အင်ဒိုနီးရှားမှာ လည်ပတ်စရာတွေ

(၁) Komodo National Park

Komodo ကျွန်းပေါ်မှာ ဖွင့်လှစ်ထားတဲ့ Komodo National Park ဟာ အင်ဒိုနီးရှားကို သွားရောက်သူများအဖို့ လက်လွတ်
မခံသင့်တဲ့ နေရာဖြစ်ပါတယ်။ တိရစ္ဆာန်မျိုးစိပ်ပေါင်းများစွာ စုံလင်သလို၊ ကမ္ဘာကျော် Komodo တွားသွားသတ္တ၀ါကြီးတွေ
ရဲ့ မူလဇာတိဖြစ်ပါတယ်။ သူတို့တစ်တွေဟာ Komodo National Park ထဲမှာ သဘာဝအတိုင်း သွားလာရှင်သန်နေထိုင်
နေကြတာကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရှိရပါလိမ့်မယ်။

(၂) Borobudur

ဒေသအခေါ် ဘောရောဗုဒ္ဓ (Borobudur) ကိုလည်း သွားရောက်လည်ပတ်သင့်ပါတယ်။ ဗုဒ္ဓဘာသာဟာ ဟိုယခင်က အင်
ဒိုနီးရှားနိုင်ငံရဲ့ အဓိကရ ဘာသာကြီးဖြစ်ခဲ့တာကို မြင်တွေ့နိုင်ပြီး၊ လှပဆန်းသစ်လှတဲ့ ဗိသုကာလက်ရာတွေကိုလည်း
လေ့လာခွင့်ရမှာပါ။ Borobudur ဟာ ယိုဂျားကာတားမြို့တော်နဲ့ 45 ကီလိုမီတာအကွာအဝေးမှာ တည်ရှိပါတယ်။

READ
သင့်ရဲ့ ပင်ပန်းနေတဲ့ စိတ်ဝိညာဉ်ကို ပြန်လည်ကုစားပေးနိုင်မယ့် နေရာဒေသများ

(၃) Gunung Tujuh, Jambi

Kerinciမြို့နယ် ထဲမှာတည်ရှိတဲ့ တောင်ခြောက်လုံးကာရံထားတဲ့ Gunung Tujuh, Jambi ရေကန်ကြီးကလည်း အင်ဒိုနီး
ရှားရဲ့ ကမ္ဘာလှည့်ခရီးသွားစွဲဆောင်မှုမှာ အဓိကနေရာကနေ ပါဝင်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ 2000
အမြင့်မှာ တည်ရှိတာဖြစ်ပြီး၊ အရှေ့တောင်အာရှမှာ အမြင့်ဆုံးပင်လယ်ရေမျက်နှာပြင်အထက်မှာ တည်ရှိတဲ့ ရေကန် ဖြစ်
ပါတယ်။ Kerinci Seblat National Park လည်း ရေကန်ကြီးနဲ့ အနီးဆုံးမှာ တည်ရှိပါတယ်။

(၄) Tanjung Putting

ဘောနီယိုကျွန်းပတ်ပတ်လည်ကို စက်တပ်လှေနဲ့ လှည့်ပတ်ပြပေးတဲ့ အစီအစဉ်ဖြစ်ပြီး ခရီးသွားတွေကို စိတ်ကျေနပ်မှုအ
အပြည့် ပေးတဲ့နေရာဖြစ်ပါတယ်။ လက်ဆက်တဲ့ သဘာဝလေပြည်နဲ့အတူ သားရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝကို လေ့လာ
နိုင်မှာ ဖြစ်ပါတယ်။

READ
ကမ္ဘာ့အန္တရာယ်အများဆုံး လမ်းမများ

နတ်စည်တော် (Shwemom)

shwemom post photo

source : top10for.com

SHARE