ငွေကို ရေလို သုံးတဲ့ “Bling Empire” ထဲက အာရှ သူဌေးတွေရဲ့ အကြောင်း

Image:IG/celebrities

Netflix မှာတော့ Reality Show သစ်တစ်ခု ထွက်ရှိလာပါတယ်။ဒီတစ်ခါ Show က တော့ အမေရိကန် Los Angeles မှာ နေကြတဲ့ အာရှ အမေရိကန် သူဌေးတွေရဲ့ လူနေမှု ဘ၀ ပုံစံကို ရိုက်ပြ ထားတာပါ။တကယ့် Real Life Crazy Rich Asians တွေကို တော့ ဒီ Show ထဲမှာ တွေ့ရမှာပါ။တကယ်ချမ်းသာတဲ့ လူချမ်းသာ အသိုင်းအ၀ိုင်း တွေ ငွေ ကို ဘယ်လို မျိုး ရေလို သုံးကြလဲ ဆိုတာကို တော့ မျက်ဝါး ထင်ထင် တွေ့ ရမှာပါ။ဒီ Show မှာ ပါဝင်ကြတဲ့ သူဌေးတွေ အကြောင်းကိုတော့ hk.asiatatler မှာ အခုလို ဖော်ပြထားပါတယ်။

Anna Shay

 

View this post on Instagram

 

A post shared by Anna Shay (@annashay93)

(၂၀၂၀)ဒီဇင်ဘာ တုန်းက အသက် ၆၀ ပြည့်သွားတာပါ။သူမက တော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဘီလီယံနာ Edward Shay နဲ့ ဂျပန်- အ မေရိကန် Ai-San တို့ရဲ့ သမီးပါ။ အဖေ ဖြစ်သူ ထူထောင်ခဲ့ တဲ့ ကုမ္ပဏီ  Pacific Architects and Engineers (PAE) က တော့ UN နဲ့ အမေရိကန် အစိုးရရဲ့ လျှို့ဝှက် အလုပ် တစ်ချို့ကို လုပ် ပေး ပါတယ်။ Shay နဲ့ သူ့ အစ်ကို က တော့ အဖေဖြစ်သူရဲ့ ကုမ္ပဏီ ကိုေ ငွသား အမေရိကန် ဒေါ်လာ (၁.၂)ဘီလီယံ နဲ့ ရောင်းချ ခဲ့ပါတယ်။အဲ့ပိုက်ဆံတွေ နဲ့ private jet တွေ ၊တန်ဖိုးကြီး အ၀တ်အစား၊လက်ဝတ် ရတနာ တွေ ၊အိမ်ကြီး တွေ ၀ယ်ပါတယ်။ Shay က တော့ Beverly Hills မှာ ရှိတဲ့  Sunset Boulevard ရဲ့ ပိုင် ရှင်ပါ။အိမ်ခြံ မြေ ပေါက် ဈေးနဲ့ ဆိုရင် ဒေါ်လာ (၁၆)သန်း လောက် တန်ပါတယ်။

 

View this post on Instagram

 

A post shared by Anna Shay (@annashay93)

Christine Alexandra Chiu

သူမကို တော့ ပရိသတ်တွေ ရင်းနှီးနေသလို ခံစားနေရမှာပါ။ဘာကြောင့်လဲဆိုတော့ Real Housewives of Beverly Hills မှာ လည်း  အရင်က ပါဝင် ခဲ့ဖူးပါတယ်။ရေကို ငွေ လို ကို ပက်ပက်စက်စက် သုံးနိုင် ဖြုန်းနိုင် တဲ့ သူမရဲ့ လူနေမှု ဘ၀ ပုံစံ က တော့ လူ့လောကမှာ မှ တကယ်ရှိနေတာလား၊စည်းစိမ်ခံစားတဲ့ နတ်ပြည်လို ဘုံ တစ်ခုခု မှာ နေ နေ တာလား လို့ တောင် ထင်ရေ လာက်ပါတယ်။ပလတ်စတစ်ဆာဂျင် ခွဲစိတ်ဆရာဝန် Dr Gabriel Chiu နဲ့ လက်ထပ် ထားတာ ၁၄ နှစ်ပါ။


