ကမ္ဘာ့အထူးခြားဆုံး သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ

သင်ဟာ ခရီးသွားစွန့်စားမှုတွေကို ကြိုက်နှစ်သက်သူတစ်ဦးလား။ ဒါဆိုရင်တော့ အရမ်းကို မိုက်ပြီး ထူးခြားတဲ့ အသည်းအေးဖွယ် သယ်ယူပို့ဆောင်ရေး ခရီးသွားလမ်းကြောင်းတွေကို Shwemom ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ ရေလမ်း၊ လေလမ်း၊ ကုန်းကြောင်းလမ်းတွေ အကုန်ပါတယ်နော်။

Maeklong ရထားလမ်း၊ ထိုင်းနိုင်ငံ

မြင်မြင်ချင်းမှာ ပုံမှန်ဈေးကို ဖြတ်ရတဲ့ လမ်းကြောင်းလိုထင်ရပေမယ့် သေချာကြည့်လိုက်မယ်ဆိုရင်တော့ ဈေးက ရထားလမ်းပေါ်မှာ လုံးဝတည်ထားတာပါ။ ရထားနီးလာလို့ ခရာမှုတ်အချက်ပြရင် ရထားလမ်းပေါ်က ဈေးဆိုင်တွေ ရွှေ့ကြပြီး ရထားဖြတ်ပြီးသွားရင်တော့ ဈေးဆိုင်တွေ ပြန်ခင်းကြပါတယ်။

Princess Juliana အပြည်ပြည်ဆိုင်ရာလေဆိပ်

လေယာဉ်ဆင်းသက်ဖို့ ပုံမှန်ပြေးလမ်းဟာ အနည်းဆုံး ပေ (၈၀၀၀) ရှည်ရမှာ ဖြစ်ပေမယ့် Princess Juliana လေဆိပ်ကတော့ (၇၄၅၆) ပေသာ ရှည်ပြီး ကမ္ဘာ့အကြီးဆုံးလေယာဉ်တွေတောင် ၄င်းလေဆိပ်မှာ ဆင်းသက်ကြပါတယ်။ လေယာဉ်ဆင်းသက်ဖို့ ကမ်းခြေတစ်ခုနဲ့ ခြံစည်းရိုးတစ်ခုကို အန္တရာယ်များစွာ ဖြတ်သန်းရပါသေးတယ်။

သေမင်းတမန်ရထားလမ်း၊ ထိုင်းနိုင်ငံ

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ကန်ချနာပူရီမြို့မှာ တည်ရှိပြီး ထူထပ်လှတဲ့ တောအုပ်ထဲမှာ ဂျပန်ခေတ်က တည်ဆောက်ခဲ့တဲ့ ရထားလမ်းဖြစ်ပါတယ်။ ရထားလမ်းဆောက်လုပ်နေစဉ် မြို့ခံလုပ်သား (၉) သောင်းကျော်နဲ့ စစ်သုံ့ပန်း (၁) သောင်းကျော် သေဆုံးခဲ့တဲ့အတွက် သေမင်းတမန်ရထားလမ်းလို့ ခေါ်ဆိုရခြင်းဖြစ်ပါတယ်။

READ
ကမ္ဘာ့အရက်စက်ဆုံး ဇနီး(၆)ယောက်

Gisborne လေဆိပ်၊ နယူးဇီလန်နိုင်ငံ

လေယာဉ်ဆင်းသက်တဲ့ ပြေးလမ်းပေါ်မှာ ရထားလမ်းဆောက်ထားတဲ့ တစ်ခုတည်းသော လေဆိပ်ပါ။ ရထားလမ်းပေါ်မှာလည်း ရထားတွေ တစ်နေ့လုံးပြေးဆွဲနေပြီး လေယာဉ်နဲ့ ရထားမတိုက်မိအောင် သက်ဆိုင်ရာ အာဏာပိုင်တွေက သေချာအာရုံစိုက်ကာ ကြီးကြပ်ကြရပါတယ်။

Guoliang လိုဏ်ဂူလမ်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ

(၁၆) ပေအမြင့်မှာ (၁၃) ပေအကျယ်သာ ရှိတဲ့ ဒီလမ်းဟာ ဟွေရှန်ဒေသမှာတည်ရှိပြီး (၁၉၇၀) ခုနှစ်ဝန်းကျင်ခန့်က ရွာသား (၁၃) ယောက်တည်ဆောက်ခဲ့တဲ့ လမ်းဖြစ်ပါတယ်။ အမှားမခံတဲ့လမ်းလို့ အဓိပ္ပာယ်ရပြီး ကမ္ဘာ့အန္တရာယ်အများဆုံး လမ်းများထဲမှ တစ်လမ်းဖြစ်ပါတယ်။

ဂုတ်ထိပ်တံတား၊ ရှမ်းပြည်နယ်

ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အလှပဆုံး ရထားလမ်းတံတားတစ်ခုဖြစ်ပါတယ်။ မီတာ (၁၀၀) မြင့်မားပြီး (၇၀၀) မီတာ ရှည်တဲ့ တံတားပေါ်မှ ရင်သပ်ရှုမောဖွယ် သဘာဝရှုခင်းကို တွေ့မြင်ခံစားရမှာဖြစ်ကာ မန္တလေးမြို့မှ လားရှိုးမြို့သို့ နေ့စဉ် ရထားခရီးစဉ်များလည်း ပြေးဆွဲလျက်ရှိပါတယ်။

 

READ
ကမ္ဘာတစ်ဝန်းက ထူးခြားဆန်းပြားတဲ့ Spa Treatments များ

Zoji La လမ်း၊ အိန္ဒိယနိုင်ငံ

Ladakh မြို့ခံတွေအတွက် တခြားနေရာများနဲ့ ဆက်သွယ်ပေးတဲ့ တစ်ခုတည်းသော မရှိမဖြစ်လမ်းကြောင်းဖြစ်ပါတယ်။Kashmir နဲ့  Ladakh ကို ဆက်သွယ်ထားတဲ့ လမ်းဟာ (၃၅၂၈) မီတာအမြင့်ကနေ တောင်ကို ကွေ့ပတ်ကာ တည်ဆောက်ထားတာဖြစ်ပြီး တစ်ဖက်မှာ တောင်နံရံသာရှိပြီး ကျန်တစ်ဖက်မှာတော့ ဘာအကာအရံမှ မရှိပါဘူး။

White (Shwemom)

Source: Bright Side, Wikipedia

SHARE