ဘ၀တစ်လျှောက်လုံးမှာ မိန်းမပေါင်း(၁၀,၀၀၀)ကျော်နဲ့ ဖက်အိပ်ဖို့ဆုံးဖြတ်ထားတဲ့သူ

အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မှာနေထိုင်တဲ့ အသက် (၃၃)နှစ်အရွယ် ဟာသစာရေးဆရာ မိုက်ခ်ရဲ့ ရည်မှန်းချက်ကတော့ သူများတွေနဲ့မတူပဲ တမူထူးခြားပါတယ်။ သူဟာ အမျိုးသမီးတွေနဲ့ ဖက်အိပ်ရတာကို ထူးထူးခြားခြား နှစ်သက်သူဖြစ်ပြီး လိင်ကိစ္စအတွက်မဟုတ်ပဲ ဖက်အိပ်ရုံသက်သက်အတွက် အမျိုးသမီးနဲ့ အိပ်လေ့ရှိသူပါ။

NY Post

မိုက်ခ် ဟာ “ဖက်အိပ်သူများကလပ်” ဆိုတဲ့ ထူးထူးဆန်းဆန်း အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး သူတို့အဖွဲ့ရဲ့ ဆောင်ပုဒ်က ဆန့်ကျင်ဖက်လိင်တစ်ယောက်နဲ့ ဖက်အိပ်ခြင်းဟာ ထူးဆန်းတဲ့နွေးထွေးမှုကို ပေးနိုင်တယ် ဆိုတာပါပဲ။

အစောပိုင်းမှာတော့ မိုက်ခ်ဟာ စေတနာနဲ့ ကူညီပေးသူတစ်ယောက်ဖြစ်ပြီး အဖွဲ့ထဲက အမျိုးသမီးတွေကို အခကြေးငွေမယူပဲ ဖက်အိပ်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ မိုက်ခ်ရဲ့ နာမည်က သူတို့ အဖွဲ့ထဲမှာ လူပြောများလာခဲ့ပြီး အခကြေးငွေနဲ့ ဖက်အိပ်ပေးရသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ဖောက်သည်တွေက သက်လတ်ပိုင်းအရွယ်တွေများပြီး အထီးကျန်ဝေဒနာ ခံစားနေရသူတွေဖြစ်တယ်လို့ မိုက်ခ်က ဆိုပါတယ်။

READ
တရားပြိုင်အမျိုးသမီးရဲ့နို့ဆာနေတဲ့ကလေးငယ်ကိုနို့တိုက်ကျွေးခဲ့တဲ့တရားရုံးအရာရှိမလေး
NY Post

မိုက်ခ်ဟာ တစ်ပတ်ကို အနည်းဆုံး အမျိုးသမီး (၇) ယောက်လောက်နဲ့ ဖက်အိပ်လေ့ရှိပြီး တစ်ခါတစ်လေဆိုရင် အဲဒီထက်များတဲ့ အရေအတွက်ရှိပါတယ်။ မိုက်ခ်က တစ်ညနေတည်းနဲ့ အမျိုးသမီး (၃) ယောက်လောက်နဲ့ ဖက်အိပ်ပေးလေ့ရှိပြီး အမျိုးသမီးတစ်ယောက်အတွက် အချိန် (၁) နာရီကနေ (၂) နာရီအတွင်း ယူလေ့ရှိပါတယ်။

သူကိုယ်တိုင်လည်း အမျိုးသမီးတွေနဲ့ ဖက်အိပ်ရတာကို သဘောကျသူဖြစ်တဲ့ မိုက်ခ်ဟာ သူ့ရဲ့ဘ၀တစ်လျှောက်လုံးမှာ အမျိုးသမီး (၁၀,၀၀၀) ကျော်နဲ့ ဖက်အိပ်နိုင်ရမယ်လို့ ရည်ရွယ်ချက်ထားသူပါပဲ။

NY Post

မိုက်ခ်နဲ့ မကြာခဏ ဖက်အိပ်လေ့ရှိတဲ့ အသက် (၂၉)နှစ်အရွယ် အေမီကတော့ ဒီလိုမျိုး အိပ်စက်ခြင်းဟာ အထီးကျန်ခြင်းဝေဒနာကနေ လွတ်မြောက်စေပြီး ကိုယ့်ကိုယ်ကိုယ်ရှာဖွေတွေ့ရှိနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

အားလုံးကတော့ မိုက်ခ်ရဲ့အလုပ်ဟာ တကယ့်ကို ပျော်ဖို့ကောင်းမယ့်အလုပ်မျိုးဖြစ်ပြီး အိပ်နေရုံနဲ့ ပိုက်ဆံရမယ့်အလုပ်မျိုးဖြစ်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

READ
ရှားပါးဦးနှောက်ရောဂါကို ကုသဖို့ ခွဲစိတ်ခံပြီးနောက် ဦးချိုသဏ္ဍာန်ခေါင်းခွံဖြစ်လာတဲ့ ကလေးလေး

မိုက်ခ်ကတော့ နွေးထွေးမှုလိုအပ်နေပြီး အထီးကျန်နေတဲ့ အမျိုးသမီးတွေကို ဖက်အိပ်ပေးနေဆဲဖြစ်သလို သူရည်ရွယ်ထားတဲ့ အရေအတွက်အထိ ရောက်ရှိဖို့ အစွမ်းကုန်ကြိုးစားနေလေရဲ့…။

Linn

Source : EliteReader

SHARE