လေထီးမပွင်တဲ့တပည့်ကို ကယ်ရင်း အသက်ပါစွန့်သွားရရှာတဲ့ နည်းပြဆရာရဲ့အဖြစ်

လေထီးအမြင့်ခုန် သင်တန်းပြဆရာတစ်ယောက်ဟာ အမြင့်ပေ(၁,၆၀၀) ကနေ လေထီးခုန်သင်တန်းပေးနေစဉ် လေထီးပွင့်မလာတဲ့တပည့်ကို ကယ်ရင်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ သင်တန်းပြဆရာဟာ Carl Marsh အမည်ရပြီး အသက်(၄၆)နှစ်ရှိကာ ကလေးတစ်ယောက်အဖေ ဖြစ်ပါတယ်။

SWNS

လေထီးခုန်လေ့ကျင့်ခန်း ပြုလုပ်နေတုန်းမှာ Marsh ဟာ သင်တန်းသားဖြစ်သူ Leeds ရဲ့ ဒုတိယလေထီးပွင့်အောင် ကူညီပေးခဲ့ပါတယ်။ ဒီအခါမှာ သင်တန်းသားဖြစ်သူ ဖြတ်လိုက်တဲ့လေထီးက Marsh ရဲ့ခြေထောက်မှာ လာရောက်ရစ်ပတ်ခဲ့ပါတယ်။ လေထီးချင်းငြိပြီး Marsh ရဲ့ကိုယ်ပိုင်လေထီးကလည်း အလုပ်မလုပ်တော့ဘဲ ဝေဟင်အမြင့်ကနေ ၀ဲကတော့ပုံစံအတိုင်း မြေပြင်ဆီ ကျလာခဲ့တာဖြစ်ပါတယ်။

Carl Marsh/ Cadendish Press

သနားစရာ Marsh ဟာ ပြုတ်ကျတဲ့အရှိန်ကြောင့် ပြင်းထန်ဒဏ်ရာတွေ များစွာရရှိပြီး နေရာတွင်ပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။ စိတ်မကောင်းစရာကတော့ Marsh ရဲ့ဆယ်ကျော်သက်အရွယ် သားလေးကလည်း မြေပြင်ပေါ်မှာရှိနေပြီး လေထီးခုန်စင်တာမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။

READ
California ပြည်နယ်က မီးသတ်သမားတွေကို အကူအညီပေးနေတဲ့ ခွေးလေး Kerith
Carl Marsh/ Cadendish Press

တကယ်တော့ သေဆုံးသူ Marshဟာ ကျွမ်းကျင်ပြီး ၀ါရင့်တဲ့လေထီးခုန်သမားတစ်ယောက် ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးလှည့်ပြီး အကြိမ်(၁,၁၅၀) လောက် လေထီးခုန်ဆင်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ကျန်ရစ်သူမိသားစုကတော့ ကံမကောင်းစွာ စောစာစီးစီးလမ်းခွဲသွားခဲ့တဲ့ Marsh အတွက် ကြေကွဲဝမ်းနည်းလျက်ရှိနေကြောင်း သိရပါတယ်။

Carl Marsh/ Cadendish Press
Carl Marsh/ Cadendish Press

လင်းလင်း (ShweMom)

SHARE