Messenger ရဲ့ Unsend Feature အသစ်ကို စတင်အသုံးပြုလို့ရနေပြီ

Facebook ရဲ့ Messenger မှာ အမှားမှားအယွင်းအယွင်းနဲ့ ပို့လိုက်မိတဲ့ Message တွေ၊ပို့ပြီးမှနောင်တရမိနေတဲ့ Message တွေကိုတော့ အခုဆိုရင်ပြန်ပြီး Remove လုပ်လို့ရနေပါပြီ။Facebook က Unsend Feature  အသစ် ကို မိတ်ဆက်ပေးမယ်လို့ ပြောထားခဲ့တာကြာပါပြီ။အခုဆိုရင်တော့ Unsend Feature အသစ်ကို စတင်အသုံးပြု လို့ ရ နေပါပြီ။

Technobezz
Technobezz

Messenger မှာ ပို့ပြီးမှ Message တွေကို ပြန်ပြီး Remove လုပ်ချင်တယ်ဆိုရင်တော့ ကိုယ်ပို့လိုက်တဲ့ Message အပေါ် ကို ကြာကြာဖိထားပါ။အဲ့ဒါဆိုရင်တော့ Remove for Everyone နဲ့  Remove for You ဆိုတဲ့ စာသား နှစ် ခုထွက်ပေါ်လာပါလိမ့်မယ်။ Remove for Everyone ကတော့ ကိုယ့်စီမှာရော၊ကိုယ်ပို့လိုက်မိတဲ့ သူဆီမှာပါ အဲ့ဒီ Message က ပျက်သွားမှာပါ။Remove for Everyone ကို ရွေးမယ်ဆိုရင်တော့ အဲ့ဒီ Message ရဲ့ နေရာ မှာ You Removed a Message ဆိုတဲ့ စာသားပေါ်နေမှာပါ။ဒါပေမယ့် Message တွေကို Remove ပြန် လုပ် ဖို့က အချိန်အကန့်အသတ်တော့ရှိပါတယ်။အဲ့ဒါကတော့ (၁၀)မိနစ်အတွင်းမှာသာ ပြန်ပြီး Remove လုပ်လို့ ရမှာပါ။ (၁၀) မိနစ်ကျော်သွားရင်တော့ Remove for Everyone နဲ့  Remove for You ဆိုတဲ့ စာသားနှစ်ခု အစား Remove for You ဆိုတဲ့ စာသားတစ်ခုတည်းသာပေါ်မှာဖြစ်ပြီး တစ်ဖက်လူဆီကိုပို့မိတဲ့ Message ကို ပြန်ပြီး Remove လုပ်လို့ရတော့မှာမဟုတ်ပါဘူး။

READ
ပေါင်သန်း(၁)ထောင်အကုန်အကျခံဆောက်လုပ်နေတဲ့ Sci-Fi Theme Park
Technobezz
BT.com

ပြီးခဲ့တဲ့ ဧပြီလတုန်းက Facebook ရဲ့ CEO  Mark Zuckerberg ပို့လိုက်တဲ့ Message တွေ ပြန်ပြီး Delete ဖြစ်သွား တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် ခဲ့ပါတယ်။Mark Zuckerberg ပို့လိုက်တဲ့ Message တွေ ကထူးဆန်း စွာနဲ့ ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။အဲ့ဒီမှာပဲ မေးခွန်းများစွာထွက်ပေါ်ခဲ့ပြီး (၂၀၁၄)တုန်းက Sony Pictures Email တွေ အဟက်ခံလိုက်ရတဲ့ ဖြစ်ရပ်နောက်ပိုင်း လုံခြုံရေးကြောင့် Zuckerberg ရဲ့ Message တွေဟာ အချိန် တစ်ခုကျရင် Expire ဖြစ်ပြီး Delete ဖြစ်သွားတယ်လို့ အတည်ပြုခဲ့ကြပါတယ်။အဲ့ဒီမှာပဲ လူတွေက Zuckerberg နဲ့  Facebook ရဲ့ တခြားအကြီးတန်းတာဝန်ရှိသူတွေဟာ သူတို့ပို့လိုက်တဲ့ Message တွေကို ပြန်ပြီး Delete လုပ် နိုင် တယ်ဆိုတဲ့ အချက်ကို လူတွေက တွေ့ရှိခဲ့ကြပါတယ်။ပို့ပြီးသား Message တွေကို Delete လုပ်နိုင်တဲ့ လုပ်ပိုင် ခွင့်က သူတို့ဆီမှာသာရှိပြီး တခြားပုံမှန်အသုံးပြုသူတွေကတော့ အဲ့ဒီလို လုပ်လို့မရပါဘူး။

READ
လီယိုနာဒိုဒါဗင်ချီရဲ့ ပန်းချီကား ဒေါ်လာ သန်း (၄၅၀)ဖြင့် လေလံတင်ရောင်းချနိုင်ခဲ့
Daily Express
Daily Express

။ဒါပေမယ့် အဲ့ဒီကိစ္စပေါ်ပေါက်ပြီး နာက်ပိုင်းမှာတော့ လာမယ့်လအနည်းငယ်အတွင်းမှာ “unsend” feature အသစ်ကို Facebook User တွေ လက်ထဲပေးပို့သွားမယ်လို့ Facebook က ပြောခဲ့ပါတယ်။ဒါကြောင့်လည်း ဒါဟာ Zuckerberg power ကို အခြေခံပြီး ထုတ်ထားတယ်လို့ Facebook ကုမ္ပဏီဘက်ကနေ ပြောတာပါ။Messenger ရဲ့ Unsend Feature အသစ်ကို တော့  နောက်ဆုံးထွက်ရှိထားတဲ့ Messenger latest versions (iOS နဲ့ Android ဖုန်းအသုံးပြုေ တွအားလုံး) ကို Download လုပ်ယူပြီး စတင်အသုံးပြုလို့ရနေပါပြီ။

The Financial Express

Source theverge

SHARE