ခပ်ချောချောကောင်မလေးတွေကို နာနာဘာဝတွေပိုပြီးပူးကပ်လေ့ရှိ

မိန်းမလှလေးတွေက မကောင်းဆိုးဝါးဝင်ရောက်ပူးခိုဖို့ ပိုပြီး ဖြစ်နိုင်ချေရှိကြောင်း ပယောဂဆရာတစ်ယောက်
က ပြောကြားခဲ့ပါတယ်။ အဲဒီစကားကို ပြောကြားသူကတော့ အာဖရိက အနောက်ပိုင်း ဂါနာနိုင်ငံမှ ပယောဂ
ဆရာ Jamal-Baba ဖြစ်ပြီး Mirror သတင်းဌာနက အဲဒီသတင်းနဲ့ မကောင်းဆိုးဝါး ၀င်ရောက် ပူးအောင်းခံ
ရတဲ့ ဗွီဒီယိုဖိုင်တွေကို ဖော်ပြခဲ့ပါတယ်။

Baba က “ တစ်ချို့ မကောင်းဆိုးဝါးတွေက ၀င်ပြီး ပူပြီဆိုရင် ခေါင်းမာကြပါတယ်၊ နှင်ထုတ်ရ ခက်ပါတယ် …
သူတို့ဟာ ပေါက်ကွဲကြတယ် … ပြန်လည်တိုက်ခိုက်ချင်တာမျိုးတွေ လုပ်တတ်ပါတယ် … ” လို့ ပြောဆိုခဲ့ပါ
တယ်။ ထို့နောက် သူက ဆက်လက်ပြီး “ ဒီလို ဖြစ်လာတဲ့အခါ … အပူးခံရတဲ့သူကို ငြိမ်ငြိမ်လေး ထိုင်နေ
aအာင်၊ ဒူးထောက်နေအောင် အရင်ဆုံး ကြိုးနဲ့ ချုပ်နှောင်ရတယ် … ဒါမှမဟုတ် သံကြိုးကို သုံးသင့်ရင် သုံး
ရတာပေါ့ … ” လို့ ဆိုပါတယ်။ Baba က ၀င်ရောက်အပူးခံရတဲ့ လူအတွက် မကောင်းဆိုးဝါး ပြေးစေတဲ့
ဂါထာတွေကို ယုံကြည်သူတွေအတွက် ရွတ်ဖတ်ပေးပြီး အဲဒီလူတွေ ဒုက္ခရောက်ရင်လည်း သူ့ရဲ့ နည်းလမ်း
တွေနဲ့ ကယ်တင်ပေးဖို့ လက်ထောက်တပည့်တွေလည်း ရှိပါတယ်။

READ
လောင်းကစားအရှုံးတွေကြောင့် ဘောလုံးစွမ်းဆောင်ရည် ကျဆင်းခဲ့ဖူးကြောင်း ဝိန်းရွန်းနီဝန်ခံ

ဒါပေမယ့် အခြား ပယောဂဆရာတစ်ယောက်ဖြစ်တဲ့ Mallam Mohammad ကတော့ ၀င်ရောက်အပူးခံရ
တဲ့ လူကို ကြိမ်နဲ့ရိုက်ခြင်းက မကောင်းဆိုးဝါးကို အမြန်ပြေးထွက်စေနိုင်တယ်လို့ အခိုင်အမာ ဆိုပါတယ်။
သူက “ အပူးခံရတဲ့သူဟာ အဲဒီအချိန်မှာ နာကျင်မှု မရှိတော့ဘူးလေ … သူ့ကို ၀င်ပူးတဲ့ မကောင်းဆိုးဝါးမှာ
သာ နာကျင်မှု ဖြစ်စေတာပေါ့ … အဲဒီလို ကြိမ်နဲ့ရိုက်ရင်း ဂါထာကို ရွတ်ရင် ဒီကောင်တွေ မခံနိုင်ဘူး ထွက်
ပြေးတော့တာပဲ ”လို့ ပြောပါတယ်။ ဒါပေမယ့် သူကလည်း Baba ရဲ့ မိန်းမလှလေးတွေဟာ မကောင်းဆိုးဝါး
ဝင်ရောက်ပူးအောင်နိုင်ချေ ပိုရှိတယ်ဆိုတာကိုတော့ ထောက်ခံခဲ့ပါတယ်။

မကောင်းဆိုးဝါးတွေဟာ မိန်းမလှလေးတွေကို ၀င်ရောက် ပူးအောင်းပြီး သူတို့ကို သူတို့ စကားပြောတယ်၊
သူတို့ကိုယ်သူတို့ နာကျင်အောင်လုပ်တယ်၊ တစ်ခါတလေ သေကြောင်းကြံစည်မှုတွေတောင် ဖြစ်စေပါနိုင်
တယ်လို့ ပြောခဲ့ပါတယ်။ ဒေသခံတစ်ယောက်ကလည်း သူ့ညီမဟာ အသက်နှစ်ဆယ် အရွယ်မှာ မကောင်း
ဆိုးဝါး ၀င်ရောက် အပူးခံရပြီး ကိုယ့်အခန်းကို ကိုယ်သော့ပိတ်ကာ အရူးလို စကားတွေပြောပြီး သူမကိုယ်
သူမ ဓားနဲ့လှီးခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် စိတ်ပညာရှင် Mr Nuworza Kugbey ကတော့ ဒါတွေ
ဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါကြောင့်ဖြစ်ပြီး၊ ဆေးနဲ့ရော စိတ်ပညာနဲ့ပါ ကုသလို့ ပျောက်ကင်းနိုင်ကြောင်း
ပြောဆိုခဲ့ပါတယ်။

READ
အိမ်ငှားခ မပေးတဲ့အပြင်၊ တစ်အိမ်လုံးကို အမှိုက်ပုံကြီးသဖွယ်ထားရစ်ခဲ့တဲ့ အိမ်ငှား

ဆေးပညာနဲ့ပရလောက လက်ခံသူတွေကြားမှာ အခုအထိဖြေရှင်းလို့ မရတဲ့ ပြဿနာအဖြစ်ရှိနေသးပါ
တယ်။ သင်ရောဘယ်လိုထင်ပါသလဲ။ ဝင်ရောက်ပူးကပ်မှုတွေ တကယ်ရှိတယ်လို့ ထင်ပါသလား?

Myanmar Online Media

News

Source: mirror

SHARE