သရုပ်ဆောင်အသစ်တွေနဲ့ ထပ်မံရိုက်ကူးတော့မယ့် Face/Off ရုပ်ရှင်ကား

FaceOff/Imdb

တစ်ချိန်တုန်းက ကျနော်တို့ နိုင်ငံမှာ အင်မတန်နာမည်ကြီးခဲ့တဲ့ ဒါရိုက်တာ ဂျွန်ဝူးရိုက်ကူးခဲ့တဲ့ Face/Off ရုပ်ရှင်ဟားကို သရုပ်ဆောင်အသစ်တွေနဲ့ ပြန်လည်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ နာမည်ကျော်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Paramount ကုမ္ပဏီက Face/Off ကို ပြန်လည် အသက်သွင်းတော့မှာဖြစ်ကြောင်း Hollywood Reporter သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

FaceOff/IMDB

၁၉၉၇ ခုနှစ်က Nicolas Cage နဲ့ John Travolta တို့ရဲ့ ရာဇဝတ်မှုအားပြိုင်မှုအကြောင်းကို ရိုက်ကူးထားတဲ့ Face/Off ဟာ အင်မတန်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဗီလိန်နဲ့ မင်းသားတို့ ကြားမှာ မျက်နှာချင်းလဲလှယ်ပြောင်းလဲတပ်ဆင်လိုက်တာတွေကို ပြန်သတိရကြဦးမှာပါ။

ဝေဖန်သူတချို့ကတော့ Face/Off ကို အရင်သရုပ်ဆောင်တွေနဲ့ မဟုတ်ဘဲ သရုပ်ဆောင်အသစ်တွေနဲ့ ရိုက်ကူးမှုကို မနှစ်မြို့ကြပါဘူး။ ဝေဖန်သံတွေ ဆူညံနေပြီး မူလရုပ်ရှင်ကို မဖျက်ပါနဲ့လို့လည်း တောင်းဆိုသံတွေ ထွက်နေကြပါတယ်။

22 Jump StreetThe Cloverfield Paradox နဲ့ Sonic the Hedgehog တို့ကို ဇာတ်ညွှန်ရေးခဲ့တဲ့ Oren Uziel  က Face/Off ရုပ်ရှင်ကားအသစ်ကို ဇာတ်ညွှန်းရေးသားသွားမှာဖြစ်ပါတယ်။ Fast and Furious ရုပ်ရှင်ကားတွေကို ထုတ်လုပ်ခဲ့တဲ့ Producer ဖြစ်သူ Neal Moritz နဲ့ မူလFace/Off ရုပ်ရှင်ရဲ့ Producer ဖြစ်သူ David Permut တို့က ပူးတွဲ ထုတ်လုပ်သွားမှာလည်းဖြစ်ပါတယ်။

READ
ပရိသတ်အများစု မသိကြတဲ့ Margot Robbie ရဲ့ စိတ်ဝင်စားစရာ ဘ၀အကြောင်း

 

Ye Yint Kyaw

SHARE