Beverly Hills လို လူချမ်းသာတွေ နေတဲ့ နေရာမှာ Beverly Hills Plastic Surgery Inc ကို ယောက်ျားနဲ့ အတူ ဖွင့်ထားပါတယ်။ Dr Chiu က တော့ ခွဲလိုက် စိတ် လိုက်နဲ့ အလုပ် ရှုပ် နေ ပေမယ့် မန်နေးဂျင်းဒါရိုက်တာ လို ဖြစ်နေတဲ့ သူမက တော့ သားလေးကို ထိန်း လိုက် ၊သူမရဲ့  Luxury Life ကို ဖြတ်သန်းလိုက်နဲ့ အချိန်ကုန်ဆုံးပါတယ်။ဒီသားလေးက တော့ အိမ်ထောင် သက် တော်တော် ကြာ မှ ရတဲ့ သားလေးမို့ မိသားစုရဲ့ အသည်းကျော်လေးပါ။

READ
ခရီးမထွက်ခင်လေးမှာ ချစ်သူလေးနဲ့အတူ အလွမ်းသယ်နေတဲ့ ထွန်းထွန်း

Jaime Xie

 

View this post on Instagram

 

A post shared by JAIME XIE (@jaimexie)

သူမက တော့ fashion icon တစ်ယောက်ပါ။တရုတ် ပေကျင်းမှာ မွေးတဲ့ နည်းပညာ ဘီလီယံ နာ Ken Xie  ရဲ့ သမီး ပါ။ Jaime က တော့ အရင် တုန်းက ဖက်ရှင်နဲ့ အလှမ်း ဝေးခဲ့ကာ အဲ့ဒီ အစား အဖေ ဘီလီယံ နာကြီး ရဲ့ နည်းပညာ ဆိုင်ရာ စီးပွားရေး လုပ်ငန်းတွေ နဲ့ပဲ နီးစပ်ခဲ့သူပါ။နောက်ပိုင်းကျ မှ ဖက်ရှင်ကို ချစ်မြတ် နိုး လာခဲ့ပါတယ်။ဘီလီယံ နာ ရဲ့ သမီးမို့ သူမရဲ့ နေ့စဉ် လူနေမှု ဘ၀ က ဘယ်လောက်ထိ ကြီးကျယ် ခမ်း နား လဲ ဆိုတာ အထူး ပြော နေဖို့ တောင် မလိုပါဘူး။IG တစ်ခု လုံးမှာတော့ တန်ဖိုးကြီး Brand တွေ နဲ့ပဲ ပြည့် နေပါတယ်။သူမကလည်း ကိုယ်ပိုင် organic café ဆိုင် တစ်ဆိုင် ရှိပါတယ်။ Steve Job ရဲ့ သမီး Eve Jobs ရဲ့ သမီးပါ။

 

View this post on Instagram

 

A post shared by JAIME XIE (@jaimexie)

Kane Lim

 

View this post on Instagram

 

A post shared by kane lim (@kanelk_k)

Kane Lim က တော့ စင်ကာပူ ဘီလီယံ နာ ရဲ့ သားပါ။လုံးဝ အဆင့်မြင့် Fashion Brand တွေ ကို ကြိုက် နှစ်သက် သူ ဖြစ်ပြီး အ၀တ်အစား၊အိတ်၊နာရီ အစရှိတဲ့ တကယ့် တန်ဖိုးကြီး ပစ္စည်းတွေကို သူ့ရဲ့ IG မှာ မကြာခဏ ဝေမျှ လေ့ရှိသူပါ။အဖေ တင် ချမ်းသာ တာ မဟုတ်ပဲ သူကိုယ်တိုင်လည်း အသက် ၁၇ နှစ် သား တည်း ကိုယ်ပိုင် luxury fashion brand ကို ဖန်တီး ခဲ့သူပါ။(အဖေ ဘီလီယံ နာကြီးရဲ့ အကူအညီ တော့ ပါ တာ ပေါ့နော် )။အသက် ၂၀ ရောက် တော့ သူကိုယ်တိုင် မီလီယံ နာ ဖြစ်လာခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by kane lim (@kanelk_k)

Kevin Kreider

 

View this post on Instagram

 

A post shared by Kevin Taejin Kreider (@kevin.kreider)

