အားကစားလုပ်ခြင်းဟာ ပိုက်ဆံထက်သင့်ကို ပိုပြီး ပျော်ရွှင်အောင်ပြုလုပ်ပေးနိုင်

Pixabay / StockSnap

ကမ္ဘာပေါ်မှာ လက်ရှိဖြစ်ပျက်နေတဲ့ အနေအထားတွေအရ ကျန်းမာရေးလိုက်စားမှုဟာ ပိုက်ဆံထက်ပိုပြီး သင့်ကို ပျော်ရွှင်မှုပေးနိုင်တယ်လို့ဆိုပါတယ်။ အားကစားလုပ်နေတဲ့ကာလဟာ သင့်စိတ်ကို ပိုပြီး လန်းဆန်းစေသလို၊ ခွန်အားတွေလည်းပိုရလာစေပါတယ်။ အားကစားနဲ့ပျော်ရွှင်ခြင်းကြားက ဆက်စပ်မှုတွေကို ကြည့်လိုက်ရအောင်။

အားကစားလေ့ကျင့်ခန်းတွေက သင့်ကို ၀င်ငွေပိုတိုးလာသလို ပျော်ရွှင်မှုပေးစွမ်းနိုင်ပါတယ်။

Yale နဲ့ Oxford တို့မှသုတေသီတွေက အမေရိကန်လူမျိုး(၁၂)သန်း ရဲ့ ကျားမ ၊ ၀င်ငွေ၊ အိမ်ထောင်ရေးနဲ့ ကျန်းမာရေးအခြေအနေ စတဲ့သူတို့ရဲ့နောက်ခံအကြောင်းတွေနဲ့ပတ်သက်ပြီး ခြုံငုံလေ့လာကြည့်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာတက်ကြွလှုပ်ရှားမှုနဲ့ ပျော်ရွှင်မှုဟာ တိုက်ရိုက်ဆက်စပ်လျှက်ရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

ကျန်းမာရေးအားကစားလေ့လာလိုက်စားသူဟာ ကျန်းမာရေးအားကစားမလိုက်စားသူထက် စိတ်ကျန်းမာရေး (၄၃)ရာခိုင်နှုန်း ပိုကောင်းသူတွေဖြစ်ကြတယ်လို့ဆိုပါတယ်။

ဒါပေမယ့် တစ်ခုသတိပေးချင်တာက လေ့ကျင့်ခန်းတွေပြုလုပ်တာဟာ ကောင်းတယ်ဆိုပေမယ့်လို့ နာရီပေါင်းများစွာ မရပ်မနား လိုအပ်တာထက်ပိုပြီး ပြုလုပ်တာကတော့ သင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် လိုအပ်တဲ့အကျိုးကျေးဇူးမရရှိစေဘဲ ဆန့်ကျင်ဘက်နည်းလမ်းကိုဖြစ်စေနိုင်တာမို့ အထူးသတိထားဖို့လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို ပုံမှန် တစ်ပတ်မှာ မိနစ်(၃၀)မှ(၆၀)ကြား ၊ ငါးကြိမ်လောက်ပြုလုပ်ပေးခြင်းဟာ အကောင်းဆုံးရလဒ်ကို ရရှိစေနိုင်တယ်လို့ သုတေသီတွေကဆိုပါတယ်။

