အတွင်းပုတ်သလို စိတ်ယုတ်ရှိတဲ့သူတွေဟာ ဘယ်တော့မှ ကံမကောင်းတတ်ကြပါဘူး …

တခြားသူအပေါ် ကောင်းတဲ့စိတ်ထားပြီး ကောင်းတာလုပ်ပေးရင် ကောင်းတာပြန်ရတယ်။ သူများကို စိတ်ယုတ်စိတ်မာထားပြီး လုပ်ကြံပြောတတ်တဲ့သူတွေကတော့ ကံမကောင်းတတ်ကြပါဘူး။ သူများကို စိတ်ယုတ်ထားရင် ကိုယ့်ကိုလည်း စိတ်ယုတ်ပြန်ထားမယ့်သူရှိလာတတ်တယ်။ ဒီလိုစိတ်ယုတ်ရှိတဲ့လူတွေက ဘ၀တစ်လျှောက်မှာ အဆင်မပြေတတ်ကြသလို ကံလည်းဆိုးနေတတ်တယ်။ သင်ဒီလိုလူမျိုးတွေနဲ့ကြုံနေရပြီး(ဒါမှမဟုတ်) ကြုံခဲ့ပြီပြီးဆိုရင် ရန်ကိုရန်ချင်း မတုန့်ပြန်လိုက်ပါနဲ့။ သူတို့လုပ်ခဲ့တာတွေနဲ့ သူတို့ဘ၀တစ်လျှောက် ပြန်ခံနေရမှာပါ။

၁။ မျက်နှာမရွင်ဘူး

လူတစ်ယောက်ရဲ့မျက်နှာဟာ စိတ်ရဲ့အရောင်ပါ။ စိတ်ထဲတစ်ခုခုဖြစ်နေရင် မျက်နှာမှာပေါ်နေတတ်တယ်။ ချစ်သူကို စိတ်ဆိုးရင် မျက်နှာက မဲ့နေမယ်။ အဲ့လိုမျိုးပဲ တခြားသူအပေါ်ကို စိတ်ယုတ်စိတ်မာထားတတ်တဲ့သူဟာ မျက်နှာမရွင်ကြဘူး။ သူတို့မျက်နှာကိုကြည့်လိုက်ရင် အပူမိထားသလို အပူရုပ်ဖြစ်နေတတ်တယ်။ စိတ်ရဲ့အရောင်က မျက်နှာမှာ လာပေါ်နေတဲ့သဘောပါ။

၂။ ကံဆိုးကြတယ်

သူတစ်ပါးကို စိတ်ယုတ်စိတ်မာထားတတ်တဲ့သူက ဘယ်တော့မှ ကံမကောင်းကြဘူး။ စီးပွားရေး၊ အလုပ်အကိုင်၊ မိသားစု ၊ ကျန်မားရေး စတာတွေမှာ ကံဆိုးတတ်ကြတယ်။ သူတစ်ပါးကို မကောင်းတာလုပ်ခဲ့၊ပြောခဲ့တာတွေကတန်ပြန်သက်ရောက်လာတဲ့သဘောပါ။

READ
ကိုယ်ဝန်ဆောင်ဇနီးသည်ကို ထားသွားရလောက်တဲ့အထိ ဂိမ်းစွဲနေတဲ့ အမျိုးသား

၃။ ကိုယ်ရောင်ကိုယ်ဝါ မတောက်ပဘူး

စိတ်ယုတ်ရှိတဲ့သူဟာ ဘယ်လိုပဲပြင်ပြင်၊ ဘယ်လိုပဲနေနေ ကိုယ်ရောင်ကိုယ်ဝါ မတောက်ပဘူး။ ကိုယ်ရောင်ကိုယ်ဝါတောက်တယ်၊ မတောက်ဘူးဆိုတာ ကိုယ့်စိတ်ထားပေါ်မှာမူတည်ပါတယ်။ စိတ်ထားကောင်းကောင်းထားတဲ့သူက ဘာမှမပြင်ဆင်ထားရင်တောင် ကိုယ်ရောင်ကိုယ်ဝါတွေတောက်နေတတ်တယ်။ စိတ်ယုတ်ရှိတဲ့သူကတော့ ဘယ်လိုတွေပဲမိတ်ကပ်တွေဖုံးထားပါစေ ကိုယ်ရောင်ကိုယ်ဝါမတောက်ပကြဘူး။

၎။ ၀ဋ်ပြန်လည်တတ်တယ်

ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ်ထံပြန်လာမည်’ ဆိုတဲ့အတိုင်း သူများကို မကောင်းတာလုပ်ခဲ့၊ ပြောခဲ့ရင် ၀ဋ်ဆိုတာ လည်စမြဲပါ။ သူတစ်ပါးကို နစ်နစ်နာနာ အပုတ်ချပြောခဲ့၊ စိတ်ယုတ်စတ်မာထားပြီး လုပ်ကြံခဲ့ရင် သူတို့လုပ်ခဲ့အတိုင်းပဲ နှစ်ဆ ပြန်ခံရတတ်တယ်။ သူတို့ဘ၀တစ်ကွေ့မှတော့ သူတို့ကို ပြန်လုပ်မယ့်သူဆိုတာ ပေါ်လာတတ်ပါတယ်။

၅။ အိမ်တွင်းရေး အဆင်မပြေတတ်ကြဘူး

စိတ်ယုတ်စိတ်မာထားတဲ့သူတွေရဲ့နောက်ခံမိသားစုကို ကြည့်လိုက်ရင် အိမ်တွင်းရေးအဆင်မပြေတတ်ကြဘူး။ ငယ်ကတည်းက အဆင်မပြေမူတွေနဲ့ကြီးပြင်းခဲ့ရတော့ ကိုယ့်ချင်းစာစိတ်မရှိကြဘူး။ “ငါသာ သူ့နေရာမှာ” ဆိုတဲ့စိတ်မျိုးနဲ့ ကိုယ်ချင်းမစာတတ်ကြဘူး။ အဲ့အတွက် တန်ပြန်သက်ရောက်မူက အိမ်တွင်းရေးမှာ အဆင်မပြေတတ်ကြတာပါ။

READ
အဖေနဲ့သမီးအရွယ်လောက် အသက်ကွာတဲ့စုံတွဲ ဝေဖန်ခံနေရ

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE