စွန့်ပစ် ပစ္စည်းတွေ ကေ န ဓါတ်အားထုတ်တဲ့ ကမ္ဘာ့အကြီးဆုံး စက်ရုံကြီး ကတော့ ဒိန်းမတ်နိုင်ငံ မှာ တည်ရှိတာပါ။သူ့ကို တော့ Amager Bakke လို့ ခေါ်ပြီး Amager Slope ဒါမှမဟုတ် Copenhill ဆိုပြီး ခေါ်ကြတာ များပါတယ်။ဒိန်းမတ်နိုင်ငံ မြို့ တော် Copenhagen က Amager ဆိုတဲ့ ကျွန်းမှာ တည်ရှိတာပါ။(၂၀၁၇) တုန်းကမှ စတင် ဖွင့်လှစ်ခဲ့တာပါ။ CopenHill က တော့ ကမ္ဘာ့ အကြီးဆုံး စွန့်ပစ် အမှိုက်ကနေ ဓါတ်အား ထုတ်တဲ့ စက်ရုံတစ်ခု တင်မဟုတ်ပဲ အရမ်းကို မိုက်တဲ့ ဗိသုကာ လက်ရာ ဒီဇိုင်းတွေ ပေါင်းစုံထားတဲ့ နေရာ လို့ လည်း ပြော လို့ ရပါတယ်။ဒီစက်ရုံကြီးအ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားတာပါ။
ပုံမှန်ဆိုရင်တော့ စွန့်ပစ်အမှိုက်က ဓါတ်အားထုတ်တဲ့ စက်ရုံလို့ ပြောလိုက်ရင် အမှိုက် နံ့ တစ်ထောင်းထောင်းနဲ့ ညစ် ပတ် နေတဲ့ နေရာ ကြီး ဖြစ်နေမယ်လို့ ထင် ကောင်း ထင်မိကြမှာပါ။ CopenHill က တော့ အဲ့လို မျိုး လုံးဝ မဟုတ်ပါဘူး။ပုံတွေ ကို မြင်လိုက်ရင်ေ တာ့ ဘယ်လောက် ထိ လှပ နေလဲ ဆိုတာကို တွေ့ ကြမှာပါ။ ပုံမှန်ဆိုရင်တော့ ဓါတ်အားပေး စက်ရုံ ကြီး ကို ဘယ်သူမှ လည်ချင် မှ မဟုတ်သလို ခရီးသွားဆွဲဆောင်ရာ နေရြာ ကီးလို့ လည်း သတ်မှတ်ကြမှာ မဟုတ်ပါဘူး။ CopenHill က တော့ လှပတဲ့ ဗိသုကာ လက်ရာတွေ၊ဒိန်းမတ်ရဲ့ မြို့ တော် Copenhagen ကို ကမ္ဘာ့ ပထမဆုံး carbon-free city ဖြစ်လာအောင် လုပ်ပေးနိုင်တဲ့ စွမ်း ဆောင် မှု ကြောင့် လူတွေရဲ့ စိတ်ဝင်စားမှုကို ပိုရခဲ့တာပါ။
နှစ်စဉ်နှစ်တိုင်း စွန့်ပစ်အမှိုက် တန်ချိန်(440,000) ကို စွမ်းအင် အဖြစ် ပြန်လည် ပြောင်းလဲ ပေး နေ တာပါ။နွေရာသီ ဆိုရင် အစိမ်းရောင် တောင် တက် လမ်းကြီး ရှိပြီး ဆောင်းရာသီဆိုရင်တော့ လူက ဖန်တီးပြုလုပ်ထားတဲ့ နှင်းလျှောစီး စရာ ကြီး ရှိပါတယ်။ CopenHill ရဲ့ အမိုက်စား ဗိသုကာ လက်ရာ ပရောဂျက်ကိုတော့ (၂၀၀၂)တုန်းက PLOT ဆိုတဲ့ စတူဒီယို တစ်ခု ကေ န ဖန်တီးခဲ့တာပါ။သူတို့ အဖွဲ့က အရင် တုန်းက Copenhagen မြို့ ရဲ့ အကြီးဆုံး စတိုးဆိုင်ကြီးရဲ့ အပေါ်မှာ နှင်းလျှော စီးလို့ ရတဲ့ နေရာ ထည့် မယ်ဆိုပြီး အဆိုပြု ခဲ့ ဖူး ပေမယ့် လက်တွေ့ မှာတော့ ဒီ ပရောဂျက်က ဖြစ် မလာခဲ့ပါဘူး။ဒါပေမယ့် CopenHill က တော့ အဲ့ဒီ ဒီဇိုင်းကို ပြန်လည် မှီငြမ်း ဖန်တီး ထားတာပါ။
View this post on Instagram
Copenhagen ရဲ့ စွန့်ပစ်အမှိုက် နေ ဓါတ်အားထုတ်မယ့် စက်ရုံ ပရောဂျက် ဒီဇိုင်း ပြိုင်ပွဲမှာ Bjarke Ingels Group (BIG) က အနိုင် ရခဲ့ပါတယ်။အခုဆိုရင်တော့ ဒိန်းမတ်ရဲ့ ခရီးသွား ဆွဲဆောင်ရာ နေရာ တစ်ခု ဖြစ်လာခဲ့ပါတယ်။မြင့်မားတဲ့ အဆောက်အအုံ ကြီး၊သန့်ရှင်းတဲ့ လေထု၊ရင်သပ်ရှုမောဖွယ်ရာ ဗိသု ကာ လက်ရာ တွေ က ပြည်တွင်းခရီးသွားတွေ ကြားမှာ တင် မဟုတ်ပဲ ပြည်ပ ခရီးသွား တွေ ကြားမှာ ပါ နာမည်ကြီးခဲ့ပါတယ်။ CopenHill ရဲ့ ခေါင်မိုးပေါ်မှာေ တာ့ နွေဆိုရင် ခရီးသွားတွေ အတွက် တောင်တက်လ မ်း ကြီး၊ကစားကွင်း၊အားကစားလုပ်လို့ရတဲ့ ကပစ္စည်းတွေ၊တောင်တက် နံရံ တွေ၊မြို့ရဲ့ ရှုခင်းကို ကြည့်လို့ ရတဲ့ နေရာ တွေ အများ ကြီး ရှိပါတယ်။ဆောင်းဆိုရင်တော့ ပေ (၁၆၄၀)ရှိတဲ့ နှင်းလျှော စီးနေရာ ကြီး အဖြစ် နဲ့တွေ့ရမှာပါ။
#SHWEMOM