စာမေးပွဲကျလို့ စိတ်ဓာတ်ကျနေသူတွေအတွက် ခွန်အားဖြစ်စေမယ့် စာစုများ

ကျရှုံးတယ်ဆိုတာ လူတိုင်းမှာဖြစ်ပေါ်လာတတ်ပါတယ်။ စာမေးပွဲအောင်စာရင်းမှာ ကိုယ့်နာမည်မပါတာမျိုးက ၀မ်းနည်းဖို့ကောင်းသလို စာမေးပွဲကျပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလည်း လျော့နည်းသွားနိုင်ပြီး စိတ်ဓာတ်ကျသွားနိုင်တယ်။ သင်သတိထားရမှာကတော့ စာမေးပွဲကျတာက ဘဝကို ကျရှုံးသွားတာမဟုတ်ပါဘူး။ ကျရှုံးခြင်းက သင်ခန်းစားအသစ်ဖြစ်သလို သင်ယူခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒီအချက်လေးတွေ ကြည့်ပြီး ဆက်ကြိုးစားဖို့လိုပါတယ်။

(၁) သင်တစ်ယောက်တည်းမဟုတ်ပါဘူး

စာမေးပွဲကျတာတို့ ၊ ကျရှုံးတာတို့က လူတိုင်းကြုံတွေ့ရဖူးတယ်ဆိုတာ သိထားပါ။ ဒါ့အပြင် သင့်စာမေးပွဲကျတာထက် ပိုဆိုးတဲ့ ကျရှုံးမှုတွေနဲ့ ကြုံတွေ့နေရသူတွေလည်း ရှိသေးတယ်ဆိုတာ သိထားပါ။ စာမေးပွဲကျတယ်လား၊ ဒါဆိုရင် နောက်တစ်ခါ ပိုကြိုးစားခွင့်ရှိပါတယ်။

(၂) တစ်ခဏတာပဲဆိုတာ ပြောနေပါ

စာမေးပွဲကျလို့ ခံစားနေရတာမျိုးက တစ်ခဏတာပါပဲ။ အချိန်ကြာရင် ကောင်းသွားမှာပါ။ စာမေးပွဲကျရင် ကိုယ့်ကိုယ်ကို အပြစ်တင်တာတွေရပ်ပြီး ရှေ့ဆက် ဘာဆက်လုပ်မလဲဆိုတာနဲ့ ပိုအောင်မြင်အောင် ပိုကြိုးစားမယ်ဆိုတဲ့ စိတ်တွေးနေပေးပါ။

READ
တစ်နှစ်ပတ်လုံး စိတ်ကြိုက်တည်းခိုလို့ရမယ့် ဆွီဒင်နိုင်ငံက ထူးဆန်းတဲ့ ရေခဲဟိုတယ်

(၃) ကိုယ့်ကိုယ်ကို စိတ်မကျသွားအောင် ကာကွယ်ပေးပါ

ဒီလိုအချိန်မျိုးဆို စိတ်ဓာတ်ကျသွားတတ်ပါတယ်။ မှန်ပါတယ် ၊ စိတ်ဓာတ်ကျနိုင်ပါတယ်။ ဒါပေမယ့် အချိန်အကြာကြီး ကျနေဖို့တော့မလိုပါဘူး။ အစားပုံမှန်မစားချင်တော့တာ ၊ ခံတွင်းမတွေ့တော့တာ ၊ ၀ိတ်တက် ၀ိတ်ကျနေရင် ၊ အချိန်တော်တော်ကြာ စိတ်ကျနေတယ်ဆိုရင် ဆရာဝန်နဲ့ပြကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၄) ကျရှုံးခြင်းကနေ သင်ခန်းစာပြန်ယူပါ


သင့်ကိုယ်သင် အပြစ်တင်နေတာက နောက်စာမေးပွဲအတွက် အထောက်အကူမဖြစ်စေပါဘူး။ ကျခဲ့တယ်ဆိုရင် အကောင်းဆုံးက သင်ခန်းစာပြန်ယူပြီး ပြန်သုံးသပ်ပါ။ ဘာလို့ကျတာလဲ ၊ အောင်ဖို့ ဘာတွေလုပ်ရမလဲ ၊ ဒီလိုမဖြစ်အောင် ဘယ်လိုထပ်ကြိုးစားရမလဲ ။ အမှားကနေ သင်ယူပြီး ရှေ့ဆက်ပါ။

(၅) ရင်ဖွင့်ပါ

စာမေးပွဲကျတဲ့ဒဏ်ကြောင့် စိတ်ထိခိုက်နေတယ်ဆိုရင် သင့်ခံစားချက်တွေကို ရင်ဖွင့်ပါ။ စိတ်ငြိမ်အောင် တရားထိုင်ပေးပါ။ စိတ်ဖိစီးနေတယ်ဆိုရင် အပြင်ထွက်ပြီး စိတ်ဖြေပေးပါ။ စိတ်ဖြေပြီးရင်တော့ နောက်တစ်ခုအတွက် စဉ်းစားပေးပါ။

READ
ကမ္ဘာတစ်လွှားကစိတ်ဝင်စားစရာကောင်းတဲ့ ထူးထူးဆန်းဆန်းပြတိုက်များ

Hannwe Soe

SHARE