နားရက်လေးတွေမှာ ငွေကုန်ကြေးကျနည်းနည်းနဲ့ ဒီလိုမျိုးလေး အနားယူလိုက်ပါ။

နားရက်တွေဟာ နေ့စဉ်ရက်ဆက် စိတ်ရောကိုယ်ပါ ပင်ပင်ပန်းပန်း ဖြတ်သန်းထားရသူတွေအတွက် ရွှေလိုပဲ အဖိုးတန်တဲ့ အချိန်မျိုးပါ။ ပင်ပန်းထားသမျှတွေကို ဖြေဖျောက်၊အနားယူနိုင်ဖို့အတွက် တစ်ချို့က ခရီးတွေသွားကြပါတယ်။ တစ်ချို့ကတော့ Spa လိုနေရာမျိုးတွေမှာ ဇိမ်ခံရင်း စိတ်ဖိစီးမှုမှန်သမျှကို ပြန်လည်ကုစားကြပါတယ်။ ဒါပေမယ့် အားလပ်ရက်ရဲ့ ရေပန်းစားတဲ့ အပန်းဖြေနည်းအများစုဟာ ငွေကုန်ကြေးကျလည်း အတော်လေးများပါတယ်။ နားရက်တွေရလာပြီမို့ ပျော်နေပေမယ့် အပန်းဖြေ၊အနားယူဖို့အတွက် ပိုက်ဆံများများစားစား သုံးဖို့အဆင်မပြေလို့ စိတ်ညစ်ကြရသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ငွေကုန်ကြေးကျလည်း သက်သာပြီး စိတ်ရောကိုယ်ပါ ပင်ပန်းထားသမျှကို ပြေပျောက်စေမယ့် နည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

စာဖတ်ပါ။

အခုခေတ်မှာ အများစုမှာ လက်ထဲမှာအသင့်ရှိနေတဲ့ မိုဘိုင်းလ်ဖုန်းတွေနဲ့သာ အချိန်ကုန်တာ များလာတဲ့အတွက် စာအုပ်ဖတ်ရတဲ့ ဇိမ်ကျတဲ့အရသာကို မေ့တေ့တေ့ ဖြစ်နေကြပါပြီ။ ဒါပေမယ့် အားလပ်ရက်ရတဲ့အခါ အေးအေးလူလူနဲ့ လေ၀င်လေထွက်ကောင်းတဲ့ နေရာလေးမှာ ကိုယ်ကြိုက်တဲ့စာအုပ်ကလေးနဲ့ ငြိမ့်ရတာလောက် စိတ်ချမ်းသာစရာကောင်းတဲ့အရာ မရှိပါဘူး။ ကိုယ့်အိမ်က အိပ်ရာလေးပေါ်မှာ လှဲလျောင်းရင်းဖတ်နိုင်သလို၊ ပန်းခြံထဲက အရိပ်ကောင်းတဲ့နေရာမှာ၊ ဒါမှမဟုတ် လူရှင်းတဲ့ နားအေးပါးအေး ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ စာအုပ်လေးဖတ်ရင်း အချိန်ကုန်ဆုံးရတာဟာ လုပ်ဖူးကြည့်ပြီးသွားရင် ဘာနဲ့မှမလဲနိုင်တဲ့ စိတ်အေးချမ်းသာမှုဆိုတာ လက်ခံနိုင်ပါလိမ့်မယ်။ ငွေကုန်ကြေးကျ သက်သာသလို စာအုပ်စာပေ ဖတ်ရှုလို့ရရှိလာတဲ့ အကျိုးကျေးဇူးတွေကလည်း ကိုယ့်ဘ၀အတွက် အကျိုးရှိသေးတာမို့ ဒီနည်းလေးကတော့ အကောင်းဆုံး အပန်းဖြေနည်းတစ်ခုပါပဲ။

