စာမေးပွဲရမှတ်တွေက တကယ့်ဘဝမဟုတ်ဘူးလို့ မိဘတွေကို အသိပေးခဲ့တဲ့ ကျောင်းအုပ်

EPD International Indian School

ကလေးရှိတဲ့ မိဘတိုင်း ကိုယ့်ရဲ့ သားသမီးတွေအတွက် စိတ်အပူပန်ရဆုံးအချိန်က ကိုယ့်ရဲ့ သားသမီးတွေ စာမေးပွဲဖြေရမယ့် အချိန်ပါပဲ။ စာမေးပွဲကာလဟာ ကျောင်းသားတွေအတွက် စိတ်ဖိစီးမှုများရုံတင်မကဘဲ ကျောင်းသားမိဘတွေပါ စိတ်ဖိစီးရတဲ့ကာလတစ်ခုပါ။ ကိုယ့်ရဲ့ ကလေး အမှတ်ကောင်းမှ ကောင်းပါ့မလား၊ အဆင်ပြေပြေနဲ့ ဖြေနိုင်ပါ့မလားဆိုပြီး ရင်တစ်ထိတ်ထိတ်နဲ့ ဖြစ်နေရတာ မိဘတွေပါ။ အိန္ဒိယနိုင်ငံက ကျောင်းအုပ်ဆရာတစ်ယောက်ကတော့ အဲဒီလို စိတ်ဖိစီးမှုများပြားနေတဲ့ မိဘဖြစ်သူတွေကို စာမေးပွဲရလဒ်အမှတ်တွေက ဘဝမဟုတ်ဘူးဆိုတဲ့ အကြောင်းကို စာထုတ်ပြီး ကျောင်းသားမိဘတွေဆီကို ဝေငှခဲ့ပါတယ်။

အင်တာနေရှင်နယ်အိန္ဒိယကျောင်းရဲ့ ကျောင်းအုပ်ဖြစ်သူ Zubair Ahmed Khan က အခုလို ကြေငြာချက်စာရေးပြီး ကျောင်းသားမိဘတွေဆီကို ပြောကြားခဲ့တာပါ။

EPD International Indian School

ကျောင်းအုပ်ကြီးZubair Ahmed Khan ရေးသားခဲ့တဲ့ စာထဲမှာတော့  ကျောင်းသားမိဘတွေကို အားပေးစကားပြောကြားခဲ့ပါတယ်။ စာထဲမှာတော့ ကျောင်းသားတွေရဲ့ စာမေးပွဲဟာ သိပ်မကြာခင်ဖြေဆိုရတော့မှာဖြစ်တဲ့အတွက် မိဘတွေအနေနဲ့ အခုအချိန်မှာ ဖိစီးမှုများနေမယ်ဆိုတာကို သူ သိကြောင်း၊ တစ်ခုသိစေချင်တာတစ်ခုက စာမေးပွဲခန်းအတွင်းမှာ ထိုင်နေတဲ့ ကျောင်းသားတွေထဲမှာ သချာင်္ကို နားလည်စရာမလိုတဲ့ အနုပညာရှင်ကျောင်းသားတွေလည်း ပါဝင်နိုင်ကြောင်း၊ သမိုင်းနဲ့ အင်္ဂလိပ်ဘာသာစကားကိုဂရုစိုက်စရာမလိုတဲ့ စွန့်ဦးတီထွင်သူတွေလည်း ပါဝင်ကြောင်း၊ ဓာတုဗေဒအကြောင်းကို သိနားလည်စရာမလိုတဲ့ တေးဂီတပညာရှင်တွေလည်း ပါဝင်ကြောင်း၊ ရူပဗေဒထက် ကိုယ်ခန္ဓာကြံခိုင်မှုကိုပိုအလေးထားတဲ့ အားကစားသမားတွေလည်း ပါဝင်ကြောင်း ရေးသားထားခဲ့ပါတယ်။

EPD International Indian School

တကယ်လို့ ကိုယ့်ရဲ့ သားသမီးဖြစ်သူဟာ စာမေးပွဲမှာ အမှတ်ကောင်းကောင်းရခဲ့ရင် ချီးကျူးစရာဖြစ်ပေမယ့် အမှတ်နည်းနည်းသာ ရခဲ့ရင်တော့ ကလေးတွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာကို မဖျက်ဆီးစေလိုကြောင်း၊ ကျရှုံးခဲ့ရင် ဘာမှမဖြစ်ပါဘူး၊ ဒါ စာမေးပွဲတစ်ခုပါလို့ သူတို့ကို ပြောလိုက်စေချင်ကြောင်း၊ ဘဝမှာ စာမေးပွဲထက်ပိုအရေးကြီးတဲ့ အရာတွေ များစွာ ရှိနေသေးကြောင်း၊သူတို့ ရမှတ်ဘယ်လောက်ရရ သူတို့ကို ခင်ဗျားတို့ ချစ်မြတ်နိုးသေးကြောင်းကို ပြောပြလိုက်ပါ လို့ လည်းစာထဲမှာ ရေးသားထားခဲ့ပါတယ်။ 

စာမေးပွဲမှာ အမှတ်နည်းလို့ သူတို့ရဲ့ အိပ်မက်ကလေးတွေနဲ့ စွမ်းဆောင်ရည်တွေဟာ မပျက်စီးသွားကြောင်းကို သတိပေးလိုက်ပါလို့ ကျောင်းအုပ်ဆရာကြီးက တိုက်တန်းခဲ့ပါသေးတယ်။ကျောင်းအုပ်ဆရာကြီးရဲ့ အခုလို ထုတ်လိုက်တဲ့ ကြေငြာချက်စာအပေါ်မှာတော့ လူပေါင်းများစွာက ကျောင်းအုပ်ဆရာကြီးကို ထောက်ခံခဲ့ကြကြောင်း သိရပါတယ်။

wikimedia commons
wikimedia commons

လူမှုကွန်ရက်ပေါ်က comment တွေမှာတော့ “အိန္ဒိယနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီလိုကိစ္စမျိုးတွေဟာ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ရှိသင့်ပါတယ်” ၊ “အာရှနိုင်ငံတွေရဲ့ ကျောင်းပညာရေးက နည်းနည်းရက်ရက်စက်စက်နိုင်တယ်။ ဒီလို ဆရာကြီးစာထုတ်လိုက်တာဟာ တစ်စုံတစ်ယောက်ကို ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာစိတ်ခံစားမှုကို တွေးတောမိစေမှာပဲ” စသဖြင့် ဆရာကြီးကို ချီးကျုးထားကြပါတယ်။

READ
ညီလေးအတွက် ကိုယ်တိုင် Power Bank ဖန်တီးပေးခဲ့တဲ့ ၁၃ နှစ်သားလေး

Ye Yint Kyaw

SHARE