ရန်ဘက်တွေကို သတ်ပြီး၊ ကလေးတွကို လူသားဟင်းချက်ကျွေးခဲ့တဲ့ လူသတ်ရာဇာအဖွား

Twitter / Anthony

ရုရှားနိုင်ငံက လူသတ်ရာဇာ အဖွားအိုတစ်ယောက်ဟာ သူမရဲ့ ရန်ဘက်တွေ၊ သူမ သဘောမကျတဲ့လူတွေကို သတ်ပြီး ကလေးတွေကို လူသားဟင်း ချက်ကျွေးခဲ့ကြောင်း ရုရှားရဲက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဖွားရဲ့အမည်ကတော့ Sofya Mikhailovna ဖြစ်ပြီး အသက်ကတော့ (၈၀)နှစ်ပါ။ အဖွား Sofya ရဲ့အိမ်ကို ရဲက ဝင်စစ်တဲ့အခါ ရေခဲသေတ္တာထဲမှာ လူရဲ့ ကိုယ်တွင်းအင်္ဂါတွေ သိမ်းထားကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အဖွားဟာ လူတွေကို သတ်ပြီးတိုင်း အိမ်နီးနားချင်းရဲ့ ကလေးတွေကို ခေါ်ပြီး လူသားကိုအသုံးပြုကာ ဟင်းချက်ကျွေးတယ်လို့ သိရပါတယ်။ တစ်ခါတလေ ကလေးတွေရဲ့ မိဘတွေကိုတောင် ခေါ်ပြီး၊ အလှူအတန်းပုံစံမျိုး စားပွဲသောက်ပွဲ လုပ်လေ့ရှိပါသတဲ့။ မကြာသေးခင်က ရဲတပ်ဖွဲ့ဟာ သေဆုံးသူ Vasily Shlyakhtich ရဲ့ ရုပ်ကြွင်းအပိုင်းအစတွေကို အမှိုက်ပုံးတစ်ခုထဲမှာ တွေ့ခဲ့ရာကနေ လူသတ်တရားခံ ဘယ်သူလဲဆိုတာ ဖော်ထုတ်ဖို့ ဖြစ်လာခဲ့ပါတယ်။

READ
ဆိုင်ထဲဝင်လုတဲ့ လူဆိုးကို လမ်းလျှောက်တုတ်ကောက်စာ ကျွေးလိုက်တဲ့ ဆိုင်ရှင်အဖွားအို

 

ဒီသတင်းဟာ ရုရှားနိုင်ငံ၊ Khabarovsk မှာ အတော်လေး ခြောက်ခြားဖွယ်ရာ သတင်းဖြစ်ခဲ့ပြီး၊ နောက်ဆုံးတော့ တရားခံ အဖွား Sofya ကို ဖော်ထုတ်နိုင်ခဲ့တာပါ။ အဖွား Sofya ဟာ ယခင်က သားသတ်အိမ်မှာ အလုပ်လုပ်ခဲ့တာဖြစ်ပြီး၊ ဘဝကို ခပ်ကြမ်းကြမ်း ဖြတ်သန်းလာခဲ့သူပါ။ သူမဟာ အနည်းဆုံး လူသုံးဦး သတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

(၂၀၀၅)ခုနှစ် ဒီဇင်ဘာ (၁၄)ရက်နေ့က ပျောက်ဆုံးသွားတဲ့ (၈)နှစ်အရွယ် ကောင်မလေးတစ်ဦးကို သတ်မှုမှာလည်း အဖွား Sofya ကသာ အဓိကလက်သည်တရားခံလို့ ရုရှားထောက်လှမ်းရေးက ယုံကြည်ခဲ့ပါတယ်။ ဒေသခံမီဒီယာတွေကတော့ အဲဒီကောင်မလေးဟာ ပြေးရင်းလွှားရင်းနဲ့ Sofya ကို မကြာခဏ နောက်ပြောင်လေ့ရှိကြောင်းနဲ့

READ
ပါကစ္စတန် Kim Kardashianလို့နာမည်ကြီးနေတဲ့ညီမကိုသတ်ခဲ့တဲ့အစ်ကိုအဖမ်းခံရ

တစ်ခါက အချင်းများပြီးနောက် ကောင်မလေးက ရေခဲမုန့်နဲ့ အဖွားကို ပေါက်ဖူးတယ်လို့ ဖော်ပြကြပါတယ်။ ဒီလူသတ်မှုကိုလည်း Sofya က ဝန်ခံခဲ့ပါတယ်။ အဲဒီနောက် အခန်းငှားသူအဖြစ် ပြောင်းလာတဲ့ သူငယ်ချင်းအမျိုးသမီးတစ်ဦးကိုလည်း သတ်ခဲ့တယ်လို့ သူမက ဝန်ခံခဲ့ပါတယ်တဲ့။

news2.fr

အဖွားရဲ့ယောက်ျား Ivan ဟာ ပိုက်ပြင်သမားတစ်ဦးဖြစ်ပြီး၊ (၂၀၀၅) ခုနှစ် နွေရာသီတုန်းက သေဆုံးသွားခဲ့တာပါ။ အဖွားမှာ သား(၃)ယောက်ရှိပြီး၊ နှစ်ဦးကတော့ အိမ်ထောင်အသီးအသီးနဲ့  Khabarovsk မှာပဲ နေထိုင်ကြပါတယ်။ ဒါပေမယ့် အဖွား Sofya နဲ့ အဆက်အသွယ် သိပ်မလုပ်ကြဘူးလို့ သိရပါတယ်။ အဖွားဟာ ယခင်က သားသတ်ရုံမှာ အလုပ်လုပ်ခဲ့ပြီး၊ နောက်တော့ ဒေသခံကုမ္ပဏီတစ်ခုမှာ လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

လင်းသုတ

SHARE