World Wide Web (WWW) ပေါ်ပေါက်လာခဲ့ပုံ သမိုင်းကြောင်း

အခုသင်ဟာ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက မရှိခဲ့တဲ့ အရာတစ်မျိုးကို အသုံးပြုနေနိုင်ပါပြီ။ (https://www.) နဲ့ စတဲ့ ဝက်ဘ်ဆိုဒ်တွေကိုပေါ့။ အဲဒီ့အချိန်တုန်းက ဝက်ဘ်ဆိုဒ်တွေတင် မရှိခဲ့တာ မဟုတ်ပါဘူး။ HTML တွေ၊ JPEG တွေ၊ CSS တွေနဲ့ hyperlink တွေပါ မပေါ်ပေါက်လာခဲ့သေးတာပါ။ ပြောရမယ်ဆို GIF ဖိုင်တွေတောင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ပေါ်လာခဲ့တာပါ။

Shutterstock

World Wide Web ရဲ့ အစကတော့ ၁၉၈၉ ခုနှစ်က Tim Berners-Lee ဆိုတဲ့ အမျိုးသားရဲ့ အိုင်ဒီယာကနေ စခဲ့တာဖြစ်ပါတယ်။ Tim ဟာ သူအလုပ်လုပ်တဲ့ ဥရောပနျုကလီးယားသုတေသနအဖွဲ့အစည်း (CERN) က သူ့မန်နေဂျာဆီကို အဆိုပြုချက်စာလွှာ တစ်ခုတင်သွင်းခဲ့ပါတယ်။ ထိုအဆိုပြုချက်ဟာ အဖွဲ့အစည်းအတွင်း ဒေတာတွေ ချိတ်ဆက်နိုင်မယ့် ကွန်ရက်စနစ်ကို ဖန်တီးဖို့ ဖြစ်ပါတယ်။

Tim ရဲ့ မူလအိုင်ဒီယာနဲ့ ထိုအဆိုပြုချက်ဟာ ယနေ့ကျွန်တော်တို့ အသုံးပြုနေတဲ့ web စနစ်တွေနဲ့တော့ တစ်ပုံစံတည်း မတူပေမယ့် web တစ်ခု ဖြစ်လာဖို့ အစပြုခဲ့တဲ့ အခြေခံ အုတ်မြစ်တွေအကုန် ပါဝင်ခဲ့ပါတယ်။ The High Performance Computing Act လို့ ခေါ်တဲ့ Tim ရဲ့ အဆိုပြုချက်ကို ၁၉၉၁ ခုနှစ်မှာ အမေရိကန် ကွန်ဂရက်လွှတ်တော်ကနေ အတည်ပြု ခွင့်ပြုပေးခဲ့ပါတယ်။ ထိုကနေ ဝက်ဘ်ဆိုဒ်တွေ ဖြစ်ပေါ်လာဖို့ အကြောင်းဖန်လာခဲ့တာပါ။ အမေရိကန် ဒုသမ္မတဟောင်း Al Gore လည်း ထိုဖန်တီးမှုကို အစောဆုံး ထောက်ခံအားပေးခဲ့သူတွေထဲက တစ်ယောက်ပါ။

READ
Galaxy S5 နှင့် iPhone 6 တို့ကိုမီးရှို့ပြီး ဘယ်ဟာပိုခံလဲစမ်းသပ်ကြည့်ခြင်း
Tim Berners-Lee (Wikimedia)

ထိုအုတ်မြစ်ကို အခြေတည်ပြီး world wide web (WWW) ကနေတစ်ဆင့် အီးမေးလ်တွေကို စတင်အသုံးပြုလို့ ရလာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ အမေရိကန် သမ္မတဟောင်း Bill Clinton နဲ့ ဆွီဒင်ဝန်ကြီးချုပ်ဟောင်း Carl Bildt တို့က အီးမေးလ် အပြန်အလှန်ပို့ကြတဲ့ ပထမဆုံး နိုင်ငံခေါင်းဆောင်များ ဖြစ်လာခဲ့ကြပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံ လူဦးရေ တစ်ဝက်လောက်က အင်တာနက်ကို အသုံးပြုနေခဲ့ကြပါပြီ။ အင်တာနက်နဲ့ world wide web တို့ကတော့ မတူကြပါဘူး။

အင်တာနက်ရဲ့ အခြေခံအုတ်မြစ်ကတော့ ၁၉၆၀ ခုနှစ်ဝန်းကျင်လောက်ကတည်းက စပေါ်ခဲ့တာပါ။ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် ကျောင်းသား ၂ ဦးတို့က ကွန်ပြူတာ တစ်ခုကနေ တစ်ခုကို ဒေတာ သယ်ပို့ပေးတဲ့ Arpanet ကို တီထွင်ခဲ့ပါတယ်။ ဆယ်စုနှစ် ၂ စုလောက်နေမှ Tim Berners-Lee က world wide web အိုင်ဒီယာကို စခဲ့တာပါ။

READ
ဗြိတိန်ပါလီမန်ကို ပထမဆုံးအကြိမ်ရောက်လာပြီး အမတ်တွေနဲ့ အမေးအဖြေလုပ်ခဲ့တဲ့ စက်ရုပ်
Shutterstock

ယနေ့မှာတော့ အင်တာနက်ပေါ်မှာ လင့်ခ်ပေါင်းများစွာဆီ ဝင်ထွက်နိုင်ဖို့ Google Chrome, Mozilla Firefox စတဲ့ browser တွေတောင် ပေါ်နေပါပြီ။ Tim ရဲ့ အဆိုပြုချက်ထဲမှာ browser နဲ့ ပတ်သက်လို့လည်း ပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့ပထမဆုံး ဝက်ဘ်ဆိုဒ်ကတော့ http://info.cern.ch/ ဖြစ်ပြီး ယနေ့ထိ ဝင်ကြည့်လို့ ရပါသေးတယ်။

Ref: BBC, Digital Trends

SHARE