ကမ္ဘာအနှံ့ Facebook အသုံးပြုသူသောင်းချီ App ထဲ ဝင်မရတဲ့ အခက်အခဲများဖြစ်ပေါ်ခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာ (၁၀)ရက်က ကမ္ဘာအနှံ့မှာရှိတဲ့ Facebook အသုံးပြုသူ သောင်းချီဟာ သူတို့ရဲ့ ကိုယ်ပိုင်အကောင့်ထဲကို ၀င်မရမှုတွေဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ဒီဖြစ်ရပ်ဟာ App အသုံးသူတွေရော Browser နဲ့ အသုံးပြုသူတွေကိုပါ သက်ရောက်မှုတွေရှိခဲ့ပြီး၊ ဒီဖြစ်ရပ်ကြောင့် စိတ်ပျက်ခဲ့ကြသူတွေ အတော်များခဲ့တယ်လို့ The Sun က ဆိုပါတယ်။

UK အပါအ၀င် ဥရောပနိုင်ငံတွေနဲ့အတူ၊ အမေရိကန်တစ်ဝှမ်းမှာလည်း ဒီဖြစ်ရပ်က တစ်ပြိုင်နက်တည်းနီးပါး ဖြစ်ခဲ့ပြီး Down Detector အမည်ရ ၀က်ဘ်ဆိုက်မှာ ထုတ်ပြန်ချက်အရ အခုလိုဖြစ်ရခြင်းဟာ ကမ္ဘာတစ်လွှားကိုပေးထားတဲ့ ၀န်ဆောင်မှုကို ထောက်ပံထားတဲ့စနစ် ရပ်ဆိုင်းသွားတဲ့အတွက်ကြောင့်လို့ သိရပါတယ်။

ကိုယ်တိုင်ကြုံခဲ့ရသူတွေကတော့ Facebook ရဲ့ အလုပ်လုပ်မှုဟာ လုံးဝကို ရပ်ဆိုင်းသွားခဲ့ပြီး၊ အကောင့်ထဲကို ၀င်လို့ရသူတွေမှာလည်း Post တွေကို Like ပြုလုပ်ခြင်း၊ Share ပြုလုပ်ခြင်းနဲ့ Post များရးသားခြင်းတွေမှာ အဆင်မပြေမှုတွေ၊ အခက်အခဲတွေ မြောက်များစွာ ကြုံတွေ့ခဲ့ရကြောင်း ဆိုပါတယ်။

READ
iPhone7နဲ့Samsung Galaxy S7ပေါ်ကို တူပစ်ချပြီးစမ်းသပ်ခြင်း
Down Detector

UK မှာတော့ ဒီပြဿနာတွေဟာ ညနေ (၄)နာရီဝန်းကျင်ကတည်းက စတင်ခဲ့တာဖြစ်ပြီး၊ ဥရောပတစ်လွှားက အခြားနိုင်ငံတွေအပြင် အမေရိကန်ကမ်းရိုးတမ်းတစ်လျှောက်ကိုလည်း သက်ရောက်မှုတွေ၊ အခက်အခဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Instagram လည်း သုံးမရတော့ဘဲ၊ ဒီလိုအခြေအနေဟာ လုံးဝ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေဆိုပေမယ့် တော်တော်များများက စိတ်ပျက်နေကြတယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး Facebook ဟာ Twitter နဲ့ အခြားလူမှုကွန်ယက် အကောင့်တွေပေါ်မှာ လှောင်ပြောင်ခံနေရပါတယ်။ တွစ်တာအသုံးပြုသူတစ်ဦးက ” Facebook ကနေ စာပို့တယ် … သူတို့ ပြန်လာမှာပါတဲ့ … ရှင်တို့ရဲ့ အကြင်နာတရားတွေအတွက် ကျေးဇူးတင်ပါတယ် “လို့ လှောင်ပြောင်ခဲ့ပါတယ်။

အခြားတစ်ယောက်ကတော့ တွစ်တာပေါ်မှာ ” အင်စတာဂရမ်ကို ၀င်မရဘူး … ဘာဖြစ်တာလဲမသိ ကူညီကြပါဦး “ဆိုပြီး အပေါင်းအသင်းတွေကို အကူအညီတောင်းထားခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် Snapchat အသုံးပြုသူများကတော့ တနင်္လာနေ့၊ EE အသုံးပြုသူများမှာ အင်္ဂါနေ့တို့မှာ အသုံးပြုရ ခက်ခဲခဲ့တယ်လို့ သိရပါတယ်။ Facebook ကတော့ သူတို့ ဒီလိုမဖြစ်ရအောင် ကြိုးစားလုပ်ဆောင်နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

READ
AndroidသုံးသူတွေကiPhoneသုံးသူတွေထက် ပိုမိုရိုးသားဟုပညာရှင်များဆို

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE