)မှာတော့  Georgina Rodríguez ကိုယ်ဝန် ရနေတဲ့ အကြောင်းကို ကြေညာခဲ့ပါတယ်။နိုဝင်ဘာ (၁၂)မှာတော့ Georgina Rodríguez  က သမီးလေး Alana Martina ကို မွေးဖွား ပါတယ်။

READ
ချစ်သူနဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာလိုက်တဲ့ နေခြည်ဦး

Ronaldo အပေါ်  အကောင်းဆုံး ပေးဆပ်သူ

ရည်းစားတွေ အများကြီးနဲ့ တွဲခဲ့ဖူးတဲ့ Ronaldo အတွက် တော့ Georgina Rodríguez  က အကောင်းဆုံး ပေးဆပ်သူ တစ်ယောက်ပါ။သူမရဲ့ သမီးအရင်း အပါအ၀င် Ronaldo  နဲ့ ပတ်သက်တဲ့ တခြား ကလေးတွေကိုပါ  သူမရဲ့ တစ်ဘ၀ လုံး နစ်မြှုပ်ပြီး ပေးဆပ်ထားတာပါ။အခုထိ တော့ တရားဝင် လက်မထပ် ရ သေး ပေမယ့် Ronaldo  ကတော့ Georgina Rodríguez   ကို သေချာ ပေါက် လက်ထပ်ယူမယ်လို့  ပြောဖူးပါတယ်။

 

View this post on Instagram

 

A Alana Martina acaba de nascer! Tanto a Geo como a Alana estão muito bem! Estamos todos muito felizes! ❤️

A post shared by Cristiano Ronaldo (@cristiano) on

Source:Wiki & goal

SHARE