Downvote ခလုတ် အသုံးပြုဖို့ စမ်းသပ်နေတဲ့ Facebook

ကမ္ဘာပေါ်ကလူတွေရဲ့ နေ့စဉ်ဘ၀မှာ မရှိမဖြစ်နေရာယူထားတဲ့ Facebook က သုံးစွဲသူတွေကို post တွေ အောက်မှာ မိမိတို့ရဲ့မနှစ်သက်မှု ပြသနိုင်တဲ့ “Downvote” ခလုတ်ကို ထည့်သွင်း အသုံးပြုဖို့ စမ်းသပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ (၂၀၁၅)ခုနှစ်လောက်ကလည်း Facbook ဟာ သုံးစွဲသူတွေ မိမိတို့ရဲ့ မနှစ်သက်မှုကို ပြသနိုင်ဖို့ “Dislike” ခလုတ်ကို စမ်းသပ်ခဲ့ပေမယ့် အဆင်မပြေမှုများစွာ ကြုံတွေ့ခဲ့ရတောကြောင့် အဲဒီအစီအစဉ်ကို လက်လျှော့ခဲ့ပါတယ်။

Financial Turbine

ပြိုင်ဘက် ဆိုရှယ်မီဒီယာတွေ အားကောင်းလာမှု၊ သုံးစွဲသူတိုးပွားမှုနှုန်း လျော့ကျလာမှုတို့ကို ရင်ဆိုင်နေရတဲ့ Facebook ဟာ (၂၀၁၈)ခုနှစ်အတွင်း တီထွင်ဆန်းသစ်မှုအသစ်တွေကို ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားပြီး တည်ထောင်သူ Mark Zuckerberg ကိုယ်တိုင် ဒီစီမံကိန်းကို ဦးစီးဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

READ
ကမ္ဘာအနေနဲ့ ဂြိုဟ်သားတွေကို ပထမဆုံး ဆက်သွယ်မူပြုလုပ်ဖို့ကြိုးစားနေပြီ

Facebook ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ “ကျွန်တော်တို့ဟာ Dislike ခလုတ်ကို ပြန်အသက်သွင်းပြီး စမ်းသပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ စမ်းသပ်နေတာ သုံးစွဲသူတွေဟာ comment တွေနဲ့ ပတ်သတ်ပြီး သတင်းပို့ပေးနိုင်မယ့် လုပ်ဆောင်ချက် အသစ်တစ်ခုကိုပါ။ လောလောဆယ်တော့ အမေရိကန်မှာရှိတဲ့ လူအနည်းကိုပြီး သုံးစွဲခွင့်ပေးထားပါသေးတယ်” လို့ မီဒီယာတွေကို သတင်းထုတ်ပြန်ခဲ့ပါတယ်။

Swiftly

Downvote ခလုတ်ကို နိုပ်လိုက်မယ်ဆိုရင် ရွေးချယ်စရာ လုပ်ဆောင်ချက်(၃)ခုထွက်ပေါ်လာပါလိမ့်မယ်။ Offensive ၊ Misleading နဲ့ Off Topic တို့ပါ။ ဒီ လုပ်ဆောင်ချက်အသစ်တွေက သတင်းအမှားတွေကို မပြန့်ပွားခင် အချိန်မီသိရှိပြီး ဖယ်ရှားနိုင်မယ်လို့လည်း Facebook က ယုံကြည်နေပါတယ်။

Twitter

ဒါပေမယ့် Downvote ခလုတ်ကို နာမည်ကြီး ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Reddit က စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်လည်း Facebook က သူတို့ထုံးစံအတိုင်း ပြိုင်ဘက်ကုမ္ပဏီရဲ့ တီထွင်မှုကို ခိုးချတယ်လို့ ဝေဖန်ခံနေသလို နာမည်ကြီး အမေရိကန် တင်းနစ်မယ် ဆီရီနာဝီလျံရဲ့ခင်ပွန်း ၊ Reddit တည်ထောင်သူ အလက်ဆစ် အိုဟာနီယန်ကတော့ သူ့ရဲ့ Twitter ပေါ်မှာ Facebook ကို လှောင်ပြောင်ခဲ့ပါတယ်။

READ
iPhone 7 နဲ့ Samsung Galaxy S7 ကို ၁၀နာရီကြာ ရေခဲရိုက်ပြီးစမ်းသပ်ခြင်း

Source: CNBC

ZARNI

SHARE