Men’s Health, Peloton, Gillette  တို့ မှာ ပါဝင်ခဲ့ဖူးပါတယ်။အသက် ၃၃ နှစ်ပါ။ Kevin Kreider က တော့ သုံးနှစ် သားအရွယ်တည်းက  German-Irish မိသားစု တစ်ခုက နေ သူ့ကို မွေးစားခဲ့တာပါ။ Kevin Kreiderက တော့ အရင်တုန်းက The Ugly Model ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ဖူးပါတယ်။လက်ရှိ မှာတော့ fitness model ၊ activist တစ်ယောက် အနေနဲ့ ရပ်တည် နေပါတယ်။

 

View this post on Instagram

 

A post shared by Kevin Taejin Kreider (@kevin.kreider)

Kim Lee

 

View this post on Instagram

 

A post shared by ᴋɪᴍ ʟᴇᴇ (@kimlee)

Kim Lee က တော့ LA ဇာတိပါ။နာမည်ကျော် DJ ၊ producer တစ်ယောက်ပါ။အမေရိကန် က နေ အာရှ အထိ ဖျော် ဖြေရေး Tour  ထွက် ခဲ့ဖူးပါတယ်။ Steve Aoki, Diplo ၊Cardi B တို့ လို တကယ့် musician အကြီးကြီး တွေ နဲ့ Tour ဖျော်ဖြေ ခဲ့ဖူးတာပါ။Sexy လည်း ကျ ၊ငွေ ကြေး ပြည့် စုံ တဲ့ သူမကို တော့ ပုရိသတွေ ၀ိုင်း ကြွေ ကြတာ မဆန်းပါဘူး။ Maxim Indonesia, GQ Italia ၊ Esquire Singapore တို့လို မဂ္ဂဇင်းမှာလည်း ပါဝင် ခဲ့ ဖူးပါတယ်။

 

View this post on Instagram

 

A post shared by ᴋɪᴍ ʟᴇᴇ (@kimlee)

Kelly Mi Li

LA မှာ နေတယ်။သူမကိုယ်တိုင်လည်း TV Show တွေ၊ ရုပ်ရှင်ကားတွေကို စတင် ထုတ် ခဲ့ပါတယ်။ Bling Empire မှာ တော့ ကိုယ်တိုင် ပါဝင် ထားပါတယ်။ influencer ၊ producer တစ်ယောက် ဖြစ်တဲ့ သူမက တော့ Andrew Gray ဆိုသူနဲ့ တွဲနေပါတယ်။သူတို့ ချစ်ဇာတ်လမ်း ကိုေ တာ့ Bling Empire ထဲ မှာပါ ထည့် သွင်း ဖော်ပြ ထားပါတယ်။

Cherie Chan

Cherie Chan က တော့ Show ထဲမှာ ကိုယ်ဝန်နဲ့ ပေါ် လာခဲ့ပါတယ်။သူမရဲ့ ချစ်သူက တော့ Jessey Lee ဖြစ်ပြီး အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတွေ အများကြီး ရှိပါတယ်။Show ထဲမှာတော့ furniture empire တစ်ခုကို ပိုင်တယ်ဆိုပြီး ပြ ထားပါတယ်။ Cherie Chan ကတော့ အရင်တုန်းက Pop Star ဖြစ်လာဖို့ Sony Music Japan နဲ့ လက်မှတ် ထိုးခဲ့ပါတယ်။ဒါပေမယ့် မိခင်က ခွင့်မပြုလို့ စွန့်လွှတ် ခဲ့ရပြီး လက်ရှိမှာတော့ သူမရဲ့ her organic tequila brand, Religion Tequila ကို Jessy နဲ့ အတူ စ လုပ် နေပါတယ်။

Guy Tang

 

View this post on Instagram

 

A post shared by Guy Tang® (@guy_tang)

Guy Tang က တော့ celebrity hairstylist တစ်ယောက်ပါ။ hairstylist က နေ အခုက တော့ YouTube star ၊ music artist အဖြစ် ပြောင်းလဲ ရပ်တည် နေပါတယ်။ Bling Empire မှာ မပါတည်းက ဆိုရှယ်မီဒီယာ ပေါ် မှာ နာမည်ကြီးနေသူပါ။သူ့ရဲ့ ဖောက်သည်တွေ ထဲမှာ Mariah Carey တို့ လို နာမည်ကြီး တွေ လည်း ပါပါတယ်။

 

View this post on Instagram

 

A post shared by Guy Tang® (@guy_tang)

#SHWEMOM

SHARE