မျက်နှာကိုလုံးဝကြည်လင်တောက်ပစေမယ့် သဘာဝပေါင်းတင်နည်း (၃) မျိုး

ပျိုမေတို့ရဲ့ မျက်နှာလေးကို သဘာဝနည်းအတိုင်း ကြည်လင်တောက်ပစေမယ့် နည်းလမ်းကောင်းလေးတွေကို stylecraze ကဖော်ပြထားပါတယ် ။ ဒါတွေကလည်း ခက်ခက်ခဲခဲ အဝေးကြီးမှာ သွားရှာစရာမလိုပါဘူး။ အလွယ်တကူ ရရှိနိုင်တဲ့ ပစ္စည်းလေးတွေဖြစ်လို့ လူတိုင်းအတွက် အဆင်ပြေမှာပါ။

(၁) သခွားသီးနဲ့ ရှားစောင်းလက်ပတ်

သခွားသီးတစ်ခြမ်းကို ရှားစောင်းလက်ပတ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းရောပြီး ကြိတ်လိုက်ပါ။ ရလာတဲ့ အရည်ကို မျက်နှာပေါ်မှာလိမ်းပြီး မိနစ် ၂၀ လောက်ထားလိုက်ပါ။ ပြီးရင် ရေအေးနဲ့ ဆေးလိုက်ပါ။ တစ်ပတ်တစ်ခါလောက် ပုံမှန်လုပ်ပေးသွားရင် ကြည်လင်တောက်ပတဲ့ အသားအရည်လေးကို ရရှိမှာပါနော်။

(၂) ငှက်ပျောသီး

ငှက်ပျောသီးတစ်လုံး၊ ဒိန်ချဉ် ဇွန်းတစ်ဝက်၊ ပျားရည် တစ်ဇွန်း၊ rosewater အနည်းငယ် တို့ကို သမသွားအောင် ရောမွှေလိုက်ပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်ကို လိမ်းပြီး ၁၅ မိနစ်လောက်ထားပါ။ ပြီးရင် ရေနွေးလေးနဲ့ဆေးကြောပေးပါ။ တစ်ပတ်တစ်ခါလောက် ပုံမှန်လုပ်ပေးသွားရင် အကောင်းဆုံး ရလဒ်ကို ရရှိမှာပါ။

READ
မျက်နှာပေါ်က အဆိပ်အတောက်တွေကို ဖယ်ရှားနည်း (၃)နည်း

(၃) အယ်လ်မွန်စေ့

အယ်လ်မွန်စေ့ ငါးစေ့နဲ့ နွားနို့တစ်ဇွန်းကို ရောကြိတ်လိုက်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်ကို လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေအေးနဲ့ ဆေးကြောလိုက်ပါ။ တစ်ပတ်တစ်ခါပုံမှန်လုပ်ပေးရင် ကြည်လင်တောက်ပတဲ့ အသားအရည်လေးကို ရရှိပါပြီ။

Em Em (shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE