စိတ်အနှောက်အယှက်ဖြစ်စေသူတို့ကို Snooze လုပ်လို့ရဖို့ Facebook စီစဉ်နေ

မကြာခင်မှာ ကျွန်တော်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် လူတွေရဲ့ ပိုစ့်တွေကို ‘Snooze’ လုပ်လို့ရတော့မယ့် လုပ်ဆောင်မှုအသစ်ကို facebook ဗားရှင်းအသစ်မှာ ပါဝင်လာမယ်လို့ mirror သတင်းစာမျက်နှာမှ သိရပါတယ်။

https://techcrunch.com/2017/09/14/facebook-snooze/

‘Snooze’ ကိုတီထွင်လိုက်ရတဲ့အကြောင်းကတော့ ကျွန်တော်တို့ကို စိတ်အနှောင့်အယှက်ပေးနေတဲ့ ဖေ့ဘွတ်ပေါ်က တချို့သူငယ်ချင်းတွေရဲ့ပိုစ့်တွေကို ခေတ္ထာခဏ အနားပေးလိုက်မယ့်သဘောပါ။ အဲ့လုပ်ဆောင်မှုမှာဆိုရင်တော့ ပိုစ့်တစ်ခုကို ၁၂ နာရီ ၊ ၇ရက် ၊ ရက် ၃၀ အထိ ဖျောက်ထားလို့ရပါတယ်။ အမြဲတမ်းလည်း Snooze လုပ်ထားလို့ရပါတယ်။ Facebook ကို ကျွန်တော်တို့တွေ စတင်အသုံးပြုတာ ၁၃နှစ်ရှိနေခဲ့ပြီး ကျွန်တော်တို့ကို အမြဲ အတွေ့အကြုံအသစ်တွေနဲ့အသုံးပြုလို့ရအောင်လုပ်ပေးနိုင်ခဲ့ပါတယ်။

https://techcrunch.com/2017/09/14/facebook-snooze/

ဒီ Snooze ရဲ့လုပ်ဆောင်မူကတော့ Pages နဲ့ Group တွေမှာ ကိုယ့်မမြင်ချင်တဲ့ ပိုစ့် တစ်ခုကို ရက်၃၀ ကြာတဲ့ အထိဖျောက်ထားလို့ရပါတယ်။ Snooze ပါလာမယ့်နေရာကတော့ ‘Hide Post’ ရဲ့အောက်ဘက်မှာ ပါလာမှာဖြစ်ပါတယ်လို့ သိရပါတယ်။

READ
ကျန်းမာရေးလိုက်စားသူများအတွက် အသုံးဝင်တဲ့ Samsung Gear Fit2

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE