မျက်ခမ်း လှုပ်ရတဲ့ အကြောင်းအရင်းနဲ့ ပျောက်ကင်းစေတဲ့ နည်းလမ်းများ

Image:freepik.com/freepik

မျက်ခမ်းလှုပ်ရှင် နိမိတ်မကောင်းဘူးဆိုပြီး အယူသည်းကြတာတွေ ရှိပါတယ်။ဒါပေမယ့် ကျန်းမာ ရေး ရှုထောင့် အရ ဆိုရင်တော့ မျက်ခမ်းလှုပ်ရတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။ဒါ ပေမယ့် မျက် ခမ်းက ပုံမှန် လှုပ်တာ မျိုး တွေ မဟုတ်ပဲ မျက်ခမ်းလှုပ်တာက သီတင်းပတ် အတော်ကြာ နေမယ်၊မျက်လုံးနား တင်မဟုတ်ပဲ မျက်နှာ တခု လုံးကိုပါ သက်ရောက် နေမယ်၊မျက်ဝတ် ထွက်တာ မျိုး တွေ ဖြစ်နေမယ်၊မျက်ခွံ ပါ တွဲကျ လာမယ်. ဆိုရင်တော့ ဆရာဝန်နဲ့ ပြ သ ကြည့်ဖို့ အကြံပြု ပါရစေ။မျက်ခမ်းလှုပ်ရတဲ့ အကြောင်းအရင်းနဲ့ ကု သ နိုင်တဲ့ နည်းတွေကိုတော့ Brightside မှာ အခုလို ဖော်ပြထားပါတယ်။

Screen ကြည့်ချိန် များ

Image:freepik.com/doucefleur

ဖုန်းသုံးတာ၊ကွန်ပျူတာ သုံးတာ အရမ်းများသွားရင်လည်း မျက်ခမ်းလှုပ်တာ မျိုးတွေ ဖြစ်တတ်ပါတယ်။Screen Time တွေ အရမ်း များ နေရင် တော့ အခုလို မျိုး ဖြစ်တတ်တာကြောင့် အကောင်းဆုံးကတော့ 20-20-20 နည်းကို ကျင့် သုံးပါ။မိနစ် ၂၀ Screen ကြည့်ပြီး ရင် ပေ ၂၀ အကွာအဝေးကို စက္ကန့် ၂၀ ကြာအောင် ကြည့်ပေးပါ။

READ
ညမအိပ်ခင် အစာစားခြင်းကြောင့် သာမာန်ထက် ပိုပြီး ၀ိတ်မတက်စေနိုင်ကြောင်း သိရ

Stress

Image:freepik.com/bunditinay

စိတ်ဖိစီးမှုတွေ အရမ်းများရင်လည်း မျက်ခမ်းလှုပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။စိတ်ဖိစီးမှုကို လျှော့ချ နိုင်ဖို့ အတွက် တရားထိုင်တာ၊ယောဂ လုပ်တာ မျိုးတွေ လုပ်ကြည့်ပါ။လေ့ကျင့်ခန်း နေ့စဉ် ပုံမှန်လုပ် ပေးတာ ကလည်း စိတ်ဖိစီးမှုကို ပြေ လျော့ စေပါတယ်။

အိပ်ချိန်နည်း

Image:freepik.com/torwaiphoto

ညဖက်တွေ ကောင်းကောင်းအိပ် မပျော်ပဲ အိပ်ရေးမ၀ ရင်လည်း အခုလို ဖြစ်တတ်ပါတယ်။ဒါကြောင့် ကိုယ်က မျက်ခမ်း တွေ လှုပ် နေရင် ကောင်းကောင်းအိပ်စက်ရရဲ့ လားဆိုတာကို ပြန်စဉ်းစားပါ။မအိပ်ရဘူးဆိုရင်တော့ အိပ်ရေး ၀၀ အိပ်စက် အနားယူ ပါ။

အာဟာရ မပြည့်ဝ

နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေ က လိုအပ်တဲ့ အစာအာဟာရ တွေ ပြည့်မှီနေဖို့ အ ရေးကြီးပါ။အစားအသောက်ကို အာဟာရ မျှမျှတတ ဖြစ်အောင် မစားရင်လည်း မျက်ခမ်းလှုပ်တတ်ပါတယ်။အဓိကက တော့ ကြွက်သားနဲ့ အာရုံ ကြော စနစ်တွေကို သွားထိ ပြီး အခုလို ဖြစ်တာပါ။

Caffeine ဓါတ် အရမ်းများ

Image:.freepik.com/tirachardz

ကဖင်းဓါတ်ပါတာတွေ ဥပမာ- ကော်ဖီ၊လက်ဖက်ရည်၊ကဖင်းဓါတ်ပါတဲ့ ခွန်အားဖြည့် အချိုရည်တွေ ကို သောက်တာ များ လွန်းရင်လည်း ခုလို ဖြစ်တတ်ပါတယ်။ဒါကြောင့် ကဖင်းဓါတ် များနေတယ်ဆိုရင် လျှော့ သောက် ပါ။

READ
ဘူဖေးစားတဲ့အခါတိုင်း မြတ်အောင်စားနိုင်စေမယ့် အခြေခံအချက် ၈ ချက်

ဓါတ်မတည့်တာ

တခုခုနဲ့ ဓါတ်မတည့်တာကြောင့်လည်း အခုလို ဖြစ်တတ်ပါတယ်။မျက်လုံးက ယားယံလို့ လက်နဲ့  မကြာခဏ ပွတ်မိရင်း အခုလို လည်း ဖြစ်တတ်ပါတယ်။နောက်ဆက်တွဲ အနေနဲ့ မျက်ခမ်းလှုပ်တာ မျိုး တွေ ဖြစ် တာပါ။အကောင်းဆုံး က တော့ မျက်စင်းခပ် ကြည့်ပါ။

ဖြေရှင်းနိုင်တဲ့ နည်းလမ်း များ

Image:freepik.com/valuavitaly

ပထမနည်းကတော့ ရေပတ်အုပ်ကြည့်ပါ။ရေနွေး(အရမ်းပူလို့ မရ နွေးရုံသာ)ထဲမှာ အ၀တ်သန့်သန့်လေးကို ထည့် ပြီး ရေပတ် ကပ် သလို မျက်လုံးကို အပြည့်အ၀ မှိတ်ထားပေးပြီး ကပ် ပေးရမှာပါ။ဒုတိယ နည်းကတော့ မျက်လုံးကို မှိတ်ရမှာပါ။နှာခေါင်း နှာတံ အပေါ်ပိုင်းတွေပါ ကျုံ့ သွားတဲ့ အထိ အားနဲ့ မှိတ် ရမှာပါ။မျက်ခမ်းလှုပ်ပြီဆိုတာနဲ့ အခုလိုမျိုး  အားနဲ့ညှစ် မှိတ် ပေးပါ။တစ်ခါ မှိတ်ရင် ၁၀ စက္ကန့် အနည်းဆုံး ၃ ကြိမ်လောက် လုပ်ပေးပါ။နောက်ဆုံး နည်းက တော့ မျက်လုံး အောက်ပိုင်း ကို နှိပ် ပေးရမှာပါ။လက် ချောင်းလေးတွေကို သုံးပြီး စက်ဝိုင်းပုံစံ လေး လှည့်ပြီး နှိပ်ပေးပါ။မနှိပ်ခင် လက်သေချာ ဆေးပြီးမှ နှိပ်ပါ၊ညင်ညင်သာသာ နှိပ်ပါ။

#SHWEMOM

SHARE