DIY လေးတွေ စမ်းလုပ်ကြည့်ပါ။

DIY ဆိုတာ Do It Yourself ရဲ့ အတိုကောက်စကားလုံးဖြစ်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင်စိတ်ကူးစိတ်သန်းနဲ့ တီထွင်ပြုလုပ်တာကို ခေါ်ပါတယ်။ အများစုကတော့ ကိုယ့်အိမ်မှာ ရှိပြီးသားပစ္စည်း၊အသုံးအဆောင်ဟောင်းတွေကို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ နောက်ထပ်ပစ္စည်းအသစ်တစ်ခု ဖြစ်လာအောင် ပြုလုပ်တာမျိုးပါ။ ဥပမာ – ရေသန့်ဘူးခွံတွေကို မီးအိမ်လှလှလေးဖြစ်အောင်လုပ်တာ၊ ကားတာယာအစုတ်တွေကို ထိုင်ခုံလေးတွေလုပ်တာစသဖြင့် အမျိုးစုံ ရှိပါတယ်။ အိမ်ခန်းအတွင်းပိုင်းအလှဆင်တာမျိုးကနေ မီးဖိုချောင်သုံးပစ္စည်းလေးတွေနဲ့ လှပတဲ့ဥယျာဉ်လေးတစ်ခု ဖန်တီးတာအထိ ပြုလုပ်နိုင်ပါတယ်။ ဒါလေးတွေဟာ စိတ်လည်းငြိမ်ပြီး ကိုယ့်ရဲ့တီထွင်ဖန်တီးမှုစွမ်းရည်ကိုလည်း တိုးတက်စေလို့ အားတဲ့အချိန်မှာ လုပ်သင့်တဲ့အရာလေးတစ်ခု ဖြစ်ပါတယ်။ အခုမှစလုပ်ကြည့်ချင်လို့ အိုင်ဒီယာလေးတွေ သိချင်တယ်ဆိုရင်တော့ DIY နဲ့ ပတ်သက်တာလေးတွေကို တီဗီချန်နယ်တွေကလည်း ထုတ်လွှင့်နေတာကြောင့် အလွယ်တကူပဲ လေ့လာနိုင်ပါလိမ့်မယ်။

READ
အသားအရေကို ပျက်စီးစေတဲ့ အကျင့်ဆိုးများ

စားနေကျ မဟုတ်တာလေးတွေ ချက်ကြည့်ပါ။

ဒါကတော့ ချက်ရ၊ပြုတ်ရတာ ၀ါသနာပါသူတွေနဲ့ အားတဲ့အချိန်လေးမှာ ကိုယ်ချစ်ခင်ရသူတွေကို စားကောင်းသောက်ဖွယ် အထူးအဆန်းလေးတွေ ချက်ကျွေးချင်သူတွေအတွက် အဆင်ပြေပါလိမ့်မယ်။ မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်တယ်ဆိုတာဟာ ၀ါသနာမပါသူအဖို့ ပင်ပန်းကောင်း ပင်ပန်းနိုင်ပေမယ့် ၀ါသနာပါသူအတွက်ဆိုရင်တော့ ကိုယ့်ရဲ့တီထွင်ဆန်းသစ်မှုကို ချစ်ခြင်းမေတ္တာနဲ့ ရောစပ်ပြသနိုင်တဲ့ အကောင်းဆုံးသော နေရာတစ်ခုဖြစ်ပါတယ်။ နေ့တိုင်းစားနေကျ ပုံစံမျိုးမဟုတ်ဘဲ အသစ်အဆန်းနဲ့ စားကောင်းတဲ့ဟင်းမျိုးလေးတွေ ချက်ကြည့်ခြင်းအားဖြင့် အရသာကောင်းသွားရင်လည်း အမြတ်ထွက်သလို တစ်ခုခု မှားယွင်းလို့ အရသာမကောင်းခဲ့ရင်လည်း မိသားစုကြားထဲမှာ ပျော်ရွှင်စရာ အမှတ်တရ အလွဲလေးတွေ ကျန်ခဲ့မှာမို့ ရင်ခုန်စရာလေးပါ။

