လမ်းဘေးမှာ ကမ္ဘာ့လှည့်ခရီးသည်တွေကို ဖျော်ဖြေရင်းနဲ့ နာမည်ကျော်လာတဲ့ ကောင်မလေး

[email protected] alliesherlock

ကမ္ဘာကျော်အဆိုတော်တွေထဲက တစ်ချို့ဟာ လမ်းဘေးမှာ သီချင်းတွေသီဆိုပြီး လူသိရှင်ကြား ဖြစ်လာခဲ့တာကိုတော့ တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ Ed Sheeran, Justin Bieber, Robin Williams, Rod Stewart အစရှိတဲ့ အနုပညာရှင်တွေဆိုရင်လည်း အခုလို ကမ္ဘာကျော် အဆိုတော်ဘဝ မရောက်ခင်တုန်းက လမ်းဘေးမှာ သီချင်းဆိုခဲ့ရတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ အခုပြောပြချင်တဲ့ လမ်းပေါ်က အနုပညာရှင်လေးကတော့ အသက် ၁၅ နှစ်သာရှိသေးတဲ့ Allie Sherlock လို့ အမည်ရတဲ့ Irish အဆိုတော် ကောင်မလေးပဲ ဖြစ်ပါတယ်။ Allie ဟာ လမ်းပေါ်မှာ သီချင်းတွေဆိုရင်း ဖျော်ဖြေကာ အနုပညာလောကထဲကို တိုးဝင်ဖို့ ကြိုးစားနေတဲ့ အဆိုတော် ကောင်မလေးတစ်ယောက်ဖြစ်ကြောင်း Irish Central သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Allie ကို ၂၀၀၅ ခုနှစ်က Ireland နိုင်ငံ၊ County Cork မြို့မှာ မွေးဖွားခဲ့ပြီး သူမဟာ ကလေးဘဝကတည်းက သီချင်းဆိုရတာကို အင်မတန်နှစ်ခြိုက်တဲ့ အဆိုတော်ကောင်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Ed Sheeran ရဲ့ Supermarket Flowers သီချင်းကို Dublin မြို့ရဲ့ Grafton လမ်းမကြီးပေါ်မှာ ဖျော်ဖြေခဲ့ပါတယ်။ Allie ရဲ့ အဆိုပါ ဖျော်ဖြေမှု ဗီဒီယိုဖိုင်ဟာ Youtube ပေါ်မှာ ကြည့်ရှု့သူ ၁၁ သန်းကျော် ရှိခဲ့တဲ့အပြင် လူတော်တော်များများကို ဆွဲဆောင်နိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုဆိုလည်း မမှားပါဘူး။ Allie ရဲ့ လမ်းပေါ်က ဖျော်ဖြေမှုကို ကြိုက်နှစ်သက်ခဲ့တဲ့ လူတွေထဲမှာ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး Talk show တင်ဆက်သူ Ellen DeGeneres လဲ ပါဝင်ခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ အရောက်မှာတော့ Ellen ဟာ Allie ကို သူမရဲ့ Talk show ကို ဖိတ်ခေါ်ခဲ့ပြီး Allie ရဲ့ ဘဝအကြောင်းနဲ့ ဂီတအပေါ် ရူးသွပ်တဲ့ Allie ရဲ့ ခံယူချက်ကို လူအများသိအောင် ထုတ်ဖော်ပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ Allie ကို One Republic အဖွဲ့ဝင် Ryan Tedders ပိုင်ဆိုင်တဲ့ Patriot Records ကုမ္ပဏီမှ ၅ နှစ်စာ စာချုပ်ချုပ်ခဲ့ပါတယ်။ အသက် ၁၅ နှစ်သာ ရှိသေးတဲ့ Allie ဟာ တော်တော်လေးကို ကြိုးစားတဲ့ လူငယ်တစ်ယောက်လို့ တောင် ပြောနိုင်ပါတယ်။ အသက်ငယ်ငယ်နဲ့ အချိန်ခဏလေးအတွင်း သူမရဲ့ Youtube channel မှာ sucscribers ၃.၂ သန်းကျော် ရှိခဲ့တဲ့အပြင် Instagram မှာဆိုရင်လည်း Followers ပေါင်း ၁.၄ သန်းကျော် ပိုင်ဆိုင်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

READ
ထွန်းကိုကို နဲ့ “We Love Tun Ko Ko “အဖွဲ့သားတွေရဲ့ မွန်မြတ်တဲ့ အလှူ

 

 

View this post on Instagram

 

What an amazing weekend performing with these guys @fabiorodrigues.music & @j_mc_drumz 💜

A post shared by A L L I E S H E R L O C K (@alliesherlock) on

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာဆိုရင်လည်း Justin Bieber ရဲ့ Intentions သီချင်းကို Cover ပြန်ဆိုခဲ့သလို Justin Bieber ကိုယ်တိုင်က Allie ရဲ့ Intentions သီချင်း Cover ကို သူ့ရဲ့ Instagram အကောင့်မှာ ပြန် share ခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်ကြား ဆက်ဆံရေးဟာ ကောင်းခဲ့ပေမယ့် ၂၀၂၀ ခုနှစ်၊ မေလထဲမှာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ရုတ်ချည်း တင်းမာခဲ့ပါတယ်။ အကြောင်းကတော့ လူမျိုးရေး ခွဲခြားခံခဲ့ရပြီး သေဆုံးခဲ့တဲ့ George Floyd နဲ့ ဆက်စပ်နေတာပါပဲ။

READ
Jungkook ကို လှောင်ပြောင်ခဲ့လို့ BTS ဖန်တွေရဲ့ အပြစ်တင်ခံနေရတဲ့ ရုပ်သံလိုင်း

George Floyd သေဆုံးသွားတဲ့ ၂၀၂၀ ခုနှစ်၊ မေလထဲမှာ Allie ဟာ သူမရဲ့ Instagram မှာ “what’s one thing you can’t do without?” ဆိုတဲ့ caption နဲ့ သူမရဲ့ ဓာတ်ပုံလေးကို ပို့တင်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ ပို့စ်ရဲ့ အောက်မှာ Justin Bieber က ဒီလိုလူမျိုးရေးခွဲခြားတဲ့ ကိစ္စတွေကို Allie အနေနဲ့ ဝင်မပါသင့်ကြောင့်၊ သူမအနေနဲ့က ဒါတွေပြောဖို့ ငယ်သေးကြောင်း အစရှိသဖြင့် comment တွေ ဝင်ရေးခဲ့ပါတယ်။ Allie ရဲ့ ပို့စ်ကတော့ ရိုးရိုးရှင်းရှင်းလေးကို Justin အနေနဲ့ ဘယ်လိုတွေ နားလည်မှုလွဲသွားလို့လဲဆိုတာကိုတော့ မသိနိုင်ပါဘူး။ အဲဒီလို comment ပေးပြီး သိပ်မကြာခင်မှာပဲ Justin ဟာ သူ့ရဲ့ comment တွေကို ပြန်ဖျက်သွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး Allie အနေနဲ့ကလည်း ဘာမှတ်ချက်မှ ပြန်မပေးခဲ့သလို Justin ဖက်ကလည်း ဘာမှပြန်မဖြေရှင်းခဲ့တာ ဒီနေ့အထိပါပဲ။

 

 

View this post on Instagram

 

What’s one thing you can’t live without ? 💜

A post shared by A L L I E S H E R L O C K (@alliesherlock) on

Pyi Hein Kyaw

SHARE