ဆိုရှယ်မီဒီယာမှာနာမည်ကြီးနေတဲ့ မျက်နှာရှည်ရှည်နဲ့ ချစ်စဖွယ် ခွေးကလေး

[email protected] eriszoi

ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေကတော့ ခွေးကလေးတွေပါပဲ။ ခွေးကလေးတွေဟာ အမြဲတစေ သူတို့သခင်တွေပေါ်မှာ သစ္စာအရှိဆုံး သတ္တဝါလေးတွေဖြစ်သလို လူတွေရဲ့ အချစ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေလဲ ဖြစ်ပါတယ်။ အခုပြောပြချင်တဲ့ခွေးကလေးကတော့ ခွေးမလေး Eris အကြောင်းပဲ ဖြစ်ပါတယ်။

Eris လေးဟာ အခြားခွေးတွေနဲ့ မတူတာကတော့ သူရဲ့ မျက်နှာလေးက တစ်ပေကျော်ရှိတာပါပဲ။ Eris ရဲ့ ပိုင်ရှင်တွေကတော့ အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်ရှိ Richmond မြို့မှာနေထိုင်တဲ့ Lily နဲ့ Savannah လို့အမည်ရတဲ့ အတွဲပဲ ဖြစ်ပါတယ်။

eriszoi

Lily တို့အတွဲဟာ Eris လေးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လလောက်ကစပြီး မွေးစားခဲ့တာ ဖြစ်ပါတယ်။ သူတို့မွေးတဲ့အချိန်မှာတော့ Eris လေးဟာ ကြီးပငလာရင် ဒီလောက်အထိ မျက်နှာလေးက ရှည်လာမယ်ဆိုတာ မသိကြောင်း ပြောကြားခဲ့ပါတယ်။

Eris လေးဟာ ရုရှားခွေးမျိုးနွယ်ဝင် Borzoi မျိုးနွယ်ဖြစ်ပြီး Borzoi ခွေးမျိုးတွေကိုက ဒီလိုမျက်နှာရှည်အမျိုးအစားပါပဲ။ ဒါပေမယ့် အဲဒီခွေးမျိုးစိတ်တွေအကုန်လုံးထဲမှာမှ Eris လေးကတော့ မျက်နှာအရှည်ဆုံးလို့တောင် ပြောနိုင်ပါတယ်။

READ
အိမ်ထောင်ရှင်တွေ ကွာရှင်းတဲ့အထိ ဖြစ်ရတဲ့ ကတ်သီးကတ်သပ် အကြောင်းရင်းများ
eriszoi

ဒီလို ထူးခြားတဲ့ ခွေးကလေးဖြစ်တာကြောင့် Lily တို့ဟာ Eris လေးအတွက် အရင်ကတည်းက ကိုယ်ပိုင် Instagram အကောင့်ဖွင့်ပေးခဲ့ပြီး Eris လေးရဲ့ လှုပ်ရှားမှုမှန်သမျှကို အဲဒီ Instagram အကောင့်မှာ တင်ပေးလေ့ရှိပါတယ်။ အခုဆိုရင်တော့ Eris လေးရဲ့ Instagram အကောင့်မှာ Follower 185k အထိ ရှိနေပြီပဲ ဖြစ်ပါတယ်။

“ Eris လေးကို ငယ်ငယ်လေးကတည်းက အခုအချိန်ထိ ဂရုစိုက်ခဲ့တာပါ။ သူ့မျက်နှာက သာမန်ခွေးကလေးတွေနဲ့ မတူပဲ အရမ်းရှည်တော့ အစာကျွေးချိန်ကအစ ကိုယ်တိုင်ပဲ ကျွေးပါတယ်။ ဒီလိုမျက်နှာရှည်လာတာနဲ့ ပတ်သတ်ပြီး အရင်တုန်းကတော့ Eris လေးတစ်ခုခု ချို့ယွင်းနေတယ် ထင်ခဲ့သေးတယ်။ အခုတဖြည်းဖြည်း Eris လေးကြီးလာတာနဲ့အမျှ အခြားခွေးလေးတွေလိုပဲ ပုံမှန်ဆော့ကစားနေတာမြင်ရမှ ဒါပုံမှန်ပဲဆိုပြီး စိတ်ချနိုင်ပါတော့တယ်” လို့ Lily က Bored Panda သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

eriszoi

Pyi Hein Kyaw

SHARE