တီဗီကြည့်ပါ။

ငွေကုန်ကြေးကျ အသက်သာဆုံးနဲ့ စိတ်ဖိစီး၊ပင်ပန်းထားသမျှတွေကို အလွယ်ကူဆုံး ဖြေဖျောက်ပေးနိုင်မယ့် အိုင်ဒီယာတစ်ခုကတော့ တီဗီကြည့်တာပါပဲ။ အပြင်တွေလည်း လျှောက်မသွားချင်ဘူး၊ ပိုက်ဆံကိုလည်း ချွေတာချင်တယ်ဆိုသူတွေအတွက် အကောင်းဆုံးသော အားလပ်ရက် အပန်းဖြေနည်းတစ်ခုလို့ ပြောလို့ရပါတယ်။ ကိုယ့်ရဲ့အကြိုက်၊ စိတ်ခံစားချက်ပေါ် မူတည်ပြီး ကြိုက်တဲ့ အစီအစဉ်၊ ဇာတ်ကားတွေကို အေးအေးလူလူ ကြည့်ရှုလိုက်ရတဲ့ အရသာလောက် ဇိမ်ကျတာ မရှိပါဘူး။ နားရက်ကို အိမ်တွင်းပုန်းပြီး တီဗီလေးပဲ ကြည့်နေတော့မယ်လို့ ဆုံးဖြတ်ထားသူတွေအတွက် လောလောဆယ်မှာလည်း တော်တော်လေး တွက်ချေကိုက်တဲ့ ပရိုမိုးရှင်းတစ်ခု ရှိနေပါတယ်။ သီတင်းကျွတ်အခါသမယကို ကြိုဆိုတဲ့အနေနဲ့ CANAL+ ရုပ်သံလိုင်းကနေ ပရိုမိုးရှင်းတွေ ချပေးနေပါတယ်။ ဒါ့အပြင် မြန်မာသရုပ်ဆောင်အသစ်တွေနဲ့ ကွဲထွက်တဲ့ တင်ဆက်မှုကို ပြသထားတဲ့ Toxic – အဆိပ်သွေးရုပ်သံဇာတ်လမ်းတွဲ၊ ၀ိဥာဉ်လောကနဲ့ လူသားတို့ကြားက ချစ်ခြင်းမေတ္တာကို ပြသထားတဲ့ “ချစ်ခြင်းရေစက်”ကိုရီးယားစီးရီးအသစ်သာမက လက်ဝှေ့ပြိုင်ပွဲ၊ ကမ္ဘာ့အလှဆုံးနေရာတွေမှာ အရသာအရှိဆုံး အစားအစာတွေကို နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ချက်ပြုတ်ပြတဲ့အစီအစဉ်၊ တ၀ါးဝါး တဟားဟားရယ်ရမယ့် ဟာသအစီအစဉ်ကောင်းများစွာကို သီတင်းကျွတ်အားလပ်ရက်ကာလမှာ တိုက်တိုက်ဆိုင်ဆိုင် ထုတ်လွှင့်ပေးမှာဖြစ်တဲ့အတွက် ရွေးချယ်စရာ တော်တော်လေး များပါတယ်။

READ
အသားအရေပျက်စီးမှုနဲ့ပတ်သက်ပြီး မိန်းကလေးတိုင်း သိထားသင့်တဲ့ အချက်များ

ပရိုမိုးရှင်းဈေးနှုန်းတွေကတော့ …

DTT

Decoder only : ၁၄၀၀၀ ကျပ်  (ယခင် ၄၄၀၀၀ ကျပ်)

Full Equipment : ၂၄၀၀၀ ကျပ် (ယခင် ၅၄၀၀၀ ကျပ်)

DTH

Decoder only : ၁၄၀၀၀ ကျပ်

Full Equipment : ၂၄၀၀၀ ကျပ်  (ယခင် ၅၄၀၀၀ ကျပ်)

Full Equipment မှာ Decoder စက် + အင်တာနာ (သို့မဟုတ်) စလောင်း ပါဝင်ပါတယ်။ ပရိုမိုးရှင်းကာလကတော့  စက်တင်ဘာလ (၁၅)ရက်မှ အောက်တိုဘာလ (၂၃)ရက်နေ့အထိ ဖြစ်ပါတယ်။ ပရိုမိုရှင်း ခံစားခွင့်ကတော့ ရှယ်၊ ထူးရှယ် Package နှစ်မျိုးလုံးအတွက် အကျုံးဝင်ပါတယ်။

ကဲ .. ဒါဆိုရင်တော့ နားရက်လေးတွေမှာ အကုန်အကျ သက်သက်သာသာနဲ့ ဇိမ်ကျလိုသူတွေအတွက် အကြိုက်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ အားလပ်ရက်လေးတွေမှာ တန်ဖိုးရှိတဲ့ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

Sponsored by CANAL+

SHARE