Facebook Messenger မှာ dark mode ကို ဘယ်လိုပြောင်းရမလဲ

လက်ရှိခေတ်အစားဆုံး ဖြစ်နေတဲ့ messaging app တွေထဲက တစ်ခုဖြစ်တဲ့ Facebook Messenger မှာတော့ လူတိုင်း စောင့်မျှော်နေခဲ့ကြတဲ့ အနက်ရောင်ဗားရှင်း “dark mode” ရောက်လာပါပြီ။ Android ရော iOS မှာပါ အသုံးပြုလို့ရနေပြီဖြစ်တဲ့ “dark mode” ကတော့ app ထဲမှာ သူ့အလိုလို ပေါ်လာမှာတော့ မဟုတ်ဘဲ နည်းလမ်းလေးတစ်ခု သုံးပြီး ဖော်ရပါတယ်။

MobileSyrup

မနှစ်တုန်းကတော့ Messenger ရဲ့ dark mode ကို စမ်းသပ်နေစဉ်အတွင်း အချို့အသုံးပြုသူတွေဆီမှာ သွားပေါ်ခဲ့ပါသေးတယ်။ App ရဲ့ နောက်ဆုံးဗားရှင်း ဒေါင်းလုတ်ဆွဲထားပြီးတဲ့ အသုံးပြုသူတိုင်းဆီမှာတော့ ယခုမှ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

Smartphones – Gadget Hacks

Dark mode ကို ပြောင်းဖို့အတွက် သင်အရင်ဆုံးလုပ်ရမှာကတော့ တစ်ယောက်ယောက်ဆီ ဒါမှမဟုတ် သင့်ကိုယ်သင်ဆီကို လခြမ်းပုံ ☽ emoji လေးတစ်ခု ပို့လိုက်ရမှာဖြစ်ပါတယ်။ App ရဲ့ ဗားရှင်းက update ဖြစ်ရင်တော့ သင် လခြမ်းလေး ပို့ပြီးနောက် chat box ထဲမှာ အပေါ်ဘက်ကနေ လခြမ်းတွေ ကျလာပါလိမ့်မယ်။

READ
ခင်ပွန်းဖြစ်သူဖောက်ပြန်နေတာကို Find My iPhone Appနဲ့ အမိဖမ်းပြခဲ့သူ
Android Police

ပြီးတာနဲ့ dark mode သင်စသုံးလို့ရပြီဖြစ်ကြောင်း pop-up လေးတစ်ခု ပေါ်လာမှာ ဖြစ်ပြီး dark mode အတွက် on/off ကို Messenger ရဲ့ setting ထဲမှာ စလုပ်လို့ရသွားပြီဖြစ်ပါတယ်။ ကဲ.. dark mode မသုံးကြည့်ရသေးသူတွေ သွားစမ်းလုပ်ကြည့်လိုက်တော့နော်။

Ref: Tech Radar

SHARE