Park Shin Hye ၊ Hyun Bin တို့နဲ့အတူ ဒရာမာ စီးရီးသစ်မှာ ပါဝင်မယ့် Exo အဖွဲ့ဝင် Chanyeol

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ Exo အဖွဲ့ဝင် Chanyeol ဟာ မကြာခင်မှာ tvN ရုပ်သံလိုင်းက ရိုက်ကူး ထုတ်လွှင့်မယ့် ဒရာမာစီးရီးသစ် “Memories of Alhambra” မှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ tvN ရုပ်သံ လိုင်းက မေလ(၁၂)ရက်နေ့က တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီစီးရီးမှာ Chanyeol နဲ့ အတူ မြန်မာပရိ သတ်တွေ ကြိုက်နှစ်သက်တဲ့ မင်းသမီး Park Shin Hye နဲ့ မင်းသား Hyun Bin တို့လည်း ပါဝင်သွားမှာပါ။

All Kpop
Korseries

“Memories of Alhambra” ဟာ (၂၀၁၇)ခုနှစ်က ထွက်ရှိခဲ့တဲ့ “Missing 9” နောက်ပိုင်း Chanyeol ကို ဖန် သားပြင်ပေါ်မှာ ပထမဆုံးအကြိမ် ပြန်လည်မြင်တွေ့ခွင့်ရမယ့် စီးရီးပါ။ စီးရီးရဲ့ ဇာတ်လမ်းကိုတော့ စပိန်နိုင်ငံမှာ ဇာတ်အိမ် တည်ထားပြီး ရင်းနှီးမြှုပ်နှံ့မှုကုမ္ပဏီတစ်ခုရဲ့ စီးအီးအို Yoo Jin Woo (Hyun Bin) ဟာ စပိန်နိုင်ငံ ကို သွားရောက်လည်ပတ်ရင်း အပေါစားဟော်တယ်တစ်ခုမှာ ဂစ်တာတီးတဲ့ အနုပညာရှင် Jung Hee Joo (Park Shin Hye)နဲ့ တွေ့ဆုံတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။

READ
Box Office ရဲ့ ၀င်ငွေအကောင်းဆုံးဇာတ်ကား(၅)ကား ( 10 May 12)
Favim
wowkeren

Chanyeol ကတော့ Park Shin Hye ရဲ့ ဇာတ်ကောင် Jung Hee Joo ရဲ့ မောင်လေး Jung Sae Joo နေရာက သရုပ်ဆောင် သွားမှာပါ။ Chanyeol ရဲ့ ဇာတ်ကောင် Jung Sae Joo ဟာ ထူးချွန်တဲ့ ပရိုဂရမ်မာတစ်ဦးဖြစ်ပြီး ကလေးဘ၀ရဲ့ နာကျင်မှုတွေကြောင့် အစ်မဖြစ်သူကလွဲရင် ဘယ်သူနဲ့မှ စကားပြောလေ့မရှိတဲ့ လူငယ်လေး တစ်ဦးပါ။ ရိုက်ကူးမယ့်အကြောင်း စတင်ကြေငြာချိန်တည်းက ပရိသတ်စိတ်ဝင်စားမှု အထူးများပြားခဲ့တဲ့ “Memories of Alhambra” စီးရီးကို tvN ရုပ်သံလိုင်းက (၂၀၁၈)ခုနှစ် နိုဝင်ဘာလမှာ ထုတ်လွှင့်နိုင်ဖို့ လျာထားပါတယ်။

Soompi

SHARE