စက်ရုံဂဟေဆက်သမားဘ၀ကနေ ဟော့ပေါ့ရောင်းပြီး မီလျံနာဖြစ်လာတဲ့အမျိုးသား

facebook/Zhang Yong, instagram/haidilaohotpotus

ဘီလျံနာတွေတစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာတဲ့ယနေ့ခေတ်ထဲမှာ အာရှယဉ်ကျေးမှုထဲထူးထူးခြားခြားထင်ပေါ်နေတဲ့ စွန့်ဦးတီထွင်သူတစ်ယောက်ရှိပါတယ်။ သူကတော့ အသက်(၄၉) နှစ်ရှိပြီဖြစ်ပြီး ဒေါ်လာ (၁၂.၂) ဘီလီယံကြွယ်ဝချမ်းသားတဲ့ ကျန်းယုံပဲ ဖြစ်ပါတယ်။ ကျန်းယုံဟာ စင်္ကာပူမှာအချမ်းသာဆုံးအမျိုးသားဖြစ်ပါတယ်။ သူ့ရဲ့စီးပွားရေးလုပ်ငန်းက ဟော့ပေါ့စီးပွားရေးလုပ်ငန်း Haidilao ဖြစ်ပါတယ်။

View this post on Instagram

For all the OC locals that love hotpot!! Haidilao is finally open in Irvine, California! It is located on the second floor in the Diamond Jamboree plaza. If you’ve been to the one in Arcadia at the Santa Anita mall, you would know how good the hotpot is here! And what’s better is that the Irvine location offers 2×2 square hotpot so you can try more soup bases at once! The meticulous interior design provides a relaxing ambience that enhances your dining experience! you! 📍2710 Alton Pkwy Ste 215 Irvine, CA 92606 📞 (949) 566-1766 👇🏻👇🏽👇🏿 Tag a friend who you want to try the new location with‼️ #hdl #foodie #foodlover #hotpot #grandopening #irvine #diamondjamboree #oceats

A post shared by Haidilao US (@haidilaohotpotus) on

အခြားကိုယ့်ထူးကိုယ်ချွန်ဘီလျံနာတွေလိုပဲ ကျန်းရဲ့ဘ၀ဟာလည်း ရိုးရှင်းတဲ့ဘ၀ဖြတ်သန်းမှုရှိခဲ့ပါတယ်။ သူက အထက်တန်းမအာင်ပါဘူး။ အခုဆို Haidilao ရဲ့အထူးဟင်းလျာဖြစ်တဲ့ ထင်ရှားတဲ့စီချွမ်ဟော့ပေါ့ကို ဘယ်လိုလုပ်ရမလဲဆိုတာလည်း သူမသိခဲ့ပါဘူး။ (၁၉၉၄) ခုနှစ်မှာ သူကစက်ရုံတစ်ရုံမှာ ဂဟေဆက်တဲ့အလုပ်သမားအဖြစ်ကနေ အလုပ်ထွက်လိုက်ပါတယ်။

READ
အပြင်ပန်းသဏ္ဍာန်ကြည့်ပြီး လူတွေကို အကဲမဖြတ်သင့်ကြောင်း ပြောပြခဲ့တဲ့အမျိုးသား

ကျန်းက တရုတ်နိုင်ငံ စီချွမ်ဇာတိဖြစ်ပါတယ်။ အသက်(၁၉) နှစ်ရောက်မှ ဟော့ပေါ့ဆိုင်ထဲကို ခြေချဖူးတဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူသွားစားတဲ့ဆိုင်က အရသာတော်တော်လေးဆိုးတဲ့အပြင် ၀န်ထမ်းတွေက ရိုင်းစိုင်းတာကိုတွေ့တော့ ၀န်ဆောင်မှုရဲ့တန်ဖိုးကို သူနားလည်ခဲ့ပါတယ်။ ဒါနဲ့ပဲ သူ့မှာ ဟော့ပေါ့ဆိုင်ဖွင့်ရင်ကောင်းမယ်ဆိုပြီး စိတ်ကူးရပါတယ်။

ကျန်းဟာ ဟော့ပေါ့ဆိုင်ကို ထိုစဉ်က ရည်းစား ယခုတော့ ဇနီးသည်ဖြစ်နေပြီဖြစ်တဲ့ ရှုပင်းအပါအ၀င် တခြားသူငယ်ချင်းနှစ်ယောက်နဲ့ စပ်ပြီး ဖွင့်ပါတယ်။ စဖွင့်တုန်းကတော့ ဆိုင်မှာ စားပွဲလေးလုံးပဲခင်းနိုင်ပါတယ်။ အရင်းအနှီးကလည်း သိပ်မရှိတော့ ယွမ်တစ်သောင်း (ဒေါ်လာ ၁၄၀၀) လောက်ပဲ သုံးနိုင်ပါတယ်။

READ
မွေးရာပါ ဥာဏ်ရည်မမီတဲ့သမီးလေး ဘွဲ့ရသွားလို့ ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ဖခင်ကြီး

ဒါပေမဲ့ကျန်းနဲ့ အဖွဲ့ဝင်တွေက အလုပ်သေချာကြိုးစားကြတော့ (၅) နှစ်အတွင်းမှာပဲ အမြတ်ငွေက ယွမ် (၁၅၀,၀၀၀) လောက် ဖြစ်လာပါတယ်။ နောက်ပိုင်း အလုပ်ကောင်းလာတော့ စားပွဲလေးလုံးကနေ စားသောက်ဆိုင် တစ်ထပ်လုံးကို ငှား၊သေချာပြင်ဆင်ပြီးအဲကွန်းတွေဘာတွေတပ်နဲ့ အဆင်မြှင့်ခဲ့ပါတယ်။ (၁၉၉၈) မှာတော့ သူတို့က ဒုတိယမြောက်ဆိုင်ခွဲကိုဖွင့်နိုင်ပါတယ်။

(၂၀၁၈) မှာတော့ ကျန်းဟာ စင်္ကာပူနိုင်ငံသားဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနှစ်အဆုံးပိုင်းလောက်မှာပဲ ကျန်းဟာ သူ့ရဲ့ Haidilao ဟော့ပေါ့ဆိုင်တွေကို တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်၊ သြစတေးလျ၊ ကနေဒါနဲ့အမေရိကန်အပါအ၀င် မြို့ပေါင်း (၁၀၀) ကျော်မှာ ဆိုင်ခွဲပေါင်း (၄၆၆) ဆိုင်ကို ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆိုင်နာမည် Haidilao ရဲ့အဓိပ္ပါယ်ကတော့ မန်ဒရင်းဘာသာနဲ့ဆို ပင်လယ်ရေအောက်မှရတနာများကို တူးဆွခြင်းလို့ သိရပါတယ်။ Haidilao ဆိုင်တွေဟာ အစားအသောက်တင်မကပဲ ၀န်ဆောင်မှုကလည်း အရမ်းကောင်းတယ်လို့ ဆိုကြပါတယ်။ ကျန်းကတော့ “ကျွန်တော်က ကျွန်တော့်ဆိုင်ကိုရောက်လာတဲ့ ဘယ်ဧည့်သည်မဆို ဆိုင်ကနေမပြန်ချင်အောင်ပဲ စီမံတယ်..” လို့လည်း ပြောခဲ့ကြောင်း nextshark သတင်းအရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE