မြန်မာနိုင်ငံကို မကြာသေးမီကမှာ လာရောက်ဖြော်ဖြေသွားတဲ့ Exo အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံမှာသာမက မြန်မာနိုင်ငံမှာပါ အလွှမ်းမိုးဆုံး K-Pop အဖွဲ့ပါ။မြန်မာနိုင်ငံကို လာရောက်ဖျော်ဖြေခဲ့ကြတဲ့ K pop show ပွဲတွေမှာမှ Exo ပါဝင်ခဲ့တဲ့ K-pop Festival ဟာ most famous ဖြစ်ခဲ့ပါတယ်။တောင်ကိုရီးယားမှာလည်း Exo member တွေရဲ့ လွှမ်းမိုးမှုတွေအများအပြားပါပဲ။ အဲ့ဒါတွေထဲက တစ်ချို့ကတော့….
D.O ရဲ့ Combo Meal

D.O ဟာ EXO showtime ရဲ့ အပိုင်းတွေကိုကြည့်ရင်း Combo Meal တစ်ချို့ကို မှာလိုက်ပါတယ်။ အဲ့တာကိုမြင်သွားတဲ့ Fan တွေဟာ D.O မှာတဲ့အတိုင်း အမျိုးအစားတူတဲ့ Combo meal တွေကို မှာယူကြပါတယ်တဲ့။အံ့သြစရာပဲနော်။
Xiumin ရဲ့ Mocha Bread

Xiumin Mocha bread စားနေတဲ့video clipကိုပရိတ်သတ်တွေတွေ့ပြီး နောက်ပိုင်း တောင်ကိုရီးယားမှာ တစ်ခြားဟာထက် Mocha bread ကို မှာယူသူတွေအများအပြားဖြစ်လာပါတယ်တဲ့။
Baekhyun ရဲ့ ရေမွှေး

Clean ဆိုတဲ့ရေမွှေးတံဆိပ်အမျိုးအစားကို Baekhyun အသုံးပြုတာကိုတွေ့ပြီးနောက်ပိုင်း ဝယ်ယူသုံးစွဲသူတွေများလွန်တာကြောင့် အရောင်း 130% ထိမြင့်တက်ခဲ့ပါတယ်။နောက်ပိုင်း အဲ့ရေမွှေးကို “Baekhyun Perfume” လို့ပဲခေါ်ကြပါတော့တယ်တဲ့။တစ်ချို့ကလည်း Baekhyun ကိုယ်သင်းနံ့လေးရအောင် အဲ့ရေမွှေးကို ဝယ်ယူကြတာပါတဲ့။ အဲလောက်တောင်နာမည်ကြီးသွားတာပါ။
EXO member တွေရဲ့ရက်ရောတဲ့ပေးကမ်းထောက်ပံမှု

EXO member တွေဟာ ပရိတ်သတ်တွေဆီကရတဲ့ ငွေကြေးတွေကို မိဘမဲ့ဂေဟာလို လိုအပ်တဲ့နေရာတွေမှာ ပေးကမ်းထောက်ပံ့ကြပါတယ်။အဲ့တော့ ပရိတ်သတ်တွေနဲ့ တစ်နေရာတည်းအတူတူ လှူဖြစ်သွားတာကြောင့် ပရိတ်သတ်တွေကလည်းဝမ်းသာပြီး Exo member တွေအပေါ် ပိုနှစ်သက်လာကြပါတယ်။

Exo member တွေဟာ Unicef အဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်။
EXO member တွေရဲ့ Fashion

Fan တွေ Exo member တွေအတိုင်းလိုက်ဝတ်နိုင်စေဖို့ shirts တွေကိုလည်းထုတ်လုတ်ရောင်းချခဲ့ပါတယ်။Gender ခွဲခြားခြင်းမပြုဖို့သဘောနဲ့ Gender Equality တံဆိပ်နဲ့ရောင်းချခဲ့တဲ့ D.O sweater ဟာ တောင်ကိုရီးယားမှာ အွှလမ်းမိုးဆုံး Sweater ဖြစ်ခဲ့ပါတယ်
ကမ္ဘာတစ်ဝန်းလုံးကျော်ကြားမှု

Korea’s Happiness ရဲ့ 2016 data မှာ EXO ဟာနံပါတ် ၁ ချိတ်ခဲ့ပါတယ်။ဒီ data ဟာ တောင်ကိုရီးယား၊ဂျပန်၊အမေရိက၊ တရုတ် နိုင်ငံများကကောက်ယူထားတာကြောင့် ကမ္ဘာတစ်ဝှမ်းကျော်ကြားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။Exo ဟာ သူတို့ကိုပျော်ရွှင်စေတဲ့ နံပါတ် ၁ အချက်ပဲလို့်ဆိုလောက်တဲ့အထိ လွှမ်းမိုးတယ်လို့်ဆိုပါတယ်။
Grinny
Source: Koreaboo