ဒစ်စနီ theme park ထဲက ပစ္စည်းတွေကို ခိုးထုတ်ပြီးရောင်းစားခဲ့တဲ့ ၀န်ထမ်းဟောင်း

ဝေါ့ဒစ်စနီအလုပ်သမားဟောင်းတစ်ဦးဟာ ဒစ်စနီဝတ်စုံတွေနဲ့ Magic Kingdom ၊ Epcot theme park တွေထဲမှာ ထားတဲ့ ပစ္စည်းပေါင်းများစွာကို ခိုးယူခဲ့ကြောင်း သိရပါတယ်။ ခိုးယူသူအမျိုးသားဟာ အသက်(၂၄) နှစ်အရွယ် ပက်ထရစ် အယ်လန်စပိုက်ခ်ဆိုသူပါ။ စုစုပေါင်း ဒေါ်လာ (၁၄,၀၀၀) တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ခိုးယူခဲ့တဲ့အတွက် အခုဆိုရင် သူဟာ ဖောက်ထွင်းမှု၊ ခိုးမှုနဲ့ ခိုးရာပါပစ္စည်းတွေကို မှောင်ခိုပြန်လည်ရောင်းချမှုတို့နဲ့ တရားစွဲခံထားရပါတယ်။

Orange County Sheriff’s Office

စပိုက်ခ်ဟာ တွစ်တာပေါ်မှာ သူခိုးယူလာတဲ့ ရိုဘော့သဏ္ဍာန်တူ ဇာတ်ကောင်အရုပ်တစ်ရုပ်ကို ပို့စ်တင်ခဲ့ရာကနေ ရဲတွေက ခြေရာခံမိကြတာပါ။ စပိုက်ခ်က သူဟာ ဒစ်စနီဥယျာဉ်တွေကို သွားရောက်လည်ပတ်ကာ စူးစမ်းရှာဖွေသူတစ်ဦးလို့ ဆိုရှယ်မီဒီယာပေါ်မှာ သူ့ကိုယ်သူ ညွှန်းထားပါတယ်။ သူ့ရဲ့ တွစ်တာအကောင့်ထဲမှာတော့ ရုပ်ရှင်တွေနောက်ကွယ်က ရိုက်ကူးရေး ဗီဒီယိုဖိုင်တွေနဲ့ သူ့ရဲ့ ဒစ်စနီ ဇာတ်စင်နောက် အတွေ့အကြုံတွေကို မျှဝေထားပါတယ်။

READ
အသက်ကြီးသူကို စော်ကားရင် ဒုက္ခရောက်မယ်ဆိုတာ သိပ်မှန်တယ်
Disney

စပိုက်ခ်ခိုးထားတဲ့ ပစ္စည်းတွေဟာ လက်ရှိပိတ်ထားလျက်ရှိတဲ့ အက်ပ်ကော့တ် ဥယျာဉ် Wonders of Life ထဲက ဇာတ်ကောင် ဘက်ဇီ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ပထမအခေါက်တုန်းကတော့ အ၀တ်အစားတွေ ခိုးတာခံရပြီး နောက်တစ်ခေါက်မှာတော့ ရိုဘော့စက်ရုပ်အုံတစ်ခုလုံး ပါသွားခဲ့တာ ဖြစ်ပါတယ်။ ရဲတွေဟာ စပိုက်ခ်ရဲ့ ဖုန်းကို ရှာဖွေစစ်ဆေးကြည့်တဲ့အခါမှာတော့ ပျောက်ဆုံးနေတဲ့ ဒစ်စနီခေါင်းစွပ်တွေ၊ စကတ်တွေနဲ့ ဂျက်ကတ်အင်္ကျီဓာတ်ပုံတွေကိုပါ တွေ့ရှိခဲ့ပါတယ်။

dailymail

စပိုက်ခ်ဟာ ဒစ်စနီဥယျာဉ်ထဲမှာရှိတဲ့ Magic Kingdom ထဲက သရဲအိမ်ကြီး Haunted Mansion ထဲကို ၀င်ဖို့အတွက် လျှို့ဝှက် မြေအောက်ခန်းကို အသုံးပြုကာ ပစ္စည်းတွေခိုးခဲ့ပါသေးတယ်။ ဒစ်စနီ theme park တော်တော်များများမှာ မြေအောက်သွားလို့ရတဲ့ စင်္ကြန်တွေ ရှိကြပါတယ်။ ဒီစင်္ကြန်တွေကို ဒစ်စနီဝန်ထမ်းတွေကပဲ အသုံးပြုနိုင်ပြီး အလုပ်လုပ်ကြရတာပါ။ အမှိုက်ပစ်တာ၊ အ၀တ်အစားလဲတာနဲ့ ဥယျာဉ်ထဲ လာတဲ့ ဧည့်သည်တွေ ရုတ်တရတ်အံ့သြသွားအောင် ထွက်ပြရတာတွေအတွက် ၀န်ထမ်းတွေဟာ ဒီမြေအောက်ခန်းတွေကိုပဲ အသုံးပြုရပါတယ်။ ဒါကြောင့် ဒစ်စနီ theme park မှာ အလုပ်လုပ်ဖူးတဲ့ စပိုက်ခ်ဟာ အခွင့်ကောင်းယူပြီး theme park ထဲက ပစ္စည်းတွေကို ခိုးထုတ်ကာ ရောင်းဖို့ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

READ
ဝက်ပုမျိုးဆိုပြီးဝယ်မွေးခဲ့ပေမဲ့ ပေါင် ၂၂၀ အထိကြီးလာတဲ့ ၀က်ဖြစ်နေလို့ စိတ်ညစ်နေသူ
Flickr

လင်းလင်း (ShweMom)

Ref: dailymail

SHARE