Imelda Bautista Schweighart က တော့ Miss Philippines Earth 2016 အလှမယ် သရဖူကို ရရှိခဲ့ဖူးသူပါ။ သူမက တော့ လက်တလောမှာ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။K Pop ကို တိုက်ခိုက်တဲ့ စကား လုံး နဲ့ ဖိလ စ်ပိုင် က လူတွေ က ကိုရီးယားတွေ နဲ့ တူအောင် လုပ်နေတယ်ဆိုပြီး ပြောလိုက်တဲ့ စကား ကြောင့် အခုလို ဖြစ် နေတာ ပါ။သူမရဲ့ FB ပေါ်မှာ “I hate K-Pop,” ဆိုပြီး တော့ K Pop ကို မုန်းတဲ့ အကြောင်း ကြေညာခဲ့ တာပါ။”ဖိလစ်ပိုင် လူမျိုးတွေ က ကိုရီးယားနဲ့ တူအောင် လိုက်လုပ်နေလို့ သူတို့ရဲ့ identity ကို ဆုံးရှုံးနေရပြီ..” ဆိုပြီး တော့လည်း သူမက ပြောခဲ့ပါတယ်။ဒီအကြောင်းကိုတော့ nextshark မှာ ဖော်ပြထားတာပါ။
View this post on Instagram
အလှမယ်ဖြစ်တဲ့ သူမက တော့ ဖိလစ်ပိုင်လိုရော အင်္ဂလိပ် လိုပါေ ရးပြီး ဖိလစ်ပိုင်တွေက ကိုရီးယားတွေ ထက် အင်္ဂလိပ် စာ ပိုကောင်းတယ်လို့ လည်း ပြောခဲ့ပါတယ်။”ဖိလစ်ပိုင်တွေက ကိုရီးယား တွေ ထက် အင်္ဂလိပ်စကားပြောတာပို ကောင်းတယ် ဆိုတာ ထင်ရှားနေတာပဲ.တရုတ်က ကျူးကျော်ထိပါးလို့လို့ ထင်တယ်။ဒါက မှားနေပြီလို့ ထင်တယ်။ကျွန်မ တို့က အမြဲ တမ်း ကျူးကျော်ဝင်ရောက်ခံနေရတယ်.” လို့ ပြောခဲ့ပါတယ်။ K-Pop က လူတွေကို ပလတ်စတစ်ဆာဂျရီ လုပ် ဖို့ နဲ့ စိတ်မလုံခြုံမှု ဖြစ်အောင် မီးလောင်ရာ လေပင့်နေတယ်၊ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့ စိတ်မျိုးကို သူတို့က Promote လုပ် မ ပေး ဘူး လို့ ပါ ပြောခဲ့ပါတယ်။
View this post on Instagram
သူမပြောလိုက်တဲ့ စကားလုံးတွေ ကြောင့် ချက်ချင်းဆိုသလိုပဲ သူတော်ကောင်းယောင်ဆောင်တယ်၊နို င်ငံခြားသားကို ကြောက်တဲ့ မုန်းတဲ့ စိတ်ဝင် နေတယ်ဆိုပြီး ပြောဆိုတာ ခံခဲ့ရပါတယ်။K Pop ကို ကြိုက်တာနဲ့ ဖိလစ်ပိုင်တွေ နည်းမသွားဘူး၊K Pop ကို အားပေးတာက အနုပညာတစ်ခုကို အသိအမှတ်ပြုတာ မျိုး ၊အမြင်ကျဉ်း တယ်၊သူကိုယ်တိုင်က စိတ်မလုံခြုံ ဖြစ်နေတာ ဆိုပြီး ဆိုရှယ်မီဒီယာ သုံးသူတွေက ပြန် ချေ ပ ခဲ့ ကြပါတယ်။
View this post on Instagram
Schweighart က တော့ ဒီလို မျိုး တွေ ပြောတာ ဒါပထမဆုံး မဟုတ်ပါဘူး။ Miss Earth 2016 ဆုကိုရ သွားတဲ့ အီကွေ ဒေါ အလှမယ် Katherine Espin ကို လည်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ဖူးလို့ Miss Philippines Earth 2016 သရဖူကို စွန့်လွှတ်ခဲ့ရဖူးပါတယ်။”နှာခေါင်း တု၊မေးတု၊ရင်သားတု.” ဆိုပြီး အဲ့တုန်းကလည်း ဝေဖန်တိုက်ခိုက်ခဲ့ဖူးပါတယ်။
View this post on Instagram
#SHWEMOM