၂၀၁၉ ခုနှစ်ရဲ့ Miss Universe ပြိုင်ပွဲကြီးကတော့ ပြီးဆုံးလို့သွားခဲ့ပါပြီ။ နောက်နှစ်အတွက် သရဖူကိုတော့ တောင်အာဖရိကအလှမယ်တစ်ဦးဖြစ်တဲ့ Zozinini Tunzi မှ ရရှိသွားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ Miss Universe ပြိုင်ပွဲတို့၊ Miss World တို့၊ ဘယ်လိုအလှမယ်ပွဲတွေပဲလာလာာ အရေးတယူကြည့်ကြရတာ National Costume တွေပါပဲ။ ဒီနှစ်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားခဲ့ကြတဲ့ အလှမယ်တွေရဲ့ National Costume တွေထဲကမှ စိတ်ကို အဖမ်းစားနိုင်ဆုံးဖြစ်ခဲ့တဲ့ ဝတ်စုံလေးတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၂၀၁၉ ခုနှစ်အတွက် Miss Universe ဆုရသွားခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် တောင်အာဖရိကသူ Zozibini Tunzi ပါ။ သူမရဲ့ဝတ်စုံကတော့ တောင်အာဖရိကအမျိုးသမီးတို့ရဲ့ အချစ်စာတွေနဲ့ဖန်တီးထားခဲ့တာပါ။ သူမအနေနဲ့ သရဖူရခဲ့တဲ့အတွက် လိင်ခွဲခြားပြီး နှိမ်နာတွေ၊ အကြမ်းဖက်မှုတွေကို ပပျောက်စေဖို့အတွက် အဓိကထားဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။

အာဂျင်တီးနားအလှမယ် Mariana Jesica Varela ကတော့ လှပလွန်းလှတဲ့ ဝတ်စုံနဲ့ အခုလိုမြင်တွေ့ရမှာပါ။

ဒါကတော့ Miss USA Cheslie Kryst ပါ။ Liberty ရုပ်ထုသဏ္ဍာန်အသွင်ဆောင်ထားခဲ့ပါတယ်။

ရိုးရာသစ်သားရုပ်တွေနဲ့ စီခြယ်ထားတဲ့ စစ်သည်ဝတ်စုံနဲ့ Tanzania အလှမယ် Shubila Stanton

ကနေဒါအလှမယ် Alyssa Boston ရဲ့ marijuana ဝတ်စုံပါတဲ့။ မကြာခင်ကမှ ဆေးဖြစ်ဝါးဖြစ်အနေနဲ့ ဆေးခြောက်က တရားဝင်ထားခဲ့လေတော့။

ဖိလစ်ပိုင်အလှမယ် Gazini Ganados ကတော့ လှပလှတဲ့ ငွေရောင်ငှက်မွှေးဝတ်သဏ္ဍာန်ဝတ်စုံကို ဝတ်ဆင်ပြသခဲ့ပါတယ်။

မလေးရှားအလှမယ် Shweta Sekhon ပါ။ အချိုပွဲစားဝိုင်းကို စိတ်ကူးပုံဖော်ထားတဲ့ ဝတ်စုံလေးပဲဖြစ်ပါတယ်။

ဒါကတော့ ဗီယက်နမ်အလှမယ် Hoàng Thùy ရဲ့ ဝတ်စုံပါ။ ဗီယက်နမ်ကအစားအသောက်သိပ်ကောင်းတယ်လို့ တင်စားခံထားရလေတော့..

ဥရုဂွေးမှ Fiona Tenuta Vanerio ကတော့ ကျောက်စီခြယ်ထားတဲ့ဝတ်စုံနဲ့ ပြသခဲ့ပါတယ်။

Penny