ကမ္ဘာ့အရွယ်အတင်ဆုံး သတင်းကြေညာသူအဖြစ် ပေါ်ပြူလာဖြစ်နေတဲ့ အမျိုးသမီး

youtube/Seven

အန်းဆန်ဒါစ်ဟာ သြစတေးလျတယ်လီဗေးရှင်းမှာ အလုပ်လုပ်နေတာ ဆယ်စုနှစ်(၃) ခုလောက် ရှိနေပြီ ဖြစ်ပါတယ်။ ဒီလောက် အချိန်အကြာကြီး အလုပ်လုပ်ခဲ့ပေမယ့် သူမကို ကြည့်ရတာ သိပ်မပြောင်းလဲသလို တွေ့မြင်ရတာကြောင့် အခုအခါမှာ အရွယ်အတင်ဆုံး သတင်းကြေညာသူတစ်ယောက်အဖြစ် သတ်မှတ်ထားကြောင်း Dailymail သတင်းအရ သိရပါတယ်။

သူမရဲ့ အသက်က (၅၉) နှစ် ရှိနေပါပြီ။ အန်းဟာ လွန်ခဲ့တဲ့ (၁၉၈၁) ခုနှစ်တည်းက သတင်းကြေညာသူတစ်ယောက်အဖြစ် အလုပ်ဝင်ခဲ့တာဖြစ်ပါတယ်။ တီဗီမှာ အစီအစဉ်ကြေညာတဲ့အချိန်မှာတော့ အန်းဟာ ဘလောက်စ်၊ ဘလေဇာအင်္ကျီတို့နဲ့အတူ စကတ် သို့မဟုတ် သီးသန့်ချုပ်ထားတဲ့ ဘောင်းဘီရှည်တို့ကို ၀တ်ဆင်လေ့ရှိပါတယ်။ သူမက ဆံပင်ပုံစံကိုလည်း သိပ်ပြောင်းလဲတာမျိုး မတွေ့ရပါဘူး။ ပုခုံးလောက်အနေ ဆံပင်ကို ဘေးခွဲပြီးတော့သာ အတွေ့ရများပါတယ်။

အဓိကအားဖြင့် အန်းအနေနဲ့ ထင်ရှားလာရတဲ့အကြောင်းရင်းက သူမအသားအရည်ကြောင့် ဖြစ်နိုင်ပါတယ်။ အသားအရည်က အသက်ကြီးတယ်လို့တောင် မထင်ရပဲ အစက်အပြောက်တွေ၊ အရေးအကြောင်းတွေကို သူမမျက်နှာပေါ်မှာ သိပ်မတွေ့ရပါဘူး။ အန်းဟာ (၁၉၈၁) ခုနှစ်တုန်းက SAS-7 အတွက် မိုးလေ၀သသတင်း ကြေညာသူအဖြစ် လုပ်ကိုင်ခဲ့ကာ နောက်တစ်နှစ်မှာတော့ Seven Perth မှာအလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ အစီအစဉ်တင်ဆက်ပုံကောင်းမွန်မှုကြောင့် (၁၉၈၁) ခုနှစ်နဲ့ (၁၉၈၂) ခုနှစ်တွေမှာ ပေါ်ပြူလာအဖြစ်ဆုံး အမျိုးသမီးကြေညာသူဆုတွေကိုတောင် လက်ခံရရှိခဲ့ပါတယ်။

READ
ကင်ဆာရောဂါသည်တွေအတွက် ဆံပင်ရိတ်ပြီးလှူခဲ့တဲ့မိန်းကလေးကို ကျောင်းက အပြစ်ပေး

(၁၉၈၃) ခုနှစ်မှာတော့ သတင်းထောက်တစ်ဦးအနေနဲ့ Channel 10 မှာ အလုပ်လုပ်ခဲ့ကာ (၁၉၈၈) ခုနှစ်မှာတော့ တဖန် Seven Perth ကို ပြန်လာပြီး သတင်းကြေညာသူအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ (၁၉၉၅) ခုနှစ်မှာတော့ ရာထူးတက်ပြီး Seven News Sydney အတွက် weeknight သတင်းကြေညာသူအဖြစ် (၂၀၀၆)ခုနှစ်ထိ လုပ်ကိုင်ခဲ့ပါတယ်။ အန်းဟာ (၂၀၀၇) ခုနှစ်နဲ့ (၂၀၁၅) ခုနှစ်ကြားမှာလည်း Channel Seven ရဲ့ The Morning Show အစီအစဉ်မှာ ၀င်ရောက်တင်ဆက်ခဲ့ပါသေးတယ်။

အန်းဟာ ဂုဏ်သိက္ခာနဲ့ပြည့်စုံတဲ့ နာမည်ကျော် အရိုးခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာအန်ဒရူးစထရိုကွန်နဲ့ လက်ထပ်ခဲ့ပြီး သားနှစ်ယောက်ရှိပါတယ်။ အန်းဟာ သူမရဲ့ မီဒီယာအလုပ်အကိုင်အပြင် The Children’s Music Foundation နဲ့ Osteoporosis Australia တို့လို ကုသိုလ်ဖြစ်အဖွဲ့အစည်းတွေကိုလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း သိရပါတယ်။ မီဒီယာအလုပ်လုပ်နေပေမယ့် အန်းဟာ ဆိုရှယ်မီဒီယာအသုံးပြုရတာ မနှစ်သက်ကြောင်းနဲ့ သူမဆီမှာ တွစ်တာ၊ အင်စတာဂရမ်အကောင့်တို့ မရှိကြောင်း သိရပါတယ်။

READ
စစ်ပြန်တွေကိုချန်ပြီး အင်တာဂရမ် မော်ဒယ်တွေကို စစ်ရေးပြပွဲဆီဖိတ်ခဲ့လို့ ဝေဖန်ခံနေရတဲ့ ပူတင်
youtube/BradF89

လင်းလင်း (ShweMom)

SHARE