Window 10 အတွက်Facebook နှင့် Messenger Application

Facebook မှ Window 10 အတွက် Facebook နှင့် Messenger Appilication အသစ်များကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။ ယခုတစ်ခေါက်မှာ ထုတ်လုပ်လိုက်သော Appilication များမှာတော့ native desktop notifications
ထည့်သွင်းထားခြင်း, News Feed များပိုမိုမြန်ဆန်လာခြင်း, သတင်းများ၊ စာပိုဒ်တိုများ၊ဆောင်းပါးများကို
ပိုမိုမြန်ဆန်စွာ Share နိုင်ခြင်း နှင့် အခြားသော ထပ်မံအဆင့်မြင့်လိုက်သော features တွေပါဝင်ထည့်သွင်းထား
ပါတယ်။

Facebook App ကိုတော့ Start Menu မှာထားရှိနိုင်ပြီး Browser ထက်ပိုမိုမြန်ဆန်စွာ News Feed ကိုတွေ့မြင်
ရမှာဘဲဖြစ်ပါတယ်။ Facebook Live Tile ဖြင့်လည်း နောက်ဆုံးရ News Feed များကိုတွေ့မြင်ရမှာဘဲဖြစ်ပါ
တယ်။ ပြီးနောက် ထူးခြားချက်အနေနဲ့ကတော့ ယခု window 10 Facebook App ကို တခြားသော Photo App များ, File Explorerများမှတဆင့် ဓာတ်ပုံများ Posting လုပ်နိုင်မှာဘဲဖြစ်ပါတယ်။

Messenger App ကိုလည်းဘဲ native desktop notification ထည့်သွင်းထားသောကြောင့် message အသစ်
ဝင်လာခဲ့လျှင် မြန်ဆန်စွာတွေ့ရှိနိုင်ပြီး မြန်ဆန်စွာဖြေကြားနိုင်ပါတယ်။ ယခင်မှ Messenger App များနှင့် အတူတူဘဲမို့လို့ အသုံးပြုရတာရင်းနီးနေမှာပါသို့သော် ထူးခြားချက်များကတော့ Voice,Voice Call,Photos,Videos များကိုတော့ ပိုက်ဆံပေးပြီးအသုံးပြုရမှာဘဲဖြစ်ပါတယ်။ အရည်အသွေးကောင်းပြီး လုံခြုံစိတ်ချရစွာ တီထွင်ထည့်သွင်းထားသောကြောင့်အသုံးပြုရအင်မတန်အဆင်ပြေစေမှာပါ။

Facebook App နှင့် Messenger App များကိုတော့ Window 8,Window 8.1,Window 10 စုစုပေါင်း Desktop App ၃မျိုးဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။ Window 10 ကိုတော့ အထူးတီထွင်မှုတွေဖြင့် အသုံးပြုသူပြည်သူများဆန်းသစ်စွာ အသုံးပြုနိုင်စေရန်ထုတ်လုပ်ထးတာဘဲဖြစ်ပါတယ်။ နောက်ထပ်ထပ်မံပြီးတော့ Window 10 Mobile Device ကိုလည်းထုတ်လုပ်ဖို့ အစီအစဉ်များရေးဆွဲနေပြီး App များကိုတော့ Free Download များရယူနိုင်ပါ
တယ်ဟု ဖော်ပြသွားပါတယ်။

Source: Lifehecker.com

READ
ကိုရီးယားကုမ္ပဏီတစ်ခုနဲ့ Huawei တို့ ပူးပေါင်းထုတ်လုပ်လိုက်တဲ့ စမတ်မျက်မှန်

shwemom-post-photo-1-1

 

SHARE