Exercise ဘောလုံး (Gym ဘောလုံး) ကနေ ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးများ

Exercise Ball (Gym ဘောလုံး) ပေါ်မှာ ဘောလုံးခုန်တဲ့ လေ့ကျင့်ခန်းတွေဟာ အခုဆိုရင်တော့ Gym တွေမှာ လေ့ကျင့်ခန်း တစ်ခုအနေနဲ့ ထည့်သွင်းလာတာကို တွေ့ရပါတယ်။ Exercise Ball ကိုတော့ အားကစားပစ္စည်းအရောင်းဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူလို့ရပါတယ်။ ဘောလုံးဝယ်ပြီး အိမ်မှာပဲ ကိုယ့်ဟာကိုယ် လေ့ကျင့်ခန်းလုပ်လို့လည်း ရပါတယ်။ ဘောလုံးခုန်လေ့ကျင့်ခန်းတွေက ရလာမယ့် အကျိုးကျေးဇူးတွေထက် ဒီတစ်ခါမှာတော့ အဲ့ဒီ ဘောလုံးပေါ်မှာ ထိုင် ပေးရုံနဲ့ ရလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) နောက်ကျောညောင်းညာတာသက်သာစေ

shutterstock

ဘောလုံးက ထိုင်လိုက်တဲ့ အခါမှာ အရမ်းကြီး တင်းမာ နေတာမျိုး မရှိပါဘူး။ ပေါ့အိအိ ဒါပေမယ့် တွန်းကန်တဲ့ သဘော ရှိပါတယ်။ ဘောလုံးပေါ်မှာ သက်သောင့်သက်သာ ပေါ့ပေါ့ပါးပါးအနေအထားနဲ့ ထိုင်ပေးလိုက်ရုံနဲ့ နောက်ကျောဘက် ခြမ်း ညောင်းညာတဲ့ ခံစားချက်တွေကို သိသိသာသာ လျှော့ကျ သက်သာစေပါတယ်။ ဘောလုံးခုန် လေ့ကျင့်ခန်းပြီးသွားပြီ ဆိုရင် လည်း အဲ့ဒီဘောလုံးပေါ်မှာ နောက်ထပ် ငါးမိနစ် (၁၀)မိနစ်လောက် သက်သောင့်သက်သာ ဆက်ထိုင်ကြည့် ကြည့်ပါ။ ညောင်းညာတာတွေကို သက်သာစေပါတယ်။ exercise ball တွေက အသေ အငြိမ်တွေ မဟုတ်ပါဘူး။ ဒါကြောင့် အဲ့ဒီအပေါ်မှာ နေရင် ခန္ဓာကိုယ် အနေအထားကို သေချာ တည့်မတ် ဟန်ချက်ထိန်းပြီးမှ နေလို့ ရပါတယ်။ ဒီ အချက်ကြောင့် ကျောရိုးရဲ့ အနေအထားကို သေချာ တည့်မတ်စေလို့ အခုလို နောက်ကျော ဘက် ညောင်းညာတာေ တွကို သက်သာစေတာပါ။(TV ကြည့်ရင် ဘောလုံးပေါ်မှာ ထိုင်ကြည့်တာ၊အလုပ်လုပ်တဲ့ အခါမှာ ထိုင်ခုံထက် ဘောလုံး ကို အသုံးပြုလို့ရပါတယ်)

(၂)Body ရဲ့ ဟန်ချက်ကို ထိန်းပေးနိုင်

shutterstock

ခန္ဓာကိုယ်မှာ အဆီတွေ၊ကြွက်သားတွေ ဘယ်လောက်ရှိလဲ ခန္ဓာကိုယ်ရဲ့ အနေအထားတွေကို တွက်ချက် ဖော်ပြ ပေးနို င်တဲ့ Body Composition Analyzer စက်တွေကို Gym တော်တော်များများမှာ အသုံးပြုလာကြတာကို တွေ့ရပါ တယ်။အဲ့ဒီမှာဆိုရင် ကိုယ်ဟာ ဘက်ဖက်ခြမ်းကို ပိုအားပြုသူလား အဲ့ဒီလို ဆိုရင် ကိုယ့်ရဲ့ Body Shape အ နေ အ ထားဟာ ဘယ်ဖက်ခြမ်းကို စောင်းနေတာမျိုးတွေကို ဖော်ပြပေးလေ့ရှိပါတယ်။ညာဖက်ကို အားပြုတာများရင် ညာ ဖက်ြ ခမ်းကို တိမ်းစောင်းလာတာမျိုးရှိတတ်ပါတယ်။အဲ့ဒီလို ဟန်ချက်မညီမျှတဲ့ အနေ အထား တွေ ကို Exercise Ball က ဖြေရှင်းပေးနိုင်ပါတယ်။exercise ball တွေက အသေ အငြိမ်တွေ မဟုတ်ပဲ လုံးလုံးဝိုင်းဝိုင်းကြီးတွေ မို့ အဲ့ ဒီ အပေါ် မှာ ထိုင်ရင် ဟန်ချက်က လုံးဝ ညီမျှ နေမှ ဖြစ်မှာပါ။ဒါကြောင့် ဒီဘောလုံးတွေ ပေါ်မှာ အချိန် တော်တော် ကြာကြာ ထို င်ပေးခြင်းဟာ သင့်ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီမျှ မှုကို တိုးတက်စေသလို Body Shape က တစ်ဖက်ကို အားပြုတာ များလို့ ပုံစံ မမှန်တဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။