Pixabay / StockSnap

အားကစားခြင်းတူနေရင်တောင် တစ်ချို့အားကစားနည်းတွေက သင့်ကိုပိုပြီး ပျော်ရွှင်စေ

READ
ကာတွန်းချစ်သူတွေ မဖြစ်မနေ အလည်တစ်ခေါက်တော့ သွားသင့်တဲ့ Tintin ပြတိုက်

အားကစားပြုလုပ်တာကောင်းမွန်တယ်ဆိုပေမယ့် အားကစားနည်းတွေထဲမှာတောင် တစ်ချို့သောအားကစားနည်းတွေက တစ်ခြားကစားနည်းထက် ပြုလုပ်သူတွေကို ပိုထိရောက်တဲ့ပျော်ရွှင်မှုပေးနိုင်တာတွေရှိပါတယ်။ အဲဒါကတော့ အဖွဲ့လိုက်အားကစားနည်းတွေဖြစ်ပါတယ်။ ဥပမာ အဖွဲ့လိုက်ကစားတဲ့ တင်းနစ်ကစားနည်းက တစ်ဦးတည်းလုပ်ရတဲ့ ရေကူးခြင်းထက် သင့်ကို ပျော်ရွှင်မှုအပိုင်းရော၊ ပေါင်းသင်းဆက်ဆံရေးအပိုင်းမှာပါ ပိုမိုကောင်းမွန်စေမှာပါ။ ရေကူးတာ၊ အေရိုးဗစ်ကစားတာနဲ့ စက်ဘီးစီးတာတွေဟာ တူညီတဲ့ကျန်းမာရေးအကျိုးကျေးဇူးရရှိတယ်ဆိုပေမယ့်လို့ အဖွဲ့လိုက်ကစားနည်းတွေလောက်တော့ ပျော်စရာမကောင်းပါဘူး။

Pixabay / Skitterphoto

ပုံမှန်မိနစ်(၂၀)လောက် အေရိုးဗစ်ကစားပါ။

Vermont တက္ကသိုလ်မှသုတေသီတွေရဲ့ နောက်ဆုံးလေ့လာချက်အရ၊  နေ့စဉ်ပုံမှန်အေရိုးဗစ် မိနစ်(၂၀)လောက်ကစားပေးခြင်းဖြင့် သင့်ရဲ့ စိတ်လွတ်လပ်ပျော်ရွှင်မှုကို အချိန်ကြာ အထောက်အကူပြုပေးနိုင်ပါတယ်။

လေးမိနစ်ကြာလမ်းလျှောက်ပေးခြင်းက သင့်ကိုသွေးပူစေပြီးတော့၊ တခြားအားကစားနည်းတွေဖြစ်တဲ့ ပခုံးပြင်လေ့ကျင့်ခန်း၊ လက်ဝှေ့ထိုးလေ့ကျင့်ခန်းနဲ့ ပုံမှာပြထားတဲ့လေ့ကျင့်ခန်းတွေဟာအကောင်းမွန်ဆုံး သွေးပူလေ့ကျင့်ခန်းတွေဖြစ်ပါတယ်။

သင့်အနေနဲ့ boxer shuffles, front kicksနဲ့ butt kicks လေ့ကျင့်ခန်းတွေကို တစ်နေ့ ငါးမိနစ်ကျော်ပြုလုပ်ပေးသင့်ပြီးတော့ front and back kick တွေကို (၂)မိနစ်ကျော်ကြာ၊ jumping ခုန်ခြင်းကို တစ်မိနစ်ပြုလုပ်ပေးပါ။ နောက်တစ်နေ့မှာလည်း ဒီနည်းလမ်းတွေအတိုင်း ပြန်လုပ်နိုင်သလို၊ နောက်နည်းလမ်းသစ်တွေကိုလည်း ကြိုးစားကြည့်စေချင်ပါတယ်။

Pixabay / tacofleur

နောက်ဆုံးပြုလုပ်ရမှာကတော့  တစ်မိနစ်ကြာ plank position ဖြစ်ပြီးတော့ ဒီကစားနည်းတွေဟာ သင့်ကျန်းမာရေးအတွက် အကျိုးကျေးဇူးကောင်းတွေအများကြီး ရရှိစေတဲ့နည်းလမ်းတွေဖြစ်ပါတယ်။

ဒါကြောင့် သင့်ပျော်ရွှင်ချင်ရင်၊ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိချင်ရင် မကြာခဏလေ့ကျင့်ခန်းပြုလုပ်ပေးသင့်ပါတယ်။ ဒါတွေဟာ သင် ပိုက်ဆံနဲ့ဝယ်ယူလို့ မရနိုင်တဲ့ အကျိုးကျေးဇူးကောင်းတွေဖြစ်တာမို့ ပြုလုပ်ဖို့တိုက်တွန်းလိုက်ပါတယ်။

Khaing

SHARE