HIV ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်နိုင်မယ့် ကာကွယ်ဆေးသစ်တစ်မျိုး တွေ့ရှိ

အသစ်တွေ့ရှိလာတဲ့ HIV ကာကွယ်ဆေးသစ်ဟာ ဒါဇင်ပေါင်း များစွာသော HIV ဗိုင်းရပ်စ်တွေရဲ့ ဗီဇကို လျော့ပါးသက်သာစေမယ်လို့ သုတေသနတစ်ခုက ဆိုထားပါတယ်။ ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်တွေရဲ့ အဓိကနေရာကို တိုက်ခိုက်ပေးမယ့် ပဋိဇီဝပစ္စည်းတွေကို ဖန်တီးပေးတယ်လို့ သိရပါတယ်။ လက်ရှိ HIV ကုထုံးတွေမှာ လူနာတွေဟာ HIV ဗိုင်းရပ်စ်တွေပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ဆေးတွေအများကြီး သောက်နေရပါတယ်။ ဒါကြောင့် ကာကွယ်ဆေးသစ်သာ အောင်မြင်ခဲ့မယ်ဆိုရင် HIV ရောဂါပိုး အန္တရာယ်ကနေ ကာကွယ်နိုင်တော့မှာ ဖြစ်ပါတယ်။

Pexels

AIDS ရောဂါဆိုးကြီးကို ဦးတည်စေတဲ့HIV ပိုးဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကူးစက်သူပေါင်း (၃၅)သန်းကျော်နေပြီ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲ ၀င်ရောက်လာတဲ့ HIV ဗိုင်းရပ်စ်ဟာ ကူးစက်ရောဂါတွေ ရန်ကကာကွယ်ပေးနေတဲ့ ခန္ဓာကိုယ်ခုခံအား စနစ်က ဆဲလ်တွေကို ဖျက်ဆီးပစ်ပါတယ်။ ဗိုင်းရပ်စ်ဗီဇတွေ ပြန့်ပွားမှုကို သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ပဋိဇီဝပစ္စည်းတွေက ကာကွယ်ပေးနိုင်ကြောင်း သုတေသနပညာရှင်တွေဟာ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

READ
ညီညွှတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်
Pexels

ပညာရှင်တွေဟာ HIV ဗိုင်းရပ်စ်ကို တားဆီးဖို့ ပဋိဇီဝပစ္စည်းတွေဟာ ဘယ်နေရာမှာဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာကိုလေ့လာခဲ့ကြပါတယ်။ လက်ရှိမှာတော့ HIV ဗိုင်းရပ်စ်တွေရဲ့ မျက်နှာပြင်ပေါ်က အချွန်အတက်တွေမှာ ရှိနေတဲ့ အမိုင်နိုအက်စစ်တွေကို စစ်ဆေးနေတုန်း ဖြစ်ပါတယ်။ ဗိုင်းရပ်စ်တွေရဲ့ အလုပ်လုပ်ပုံကို ထပ်မံလေ့လာပြီးတဲ့ နောက်မှာ ပညာရှင်တွေဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင် လှုံ့ဆော်နိုင်တဲ့ အမိုင်နိုအက်စစ်(၈)မျိုးနဲ့ ဖွဲ့စည်းထားတဲ့ ပရိုတိန်းတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ယင်းပရိုတိန်းဟာ HIV ဗိုင်းရပ်စ်အကပ်ခံထားရတဲ့ ဆဲလ်တွေဆီသွားပြီး ပဋိဇီဝပစ္စည်းတွေကိုပို့ဆောင်ပေးနိုင်ပါတယ်။

Pexels

ပရိုတိန်းကို ကြွက်တွေနဲ့ စမ်းသပ်ကြည့်တဲ့ အခါမှာတော့ HIV ဗီဇ(၂၀၈)ခုပါဝင်တဲ့ အဖွဲ့တစ်ခုမှာ ဗိုင်းရပ်စ်ပေါင်း (၃၁)ရာခိုင်နှုန်းလောက် လျော့ကျသွားတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ပူးတွေနဲ့မျောက်တွေကို စမ်းသပ်ကြည့်တဲ့အခါမှာလည်း အလားတူရလဒ်မျိုး ရရှိခဲ့ပါတယ်။ ယင်းကာကွယ်ဆေး ကုထုံးသစ်နဲ့ပတ်သက်ပြီး သုတေသနသမားတွေက (၂၀၁၉)ခုနှစ် အလယ်ပိုင်းမှာတော့ လူသားတွေနဲ့ လေ့လာစမ်းသပ်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

READ
ကင်ဆာသဖွယ် စိတ်ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ တဗျစ်တောက်တောက်ပြောဆိုခြင်း

လင်းလင်း (ShweMom)

Ref: Dailymail

SHARE