အင်္ဂလန်ဂန္ထ၀င်ကစားသမားဟောင်း အလန်ရှီးယား CBE ဘွဲ့ချီးမြင့်ခံခဲ့ရ

အင်္ဂလန်အသင်းနဲ့ နယူးကာဆယ်အသင်းတို့မှာ အသင်းခေါင်းဆောင်ရာထူးကို ကြာရှည်စွာ ရယူနိုင်ခဲ့တဲ့ ဂန္ထ၀င်ကစားသမားဟောင်း အလန်ရှီးယားကို ဗြိတိန်မင်းသား ၀ီလျှံက အင်္ဂလန်ရဲ့လူပုဂ္ဂိုလ်တွေအပေါ်မှာ ချီးမြှင့်တဲ့ CBE ဘွဲ့ကို လက်ခံရရှိခဲ့ပါတယ်။ ၎င်းဟာ အားကစားသမားဘ၀မှ အနားယူပြီးနောက်ပိုင်း လူမှုရေးလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့လို့ အခုလို CBE ဘွဲ့ချီးမြှင့်ခံခဲ့ရတာလို့ သိရပါတယ်။

CBE ဘွဲ့ဟာ ဗြိတိန်ဘုရင်မကြီးရဲ့ အမိန့်နဲ့ သို့မဟုတ် ကိုယ်တိုင်ချီးမြှင့်လေ့ရှိတဲ့ ဘွဲ့တွေထဲမှာတော့ ဂုဏ်သိက္ခာအရှိဆုံး ဘွဲ့တစ်ခုဖြစ်ပါတယ်။ လူမှုရေးလုပ်ငန်းတွေနဲ့ ဒေသတွင်းပရဟိတအလုပ်တွေအပေါ်မှာ အခြေခံပြီး ချီးမြင့်တဲ့ ဘွဲ့ဖြစ်ပါ
တယ်။ အဆိုပါ ဘွဲ့ကို ဇနီး၊ သားသမီးတွေနဲ့အတူ ဘက်ကင်ဟမ်နန်းတော်မှာ သွားရောက်ခံယူခဲ့ပါတယ်။

CBE ဘွဲ့ကို လက်ခံရယူပြီးနောက် ရှီးယားက သူရဲ့ တွစ်တာမှာ ” အလွန်ကို ဂုဏ်ယူစရာ၊ ၀မ်းမြောက်စရာဘွဲ့တစ်ခုပါ … ကျွန်တော်လုပ်တဲ့ လှုမှုရေးလုပ်ငန်းတွေကြောင့် ရခဲ့တာပါ … ကျွန်တော့်ကို ထောက်ခံခဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

READ
အိမ်ထဲကိုဝင်ပြီး ရန်ရှာဖို့ကြိုးစားတဲ့ သားပိုက်ကောင်ကြောင့် မိသားစုအိမ်ထဲမှာပိတ်မိနေခဲ့

အလန်ရှီးယားဟာ Wallsend Boys Club လူငယ်အသင်းမှာ ဘောလုံးသမားဘ၀ကို စတင်ခဲ့ပြီး 1986 ခုနှစ်မှာ ဆောက်
သန်တန်အသင်းနဲ့ လူငယ်ကစားသမားဘ၀ကို စတင်ခဲ့ပါတယ်။ 1992 ခုနှစ်မှာ ဘလက်ဘန်းအသင်းကို ရောက်ရှိခဲ့ပြီး၊ 1996 ခုနှစ်မှာ နယူးကာဆယ်အသင်းကို ရောက်ရှိခဲ့ပါတယ်။ ကလပ်ကစားသမားဘ၀မှာ ပွဲပေါင်း 559 ပွဲ ကစားခဲ့ပြီး 283 ဂိုး သွင်းယူနိုင်ခဲ့ကာ အခုအချိန်ထိ ဂိုးအများဆုံးသွင်းသူစာရင်းမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။ 2006 ခုနှစ်မှာ ကစားသမား
ဘ၀မှ အနားယူခဲ့ပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE