တစ်ညတည်း ကြောင်မ(၅) ကောင်နဲ့ ပလူးပြီး ဂလူးကို့စ်တောင် သွင်းခဲ့ရတဲ့ ကြောင်ကြီး

asiawire

ကြောင်ကြီးတစ်ကောင်ဟာ တစ်ညတည်း အနည်းဆုံး ကြောင်မ (၅) ကောင်နဲ့ မိတ်လိုက်ခဲ့ပြီးတဲ့နောက် ဂလူးကို့စ်ဆေးသွင်းခဲ့ရကြောင်း dailymail သတင်းအရ သိရပါတယ်။ ၄င်းကြောင်ကြီးကို ရှောင်းပီလို့ခေါ်ပြီး Russian Blue အမျိုးအစား ကြောင်ကြီးတစ်ကောင်လည်း ဖြစ်ပါတယ်။ တစ်နေ့တော့ ရှောင်းပီရဲ့ သခင်လင်မယား မစ္စတာနဲ့ မစ္စစ်ကျန်းတို့က သူ့ကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံးပြည်နယ်က အိမ်မွေးတိရစ္ဆာန်ဟိုတယ်တစ်ခုမှာ ထားခဲ့ပါတယ်။

မစ္စတာကျန်းဟာ ရှောင်းပီကို ဟိုတယ်မှာ မထားသွားခင် ရှောင်းပီက သင်းကွပ်ထားတဲ့ကောင်မဟုတ်ဘူးဆိုတာ ၀န်ထမ်းကို ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ညရောက်တဲ့အခါမှာတော့ ဟိုတယ်ဝန်ထမ်းဟာ ရှောင်းပီအပါအ၀င် အခြားကြောင်တွေအားလုံးကို လှောင်အိမ်တံခါးဖွင့် လွှတ်ပေးထားပြီး သူလည်း အလုပ်သိမ်းအိမ်ပြန်သွားပါတယ်။ နောက်တစ်နေ့မနက်ရောက်လို့ မစ္စတာကျန်းက သူ့ကြောင်ရှောင်းပီကို ပြန်လာခေါ်တဲ့အခါမှာတော့ ကြောင်ကြီးက တော်တော်ပြိုင်းပြီး အားကုန်နေတာ တွေ့လိုက်ရလို့ စီစီတီဗီကို စစ်ကြည့်ခဲ့ပါတယ်။ ဒီအခါကျမှ တစ်ညလုံးသောင်းကျန်းနေတဲ့ ရှောင်းပီကို စီစီတီဗီထဲ တွေ့လိုက်ရတာ ဖြစ်ပါတယ်။

READ
တွေ့နေမြင်နေကျ ပစ္စည်းတွေကို အိုင်ဒီယာအလန်းတွေနဲ့ ဖန်တီးလိုက်တဲ့အခါ...
asiawire

မစ္စတာကျန်းက “ဟိုတယ်ဝန်ထမ်းတွေက အလုပ်ကို ဘယ်လိုလုပ်လဲမသိဘူး။ နေ့ခင်းပိုင်းမှာ ရှောင်းပီကို အစာမကျွေးဘူး။ ညဘက်ကျတော့ သူ့ဘာသာသူ သွားချင်ရာသွားဆိုပြီး လွှတ်ထားတယ်။ ကျွန်တော့်ကြောင်က ညဘက် (၁၀း၄၀) လောက်ကနေ မနက်(၅) နာရီဝန်းကျင်အထိ ကြောင်မ(၅) ကောင်နဲ့ မိတ်လိုက်နေခဲ့တာ။ ဒါတောင် စီစီတီဗီထဲမှာ တွေ့ရတဲ့ ကြောင်အရေအတွက်ပဲ ရှိသေးတယ်…”

asiawire

“ပြီးတော့ ဟိုတယ်ကပဲ ကျွန်တော့်ကို အပြစ်တင်သေးတယ်။ ဖြစ်သမျှ အကြောင်းစုံကို အခြားကြောင်မတွေရဲ့ ပိုင်ရှင်တွေဆီ ရှင်းပြပေးပါတဲ့။ ကျွန်တော့်ကြောင်က ဒီလောက်ပင်ပန်းနေပြီ။ ဒီကောင့်ကို ဂလူးကို့စ်တောင် သွင်းပေးထားရတယ်။ ဒါတွေအားလုံးက ကျွန်တော်အပြစ်လား…” လို့လည်း ပြောပြပါသေးတယ်။

asiawire

ထို့နောက်မှာတော့ မစ္စတာကျန်းက ၄င်းတိရစ္ဆာန်ဟိုတယ်ဟာ သူ့ကိုတောင်းပန်ခဲ့ကြောင်းနဲ့ ရှောင်းပီရဲ့ဂလူးကို့စ်ဖိုးအတွက် စရိတ်ခံပေးမယ့်အကြောင်း ပြောပြခဲ့ပါတယ်။ဒါ့အပြင် တကယ်လို့ ရှောင်းပီနဲ့ မိတ်လိုက်ခဲ့တဲ့ ကြောင်မတွေမှာ ကိုယ်ဝန်ရသွားခဲ့ရင်လည်း ၄င်းကြောင်မတွေရဲ့ ပိုင်ရှင်တွေဆီ ဟိုတယ်က (၅၆) ပေါင်လျော်ပေးမယ့်အကြောင်းနဲ့ မွေးလာမယ့်ကြောင်လေးတွေကိုလည်း သခင်တွေမလိုချင်ရင် ရောင်းပေးမယ်လို့ ကတိပေးခဲ့တဲ့အကြောင်း သိရပါတယ်။

READ
လက်လွတ်စပယ် လုပ်တတ်သူတွေကြောင့် ဟာသဆန်ဆန် လွဲသွားရတဲ့ ဖြစ်ရပ်များ

လင်းလင်း (ShweMom)

SHARE