အသည်းယားဖွယ်ရာ မျက်ဆန်ကို ဓားနဲ့ခြစ်တဲ့ကုသမှု တရုတ်တွင် ခေတ်စားနေ

မျက်ဆန်ကို ဓားနဲ့ခြစ်ပြီး ကုသတဲ့ ကုသမှုဟာ တရုတ်နိုင်ငံမှာ ခေတ်စားလာနေပြီလို့ Viral က ဆိုပါတယ်။ ဒါပေမယ့် ဒီနည်းဟာ အခုမှ ပေါ်ပေါက်ခဲ့တာ မဟုတ်ဘဲ၊ ရှေးယခင်ကတည်းက တရုတ်သမားတော်တွေရဲ့ လက်စွဲတော် ကုသနည်းတွေထဲမှာ ပါဝင်ပါတယ်။

စီချွင်မြို့မှာနေထိုင်တဲ့ ရှေ့မီနောက်မီ အဖိုးကြီးကတော့ မျက်လုံးကို ဓားနဲ့ခြစ်ခြင်းဟာ ဘ၀ကို ပိုမိုသာယာလှပစေပြီး၊ ပိုပြီး ကြည်လင်တဲ့ အမြင်အာရုံကို ပေးစွမ်းနိုင်ကြောင်း ဆိုပါတယ်။ ဒီလို မျက်လုံးကို ဓားနဲ့ခြစ်တဲ့ကုသနည်းကို Bnife-blade eye cleaning လို့ ခေါ်ဆိုကြပါတယ်။

viral4real

မျက်လုံးအိမ် သို့မဟုတ် မျက်ဆန်ကို ဓားအပြင် အခြားချွန်ထက်တဲ့ ပစ္စည်းတွေနဲ့ ခြစ်ပြီး၊ သန့်ရှင်းရေး လုပ်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်နိုင်ဖို့အတွက် ဓားကိုင်ရာမှာ လက်ဆမှန်ကန်ဖို့ အရေးကြီးပြီး၊ ကံမကောင်းရင် မျက်လုံးပါ ကွယ်သွားနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

READ
လက်ရှိဇနီး အသက် 40 ဆရာမဘ၀တုန်းက 15 နှစ် ကျောင်းသားလေး Macron ရဲ့ အနမ်း
viral4real

အခုဆို မျက်လုံးဓားခြစ်သန့်ရှင်းရေလုပ်လိုတဲ့သူတွေဟာ ဆိုင်မှာ တန်းစီနေလေ့ရှိတယ်လို့ သိရပါတယ်။ ဒီလိုကုသနည်း သို့မဟုတ် မျက်စိသန့်ရှင်းနည်းကို ပိုပြီးရေပန်းစားအောင် ပြုလုပ်နိုင်ခဲ့သူတွေကတော့ Zhou ညီအစ်ကိုလို့ ခေါ်တဲ့ Zhou Chengfu နဲ့ Zhou Chengyin တို့ ဖြစ်ပါတယ်။

viral4real

Zhou ညီအစ်ကိုဟာ အခုအချိန်မှာ ဖခင်ရဲ့ခြေရာကို ကောင်းကောင်းလိုက်မီနေသူများ ဖြစ်ပြီး၊ မျက်လုံးအိမ်/မျက်ဆန် သန့်ရှင်းရေးလုပ်ငန်းများသာမက နားနဲ့ လည်ချောင်း သန့်ရှင်းရေးတွေကိုလည်း လုပ်ကိုင်နေကြပါတယ်။ သူတို့တစ်တွေ ဖောက်သည်တွေကို ၀န်ဆောင်မှုပေးနေတဲ့ ဓာတ်ပုံတွေမှာတော့ ဝေဖန်မှုတွေ ရှိခဲ့တယ်လို့ ဆိုရမှာပါ။

အကြောင်းကတော့ ဒီလို သန့်ရှင်းရေးလုပ်တဲ့နေရာမှာ အလွန်ညစ်ပတ်တဲ့ လက်တွေနဲ့ (လက်အိတ်မ၀တ်ခြင်း) အလွန်နုးညံ့ပြီး ကူးစက်ရောဂါတွေ ၀င်ရောက်နိုင်တဲ့ မျက်လုံး၊ မျက်ခုံး၊ မျက်သားတွေကို ကိုင်တွယ်ခြင်းဟာ ကမ္ဘာအနှံ့က လူမှုကွန်ယက်အသုံးပြုသူတွေအတွက်တော့ ဝေဖန်စရာဖြစ်ပါတယ်။

viral4real

အသက် 53 နှစ်အရွယ် Liu Deyuan အမည်ရ အမျိုးသားကြီးလည်း ဆံသလုပ်ငန်းအပြင် မျက်ဆန်သန့်ရှင်းရေးလုပ်ငန်းကိုပါ ပူးတွဲဝန်ဆောင်မှုပေးနေသူဖြစ်ပြီး၊ လုပ်သက် 7 နှစ် ကျော်သွားပြီလို့ ဆိုပါတယ်။ သူဟာ အလွန်ဈေးချိုသာပြီး နှစ်ခုစလုံးအတွက် တရုတ်ယွမ် 5 ယွမ်သာ ကျသင့်ပါတယ်။ သူလည်း စီးပွားရေးအဆင်ပြေနေပြီး၊ နေ့စဉ် ဖောက်သည်တွေနဲ့ လက်မလည်ဘူးလို့ သိရပါတယ်။

READ
ဇာတိကို ပြန်ကာမှ အဖမ်းခံခဲ့ရတဲ့ အပြည်ပြည်ဆိုင်ရာရဲ အဖွဲ့အစည်းရဲ့ ဥက္ကဌ

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE