နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ကမ္ဘာ့စမတ်အဖြစ်ဆုံး Mask ဖြစ်လာနိုင်ဖွယ်ရှိတဲ့ Project Hazel

www.razer.com

ဂိမ်းစက်နဲ့ ဂိမ်းကိရိယာဖန်တီးပြုလုပ်သူ Razer ဟာ အကြိမ်ကြိမ်အသုံးပြုနိုင်တဲ့ face mask တစ်ခုကို ဖန်တီးခဲ့ပါတယ်။ ၄င်းမှာ ဆေးပညာအဆင့်မီအသက်ရှူကိရိယာ၊ မိုက်ကရိုဖုန်းနဲ့ အသံချဲ့စက်တို့ပါဝင်မှာဖြစ်ပါတယ်။ Project Hazel လို့ခေါ်တဲ့ ၄င်း mask ဟာ လက်ရှိမှာ concept အဆင့်သာရှိသေးပြီး ဝယ်ယူလို့မရသေးပါဘူး။ Razer ကုမ္ပဏီကတော့ ဒီ mask ကိုဖန်တီးမယ့်အကြောင်းရင်းက တစ်ခါသုံး mask တွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မယ့် အန္တရာယ်ကိုကာကွယ်ဖို့ဖြစ်ကြောင်း CNN အရ သိရပါတယ်။

www.razer.com

Razer ဟာ အဓိက hardware ထုတ်လုပ်ပြီး ကွန်ပြူတာမောက်စ်နဲ့ လက်ပ်တော့တွေကိုဖန်တီးတဲ့ ကုမ္ပဏီပါ။ Razer ကတော့ mask အသစ်ဟာ N95 အဆင့်မီအသက်ရှူစက်ပါဝင်ကာ ဖြုတ်နိုင်တပ်နိုင်ပြီး အားသွင်းနိုင်တဲ့အသက်ရှူစက်တွေ၊ လေဝင်လေထွက်ကောင်းစေတဲ့ ထိန်းညှိကိရိယာတွေပါ ပါဝင်မှာဖြစ်ကြောင်း ဆိုပါတယ်။

READ
၁၉ ရာစုလောက်က လူတွေ ခန့်မှန်တီထွင်ခဲ့တဲ့ ဒီနေ့ခေတ်လူတွေရဲ့ နေထိုင်မှု ဒီဇိုင်များ
www.razer.com

အသက်ရှူစက်တွေကိုတော့ Wireless charging သေတ္တာထဲပြန်ထည့်ပြီး UV အလင်းရောင်နဲ့ ပိုးသတ်နိုင်မှာဖြစ်ပါတယ်။ ရေစိမ်ခံပြီး ပွန်းပဲ့တာ၊ ခြစ်ရာထင်တာမျိုးလည်းမဖြစ်ရအောင်၊ ပတ်ဝန်းကျင်အပေါ်ထိခိုက်မှုလည်းနည်းအောင် ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ်တွေကို အသုံးပြုမယ်ဆိုပါတယ်။

Mask ရဲ့ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်းကြောင့် လူတွေအနေနဲ့ ဝတ်ဆင်သူရဲ့မျက်နှာကိုပါ တွေ့နိုင်မှာဖြစ်ပါတယ်။ အမှောင်ထဲသွားတဲ့အခါ အလိုအလျောက်မီးလင်းလာအောင် ပြုလုပ်ထားပါတယ်။ ဗလုံးဗထွေးဖြစ်နေတဲ့စကားသံတွေကိုတော့ မိုက်ကရိုဖုန်း၊ အသံချဲ့စက်တွေရဲ့အကူအညီနဲ့ အသံကြည်လင်စွာကြားရမှာဖြစ်ပါတယ်။ ဝတ်ဆင်သူတွေအနေနဲ့ mask ရဲ့ lighting zones နှစ်ခုကို activate ပြုလုပ်ကာ အရောင်ပေါင်း ၁၆.၈ ရောင်နဲ့ lighting effects တွေကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

www.razer.com

Project Hazel smart mask ကိုတော့ လက်တွေ့အသုံးချနိုင်အောင်၊ လူသားတွေအတွက် သက်တောင့်သက်သာဝတ်ဆင်နိုင်ပြီး အဆင်ပြေအောင်ဖန်တီးဖို့ Razer က ဆိုပါတယ်။ ၄င်း Mask ကို ဘယ်အချိန်ထုတ်လုပ်မလဲဆိုတာတော့ မသိရဘဲ အသေးစိတ်စမ်းသပ်စစ်ဆေးလျက်ရှိကြောင်းလည်း သိရပါတယ်။

READ
ဝိတ်ကျချင်သူတွေ အစားမလွန်ဖို့ ဓာတ်လိုက်စေပြီး သတိပေးမယ့် ကျင်စက်

ShweMom

SHARE