(၂၀)ရာစုမတိုင်မီက မှတ်တမ်းအဖြစ် ထားရှိခဲ့တဲ့ သေဒဏ်စီရင်ပုံများ

သေဒဏ်စီရင်တာကို ယခုခေတ်လူတွေကတော့ ဘယ်သူကမှ ကြည့်ချင်ကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် (၂၀)ရာစု မတိုင်ခင်တုန်းကတော့ သေဒဏ်စီရင်တာကို ဒေသခံအစိုးရတွေ၊ သက်ဦးဆံပိုင်ဘုရင်တွေက အခမ်းအနားတွေနဲ့အတူ ကျင်းပလေ့ရှိပြီး ပြည်သူပြည်သားတွေက တကူးတက သွားရောက်ကြည့်ရှုကြပါတယ်။

အင်္ဂလန်မှာ (၁၇)ရာစု မတိုင်ခင်ကအထိ သေဒဏ်ကျခံရတဲ့ အကျဉ်းသားတွေကို စီရင်တဲ့အခါ အခကြေးငွေပေးပြီး ကြည့်ကြတဲ့အထိ ထွန်းကားခဲ့ပါတယ်။ ဒါကြောင့် ဖော်ပြထားတဲ့ ဓာတ်ပုံတွေဟာ ယခုခေတ်မှာ အများဝေဖန်စရာဆိုပေမယ့် အင်္ဂလန်အခြေစိုက် Mirror သတင်းဌာနက ဗဟုသုတအလို့ငှာ ပြန်လည်ဖော်ပြပေးခဲ့ပါတယ်။ ဒါကို Shwemom ပရိသတ်ကြီးထံ ဗဟုသုတအတွက် ရည်ရွယ်ပြီး တစ်ဆင့်ပြန်လည် လက်ဆင့်ကမ်းခြင်းပါ။

(၁) ၁၈၆၅ ခုနှစ် အမေရိကန်ပြည်တွင်းစစ်မှာ ကပ္ပတိန် Henry Wirz ကို ကြိုးပေးကွပ်မျက်စဉ်က

(၂) ၁၉၈၉ ခုနှစ် ချီလီနိုင်ငံ၊ Santiago မှာ ကျူးဘားအကျဉ်းသားတွေကို သေနတ်နဲ့ပစ်သတ်စီရင်ပုံ

(၃) ၁၉၀၁ က တရုတ်နိုင်ငံ၊ Tientsin မြို့ရင်ပြင်မှာ ရာဇဝတ်သားနှစ်ဦးကို ခေါင်းဖြတ်သတ်အပြီး

 

READ
ဖြစ်ရပ်မှန်တွေကိုသာ အခြေခံပြီး ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်များ

(၄) ၁၉၁၁ ခုနှစ်မှာ အီတလီစစ်သားများ အာရပ်သူလျှိုများကို ပစ်သတ်စဉ်

(၅) ၁၈၆၅ ခုနှစ်မှာ လင်ကွန်းကို လုပ်ကြံသူများအား သေဒဏ်မပေးမီ

(၆) အမေရိကန်ပြည်တွင်းစစ်အတွင်းဖမ်းမိတဲ့ စစ်သား William Johnson ကို ဗာဂျီးနီးယားမှာ ကွပ်မျက်အပြီး

(၇) တရုတ်နိုင်ငံ၊ Tientsin မှာ ရာဇဝတ်သားတွေကို ကွပ်မျက်ခံရပါက သုံးရက်အထိ အလောင်းကို ချိတ်ဆွဲပြသလေ့ရှိခဲ့ပါတယ်။ (၁၉၀၁ ခုနှစ်)

(၈) အမေရိကန် လူသတ်၊ မုဒိမ်းသမား George Meadows ကို လူတစ်စုက သေဒဏ်ပေးစဉ် (၁၈၈၉ ခုနှစ်)

(၉) ၁၉၀၁ ခုနှစ်က ဖိလစ်ပိုင် မနီလာမြို့အကျဉ်းထောင်မှာ အကျဉ်းသားတစ်ဦးကို သေဒဏ်ပေးစဉ်

(၁၀) ဂျပန်ကင်ပေတိုင် အင်ပါယာခေတ်က ပုန်ကန်သူတစ်ဦးအား ခေါင်းဖြတ်သတ်စဉ်

(၁၁) ၁၉၀၄ ခုနှစ်မှာ ပုန်ကန်သူများကို အစုလိုက်အပြုံလိုက် ပစ်သတ်ခဲ့သည့် ကျူးဘားနိုင်ငံ၊ Cabanas မြို့အကျဉ်းထောင်နံရံ

နတ်စည်တော် (Shwemom)

READ
ကြောက်စရာကောင်းပေမယ့် လူကိုဒုက္ခမပေးတဲ့သတ္တ၀ါများ

source : metro.co.uk

SHARE