သင့်အသားအရေဟာ ဘယ်အမျိုးအစားထဲမှာ ပါနေသလဲဆိုတာ ခွဲခြားနည်း

အသားအရေလှပဖို့၊ ကျန်းမာဖို့ဆိုရင် ဈေးကြီးတဲ့ ထုတ်ကုန်တွေကို အသုံးပြုမှရမယ်လို့ သင်ထင်ကောင်း ထင်နေပါလိမ့်မယ်။ တကယ်တော့ မဟုတ်ပါဘူး။ သင့်အသားအရေ ကျန်းမားဖို့အတွက် အရေးကြီးဆုံးကတော့ သင့်အသားအရည်အမျိုးအစားကို ကောင်းကောင်းသိပြီး သင့်အသားအရည် အတွက်ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကို အသုံးပြုပေးဖို့ပါပဲ။ သင်ဟာ ဘယ်လိုအသားအရည်အမျိုးအစားထဲပါနေလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

(၁) အဆီပြန်တဲ့ အသားအရည်

သင့်မျက်နှာမှာမှာ အလင်းပြန်သလို ပြောင်နေတတ်ပြီး အဲဒါကိုဖုံးကွယ်ဖို့အတွက် ပေါင်ဒါထုတ်ပြီး မကြာခဏဖို့ဖို့ပေးနေမိမှာပါ။ နောက်ပြီး သင့်ရဲ့ချွေးပေါက်တွေကို အထင်းသားမြင်နေရပြီး အမြဲတမ်းလိုလို မျက်နှာက အဆီထွက်နေတတ်ပါတယ်။ ဝက်ခြံတွေနဲ့ ဆားဝက်ခြံတွေ အများကြီး ထွက်လာတတ်တယ်၊ မိတ်ကပ်လိမ်းတာကြာလာရင် ကွက်လာတယ်၊ မျက်နှာမှာဝဲကျနေတဲ့ဆံပင်တွေက စေးကပ်နေတတ်တယ်၊ ဖုန်းပြောပြီးခါစ ဖုန်းမှာ မိတ်ကပ်တွေ၊ အဆီတွေပေနေတတ်တယ်ဆိုရင်တော့ သင်ဟာ အဆီပြန်တဲ့ ( Oily Skin Type) အမျိုးအစားဖြစ်ပါတယ်။

READ
လူတွေ လေယာဉ်ပေါ်သယ်ယူဖို့ ကြိုးစားကြတဲ့ ထူးထူးဆန်းဆန်း ပစ္စည်းများ

 (၂) ခြောက်သွေ့တဲ့အသားအရေ

ခြောက်သွေ့တဲ့အသားအရေရဲ့လက္ခဏာတွေကတော့ သင့်အသားအရည်ဟာ မွဲခြောက်ခြောက်ဖြစ်နေမယ်၊ အဖတ်လေးတွေ လန်နေမယ်၊ ကြမ်းတမ်းနေပါမယ်။ နောက်ပြီး မျက်နှာအရေပြား တင်းနေသလို ခံစားနေရပါမယ်၊ အထူးသဖြင့် ရေထိပြီးစမှာပါ။ နောက်ပြီး သင့်မျက်နှာမှာ အနီစက်တွေရှိနေပြီး တစ်ခါတလေ ယားယံတာတွေ၊ အသားပပ်တာတွေဖြစ်မယ်ဆိုရင်တော့ သင်ဟာ ခြောက်သွေ့တဲ့အသားအရေ (Dry Skin Type) အမျိုးအစား ဖြစ်ပါတယ်။

(၃) ပေါင်းစပ် အသားအရည်

သင့်အသားအရေဟာ ဖော်ပြထားတဲ့အသားအရေအမျိုးအစားတွေထဲမှာ မပါဘူးဆိုရင်တော့ သင့်အသားအရေဟာ ပေါင်းစပ်အသားအရေ ဖြစ်နိုင်ပါတယ်။ ဒီလိုအသားအရည်မျိုးဟာ အဆီပြန်တာနဲ့ ခြောက်သွေ့တာ နှစ်မျိုးလုံးပေါင်းစပ်ထားတဲ့ အသားအရေဖြစ်ပါတယ်။ အများအားဖြင့် ဒီလိုအသားအရည်က မျက်နှာကျတော့ အရမ်းအဆီမပြန်ပေမယ့် နှာခေါင်း၊ မေးစေ့နဲ့ နှဖူးတွေမှာတော့ အဆီပြန်နေတတ်ပါတယ်။ ရာသီဥတုကို လိုက်ပြီး အသားအရေ ပြောင်းလဲတတ်ပါတယ်။ နွေမှာအဆီပြန်ပြီး ဆောင်းမှာခြောက်သွေ့တာမျိုးပါ။ တစ်ခါတလေ ရာသီလာခါနီးတွေမှာ၊ လာနေတုန်းတွေမှာ ဝက်ခြံတွေထွက်တတ်ပြီး လာပြီးတာနဲ့ ပြန်ကောင်းသွားတတ်ပါတယ်။ တစ်ခါတလေ ခြောက်သွေ့ပေမယ့် ဝက်ခြံတွေလည်းရှိနေတတ်ပြန်ပါတယ်။ ဒါဆိုရင်တော့ သင့်အသားအရေက ပေါင်းစပ်အသားအရေ(Combination Skin Type) ပါ။

READ
ညှို့အားပြင်း ဓါတ်ပုံတွေနောက်ကွယ်က တကယ့်အမှန်တရား

(၄) ပုံမှန်အသားအရေ

ဒါကတော့ အထက်ပါတွေနဲ့ တစ်ခုမှမကိုက်ညီတဲ့သူတွေပါ။ အသားအရေလေးက ပုံမှန်လေးပဲ ဘာပြဿနာမှမရှိတဲ့သူတွေပေါ့။ ဒါကို ပုံမှန်အသားအရေ (Normal SkinType) လို့ခေါ်ပါတယ်။

Em Em(Shwemom)

SHARE