အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကလေးများနေ့အတွက် သိမှတ်ဖွယ်ရာများ

မိသားစုတစ်စုထဲမှာ စီးပွားရေး၊ လူမှုရေးအဆင်မပြေရင် မြေစာပင်ဖြစ်ရတာက ကလေးတွေပါ။ မိဘက တာဝန်မယူနိုင်လို့ အစွန့်ပစ်ခံဖြစ်ရတဲ့ မိဘမဲ့ကလေးတွေရဲ့ဘ၀ဟာ နာကျင်စရာပါ။ ထမင်းနပ်မှန်အောင် မစားနိုင်၊ နေစရာ အမိုးအကာ လုံလုံခြုံခြုံမရှိနဲ့ ဖြစ်ရတဲ့အပြင် ပိုဆိုးတာက ပညာသင်ခွင့်မရကြတာပါ။ တချို့ကျတော့လည်း မိဘနဲ့ အတူနေခွင့်ရပေမယ့် စီးပွားရေးအဆင်မပြေတဲ့အခါ အရွယ်ငယ်ငယ်နဲ့ ကုန်းရုံးပိုက်ဆံရှာရပါတယ်။ ဒီလိုကလေးတွေဟာ ကလေးအရွယ်မှာ ရသင့်တဲ့အခွင့်အရေးနဲ့ ပျော်ရွှင်မှုတွေ ဆုံးရှုံးရတာကြောင့် ဂရုဏာသက်စရာကောင်းပါတယ်။

UN Photo/Manuel Elias

ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံ (၅) နိုင်ငံဟာ အိန္ဒိယ (၃၃ ရာခိုင်နှုန်း)၊ တရုတ် (၁၃ ရာခိုင်နှုန်း) ၊ နိုင်ဂျီးရီးယား (၇ ရာခိုင်နှုန်း) ၊ ဘင်္ဂလားဒေ့ရှ် (၆ ရာခိုင်နှုန်း) နဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (၅ ရာခိုင်နှုန်း)  တို့ပဲ ဖြစ်ပါတယ်။ ဖော်ပြပါ နိုင်ငံတွေမှာဆိုရင် နေ့စဉ်ကလေး အယောက်(၂၂,၀၀၀) ခန့်ဟာ ဆင်းရဲမွဲတေမှုကြောင့် သေဆုံးကြရပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မူလတန်းအရွယ်ကလေးငယ် (၆၆) သန်းခန့်ဟာ ဆာလောင်ငတ်မွတ်ရင်း ကျောင်းသွားကြရပါတယ်။

READ
အဆိပ်အပြင်းဆုံး Jellyfish(၅)မျိုး
UN Photo/ Mark Garten

အာဟာရ မျှမျှတတနဲ့ စားသုံးခွင့်မရတာကလည်း ကလေးငယ်တွေအတွက် ရောဂါပေါင်းစုံကို ဖိတ်ခေါ်နေသလိုပါ။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ (၂၀၁၃) ခုနှစ်မှာ ကိုယ်အလေးချိန်မပြည့်မီတဲ့ အသက်(၅) နှစ်အောက် ကလေးဦးရေဟာ (၉၉) သန်းရှိပါတယ်။ ၄င်းဦးရေရဲ့ သုံးပုံနှစ်ပုံအချိုးဟာ အာရှကဖြစ်ပြီး သုံးပုံတစ်ပုံကတော့ အာဖရိကတိုက်က ဖြစ်ပါတယ်။ ဒါ့အပြင် စစ်နဲ့ နိုင်ငံရေး လူမျိုးရေး ပဋိပက္ခတွေကြောင့်လည်း ကမ္ဘာတစ်ဝှမ်း စွန့်ပစ်ခံရတဲ့ကလေးငယ်တွေရဲ့ အရေအတွက်ဟာ တစ်စတစ်စ များပြားလာပါတယ်။

Photo: Maxim Zolotukhin / World Bank

ကုလသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ ကလေးများနေ့ကတော့ (၁၉၅၄) ခုနှစ်ကတည်းက အခြေတည်လာခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက ကလေးတွေကြား အသိပညာတိုးပွားစေဖို့နဲ့ ကလေးတွေရဲ့ လူမှုဘ၀ ကောင်းမွန်ဖူလုံစေရေးတို့အတွက် နှစ်စဉ် နိုဝင်ဘာလ (၂၀) ရက်မှာ ကမ္ဘာ့ကလေးများနေ့ကို ကျင်းပလေ့ရှိပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂညီလာခံဟာ (၁၉၅၉) ခုနှစ်မှာ ကလေးသူငယ် အခွင့်အရေးနဲ့ပတ်သက်လို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

READ
ပထမကမ္ဘာစစ်အတွင်းက စာဆိုစစ်သည်(၄)ယောက်
Unicef

(၁၉၉၀) ခုနှစ်အရောက်မှာတော့ ကုလသမဂ္ဂရဲ့ ကလေးအခွင့်အရေး ထုတ်ပြန်ကြေညာရာနေ့ကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ နိုဝင်ဘာ (၂၀)ရက်ကို ကမ္ဘာ့ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ၄င်းနေ့မှာတော့ ကမ္ဘာ့နိုင်ငံအချို့က လူမှုအဖွဲ့အစည်းအတွင်းမှာ ရှိနေကြတဲ့ သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူထုခေါင်းဆောင်တွေဟာ ကလေးတွေကို ပိုပြီး လုံခြုံစိတ်ချရတဲ့ အနာဂတ်တွေ ပိုင်ဆိုင်စေဖို့ အသိပညာပေး ဖလှယ်ပွဲတွေ၊ ဟောပြောပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို အထိမ်းအမှတ်အနေနဲ့ ကျင်းပကြပါတယ်။ ဒါကြောင့် နောင်တစ်ချိန် လူကြီးဖြစ်လာမယ့် ကလေးငယ်တွေရဲ့ အသိဥာဏ်လေးတွေ စိမ်းလန်းစိုပြေစေဖို့၊ သူတို့ရဲ့ ဘ၀လေးတွေ ချမ်းမြေ့သာယာနိုင်ဖို့ စာဖတ်သူများအနေနဲ့ တစ်ဖက်တစ်လမ်းက ကူညီစောင့်ရှောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Instagram

လင်းလင်း (ShweMom)

Ref: UN, volunteeringsolutions

SHARE