သင့်အိပ်မက်ကပြောနေတဲ့ သင့်ကျန်းမာရေးအကြောင်း

pexels/Karyme França

မကြာသေးခင်ကပြုလုပ်တဲ့သုတေသနတစ်ခုမှာ အိပ်မက်တွေနဲ့ သူငယ်ပြန်ရောဂါဟာ ဆက်စပ်နေတယ်ဆိုပြီး တွေ့ရှိထားပါတယ်။ အဆိုပါ သုတေသနကို American Academy of Neurology ရဲ့နှစ်စဉ်ကျင်းပတဲ့ အစည်းအဝေးမှာတင်ပြခဲ့တာပါ။ သုတေသနမှာတော့ အိပ်စက်ချိန်မူမှန်တဲ့ရောဂါ REM sleep behavior disorder ခံစားနေရသူတွေဟာ ဦးနှောက်ထဲ ပရိုတိန်းအစုအဝေးပေါ်လာပြီး ဦးနှောက်ရဲ့လုပ်ဆောင်ရည်ကို အနှောင့်အယှက်ပေးတဲ့ Lewy body dementia ခေါ် မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါမျိုးရလာနိုင်တယ် ဆိုပါတယ်။

အချို့ပညာရှင်တွေကတော့ အိပ်မက်တွေဟာ ကင်ဆာဝေဒနာကိုတောင်ကြိုတင်ခန့်မှန်းနိုင်ပြီး TB ရောဂါ၊ နှလုံးရောဂါမျိုးတွေကိုလည်း သတိပေးတာမျိုးလုပ်နိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ဒါပေမဲ့လည်း အိပ်မက်ထဲမှာ ဘယ်လိုသင်္ကေတမြင်ရင် ဘယ်လိုကျန်းမာရေးလက္ခဏာနဲ့ ပတ်သက်နေတယ်ဆိုပြီး အတိအကျအဓိပ္ပါယ်ပြန်ထားတဲ့ သိပ္ပံစမ်းသပ်ချက်တွေကတော့ နည်းပါးနေပါသေးတယ်။

pexels/cottonbro

Mayo Clinic အရ သင်ဟာ ဖျားနေတဲ့အခါ အိပ်မက်ဆိုးတွေကိုဖိတ်ခေါ်နိုင်တယ်ဆိုပါတယ်။ စိတ်ဖိစီးမှုများနေတဲ့အခါမှာလည်း အိပ်မက်တွေမက်နိုင်ပါတယ်။ တစ်ခါတစ်လေ စိတ်ဖိစီးမှုတွေက အိပ်ရာထဲထိတောင် လိုက်ပါလာနိုင်ပါတယ်။ ဒီလိုဖိစီးမှုတွေဟာ လေယာဉ်မမှီတော့တာ၊ ရေလှိုင်းကြီးတက်လာတာ စသဖြင့် ပုံစံအမျိုးမျိုးဆောင်ကာ အိပ်မက်ထဲဝင်လာနိုင်ပါတယ်။ အချို့ကလည်း စိတ်ဖိစီးမှုကြောင့်မက်တဲ့အိပ်မက်တွေဟာ သင့်ကို ဘယ်အရာက အမှန်တကယ်စိတ်အနှောင့်အယှက်ပေးနေလဲဆိုတာ ဖော်ပြနိုင်တဲ့အတွက် တကယ်တော့ လူအတွက် အထောက်အကူဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

READ
တီဗီကြည့်နေရင်း ခြေထောက်တွေကျင်လာရာက အောက်ပိုင်းသေသွားတဲ့အမျိုးသမီး

ဆီးချိုဝေဒနာသည်တွေဟာလည်း သွေးထဲမှာ စိုးရိမ်စရာကောင်းလောက်အောင် အချိုဓာတ်ထိုးဆင်းသွားတဲ့အခါ အိပ်မက်ဆိုးတွေမက်တတ်ပါတယ်။ အင်ဆူလင် ဒါမှမဟုတ် တချို့သောဆေးဝါးတွေကို အများကြီးမှီဝဲမိတဲ့အခါ အခုလိုဖြစ်တတ်ပါတယ်။ ဆီးချိုဝေဒနာရှင်လူအများစုကတော့ အိပ်မက်ဆိုးတွေက ဒီအကြောင်းကိုအသိမပေးခင်မှာပဲ သွေးအချိုဓာတ်လျော့နည်းတဲ့လက္ခဏာတွေကို သိရှိတတ်ကြပါတယ်။

pexels/Jonathan Borba

အမျိုးသမီးတွေဟာလည်း ကိုယ်ဝန်ဆောင်ထားတဲ့အချိန်မှာ ထူးခြားတဲ့အိပ်မက်တွေ၊ ထင်ထင်ရှားရှားအိပ်မက်တွေ အများကြီးမက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ မက်တဲ့အိပ်မက်တွေဟာ နှစ်လိုဖွယ်ဖြစ်စရာမလိုပါဘူး။ ထူးဆန်းတာ ဒါမှမဟုတ် စိတ်မကောင်းစရာ ဝမ်းနည်းစရာအိပ်မက်တွေကိုမက်တဲ့ မိခင်လောင်းတွေဟာ ကလေးမွေးပြီးနောက် ခံစားရတဲ့စိတ်ကျဝေဒနာတွေကို ခံစားရနိုင်ခြေနည်းပါးကြောင်းလည်း အစ္စရေးသုတေသနတစ်ခုက ဆိုထားတဲ့အကြောင်း huffpost သတင်းအရ သိရပါတယ်။

ShweMom

SHARE