ထိုင်းဘုရင်အသစ်စက်စက်ကို အားရပါးရ ကြိုဆိုနေကြတဲ့ ဘန်ကောက်မှ ပုံရိပ်များ

အပူချိန်ဟာ ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံတို့အပါအဝင် နိုင်ငံတော်တော်များများမှာ တော်တော်လေးမြင့်တက်လျက်ရှိနေပါတယ်။ နေ့ခင်းအပူချိန်ဟာမြင့်လွန်းလို့ လမ်းမတွေပေါ်မှာဆိုလည်း လူသူအသွားအလာ နည်းပါးနေတာပါ။

EPA
EPA

သို့ပေမယ့်ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်ရဲ့လမ်းမထက်တွေမှာတော့ နတေတွခြစ်ခြစ်တောက်ပူနေတာကိုလည်း မမှုနိုင်ဘဲပြည်သူအများစုဟာ သူတို့ရဲ့ဘုရင်အသစ်ကိုကြိုဆိုနေခဲ့ကြပါတယ်။ တိုင်းခန်းလှည့်လည်တယ်လို့လည်းဆိုလို့ရပါတယ်။

EPA
EPA

ရွှေဝါရောင်ဝတ်စုံကိုဆင်မြန်းပြီး ရှေးဟောင်းချပ်ဝတ်တန်ဆာတွေနဲ့ ဘုရင်သစ် Vajiralongkorn ဟာ ပုလ္လင်ပေါ်မှာအခန့်သားထိုင်ကာ အောက်မှာလည်း မင်းကြီးမှူးမတ်တွေနဲ့အမှုထမ်းတွေဟာ ရှေးဟောင်းအဝတ်တန်ဆာတွေနဲ့ လိုက်ပါလာခဲ့ကြပါတယ်။ တချို့သောအရာရှိများနဲ့ဝန်ကြီးတွေကတော့ ယနေ့ခေတ်ယူနီဖောင်းနဲ့သာလိုက်ပါလာခဲကြတာပါ။

EPA
EPA
EPA

လူအုပ်ကြီးဟာ ဘုရင်သစ်ကိုကြိုဆိုတဲ့အနေနဲ့ ထိုင်းနိုင်ငံရဲ့ထုံးစံအဝါရောင်အင်္ကျီတွေကိုဝတ်ဆင်ရင်း လမ်းမတွေရဲ့တစ်ဖက်တစ်ချပ်ဆီမှာ မတ်တပ်ရပ်ကာအားပေးခဲ့ကြတာပါ။ ရာထက်မနည်းတဲ့လူအုပ်ကြီးဟာ ပူပြင်းလှတဲ့ရာသီဥတုကြီးကိုတောင် သတိရပုံမပေါ်ကြဘဲ အပြုံးတွေနဲ့အားတက်သရောကြိုဆိုခဲ့ကြတာကိုကြည့်ရင် ကြက်သီးထဖွယ်ရာအတိပါပဲ။

Penny

SHARE