ရေရှည်တည်မြဲမယ့်အချစ်ရေးဟုတ်မဟုတ် စမ်းသပ်နိုင်တဲ့နည်းလမ်းကိုကျွမ်းကျင်သူတွေပြော

တခါတလေအချစ်ရေးနဲ့ပတ်သက်ပြီးရှေ့ရေးကိုကြိုတွေးတာဘယ်လိုအခြေအနေပဲရှိနိုင်ပါစေစိတ်လှုပ်ရှားရင်ခုန်ဖို့တော့ ကောင်းပါတယ်။တကယ်လို့ကိုယ့်ပိုင်ဆိုင်ထားတဲ့အချစ်ရေးက ရေရှည်တည်မြဲဖို့မရှိနိုင်ဘူးဆိုရင်တောင်ဒီအခြေအနေကိုကျော်လွှားဖို့ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။အဲဒီလို ကြိုတင်ပြင်ဆင်နိုင်ဖို့ ရေရှည်တည်မြဲမယ့်အချစ်ရေးဟုတ် မဟုတ်ကိုစမ်း သပ်စစ်ဆေးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထုတ်ဖော်ပြောလိုက်ပါတယ်။

ဒါကစိတ်ပိုင်းဆိုင်ရာစမ်းသပ်နည်းတစ်မျိုးဖြစ်ပြီး အောင်မြင်တဲ့အချစ်ရေးအတွက်ကြိုတင်ပြင်ဆင်ထားဖို့အသုံးဝင်တဲ့နည်းလမ်းလို့လည်း စိတ်ကုထုံးပညာရှင်အချို့ကပြောပါတယ်။အဓိကကတော့ ချစ်သူစုံတွဲတွေအနေနဲ့ အပြန်အလှန်လွှမ်းမိုးထားတဲ့ emotional intelligence(EQ)ပေါ်အခြေခံပြီးစမ်းသပ်တာဖြစ်ပါတယ်။EQကိုအသိပညာ၊ရင့်ကျက်တဲ့စိတ်ထားနဲ့ ဆုံးဖြတ်နိုင်စွမ်းလို့အကြမ်းဖျင်းအဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။

နှစ်ပေါင်း ၄၀ကျော်အတွေ့အကြုံရင့်တဲ့ ကျွမ်းကျင်ပညာရှင်အချို့ရဲ့လေ့လာစမ်းသပ်မှုအရEQ မြင့်တဲ့စုံတွဲတွေကအချစ်ရေးမှာ ပိုမိုအောင်မြင်ကြပြီးဒီအချက်ကသူတို့ရဲ့အနာဂတ်ဆက်ဆံရေး၊ဘ၀ရှင်သန်ရပ်တည်ရေးအတွက်အရေးကြီးတယ်လို့လည်းသိရပါတယ်။

ဒီလို ချစ်သူစုံတွဲတွေရဲ့ EQ Levelကိုတိုင်းတာတဲ့အခါ ဥာဏ်စမ်းပဟေဠိတွေကအကူအညီပေးနိုင်တယ်လို့ဆိုပါတယ်။ ဘယ်လိုစိတ်အခြေအနေနဲ့ ပြန်လည်တုန့်ပြန်သလဲဆိုတဲ့အချက်ပေါ်မူတည်ပြီးစမ်းသပ်နိုင်မှာဖြစ်ပါတယ်။

တကယ်လို့သင့်အနေနဲ့တစ်စုံတစ်ယောက်နဲ့Dateလုပ်တော့မယ်ဆိုရင်ဥာဏ်စမ်းပဟေဠိတွေမေးပြီးအပြန်အလှန်အဖြေ တွေမျှဝေနိုင်ပါတယ်။ချစ်သူစုံတွဲအတွက်ဆိုရင်လည်းဒီလိုဥာဏ်စမ်းပဟေဠိတွေကိုအတူတူအဖြေညှိတာကတစ်ယောက်နဲ့တစ်ယောက်ပိုပြီးနားလည်မှုရှိလာစေသလို EQ Levelကိုလည်းမြင့်စေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေကဆိုပါတယ်။

ChoChoThan(Shwemom)

ref:m2woman.co.nz

 

SHARE