READ
အိပ်ခါနီးဝိုင်တစ်ခွက်သောက်ခြင်းက ကိုယ်အလေးချိန်လျော့ကျစေဟုပညာရှင်များဆို

(၃)ကယ်လိုရီကျစေ

shutterstock

ဒါကတော့ ဘောလုံးပေါ်မှာ ထိုင်တာထက် ဘောလုံးပေါ်မှာ ခုန်ပေးတာမျိုး လုပ်ပေးရင် ပိုထိရောက်စေပါတယ်။ဒါပေ မယ့် ဘောလုံးမခုန်ခင်မှာ လုပ်ရမှာ လေးတွေရှိပါတယ်။ဘောလုံးရဲ့ အောက်မှာ ယောဂကျင့်တဲ့ ဖျာ (သို့) နူးညံ့ တဲ့ အရာတစ်ခုခုကို ခင်းပေးထားပါ။ပြီးမှ ဘောလုံးပေါ်မှာ ထိုင်ပါ။ဖျာပေါ်မှာ ထောက်ထားတဲ့ ထြောက်ကို အားပြုပြီး ဘော လုံးပေါ်မှာ ခုန် ပေး ရမှာပါ။ဘောလုံးမှာက တွန်းကန်တဲ့ သဘောရှိတာမို့ စခုန်ခါစမှာ အားတွေ အရမ်းထည့်ပြီး ခုန်တာ မျိုး မလုပ် ပါနဲ့။နောက်ပိုင်းကယ့်ရဲ့ ဟန်ချက်ကို သေချာ ထိန်းနိုင်တယ်ဆိုရင်တော့ ခုန်လို့ရပါတယ်။ကယ်လိုရီ အများ ကြီး ကျစေပါတယ်။

(၄)သွေးလှည့်ပတ်မှု အားကောင်းစေ

နောက်ထပ် တစ်ချက်ကတော့ သွေးလှည့်ပတ်မှု အားကောင်းစေပါတယ်။ဘောလုံးပေါ်မှာ ထိုင်တာ အပြင် လူက လှဲ အိပ် ပြီး ဘောလုံးပေါ်မှာ ခြေထောက်တင်ထားတာမျိုးတွေ လည်း လုပ်လို့ရပါတယ်။ဒါကြောင့် ဘောလုံးပေါ်မှာ ထိုင်လိုက်၊ ခြေထောက်တင်ပြီး လှဲလိုက်၊အချိန်အားရင် အားသလို ခုန်ပေးလိုက်ရုံနဲ့ တခြားလေ့ကျင့်ခန်းတွေ လုပ်သ လိုပဲ သွေးလှည့်ပတ်မှု အားကောင်းစေတဲ့ အကျိုးကျေးဇူးကို ရရှိစေပါတယ်။

READ
ပက်ဆီကိုရေလိုသောက်ခဲ့တဲ့ဘ၀မှ  မမှတ်မိနိုင်အောင် ပြောင်းလဲသွားခဲ့တဲ့ သူမ

(၅)ဗိုက်ချပ်စေ

shutterstock

နောက်ထပ် ရစေမယ့် အကျိုးကျေးဇူးကတော့ ဗိုက်ချပ်စေတာပါ။ဘောလုံးကို သုံးပြီး ဗိုက်ချပ်အောင် လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ်။ဘောလုံးပေါ်မှာ လှဲအိပ်ပြီး အိပ်ထမတင်လုပ်တာမျိုး၊ဘောလုံးပေါ် မှောက် အိပ်ပြီး Body အပေါ်ပိုင်းကို မလိုက် ချ လိုက် လုပ်တာမျိုး ကဗိုက် သားကို အရမ်း ထိပါတယ်။ဘောလုံးနဲ့ လုပ်လို့ရတဲ့ ဗိုက်ချပ်လေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ်။

(၆)ဈေးသက်သာပြီး အစုံသုံးနိုင်

shutterstock

Gym သွားဖို့ အချိန်လုံးဝ မရပါဘူး၊အရမ်းပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ရတာ အဆင်မပြေပါဘူး ဆိုတဲ့ သူတွေ အတွက် အကောင်းဆုံး ပစ္စည်းတစ်ခုလို့ ပြောလိုရပါတယ်။အားကစားပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တွေ၊ဈေးဝယ် စင်တာ၊Shopping Mall တို့ မှာရှိတဲ့ အားကစား ပစ္စည်း တွေ ရောင်းတဲ့ ဆိုင်တွေ မှာ အလွယ် တကူ ၀ယ်လို့ ရပါ တယ်။ကယ်လိုရီလောင်ကျွမ်းချင်ရင် ဘောလုံးပေါ်မှာ ထိုင်ပြီးခုန်တာ ကတာတွေ လုပ်လို့ ရပါတယ်။နောက်ကျော ညောင်းညာ၊ခါးညောင်းတတ်သူတွေ အတွက် ထိုင်ခုံနေရာမှာ ဘောလုံးကို အစားထိုးပြီး ထိုင်လို့လည်း ရပါတ ယ်။ယောဂ ကျင့်တဲ့ နေရာမှာလည်း သုံးလို့ရပါတယ်။ဈေးနှုန်းကတော့ အရည်အသွေး ပေါ် မူတည်ပြီး အမျိုးမျိုး ရှိပါတယ်။တစ်သောင်းကျော် ၊နှစ်သောင်းဝန်းကျင်လောက်နဲ့ ၀ယ်ယူလို့ရပါတယ်။

#SHWEMOM

SHARE