လင်းပိုင်လေးတွေ အကြောင်း သင်မသိသေးတဲ့ အချက် (၁၂ )ချက်

Image:pixabay/werdepate

လင်းပိုင်ဆိုတာ ကတော့ အရမ်းကို ချစ်စရာ ကောင်းတဲ့ တိရစ္ဆာန် လေးတွေပါ။ချစ်စရာ ဧရာဝတီ လင်းပိုင်လေးတွေ မ သေ ဆုံးသင့်ပဲ သေဆုံးနေရတဲ့ စိတ်မ ကောင်းစရာ သတင်းတွေကို ဒီရက်ပိုင်းမှာ ထွက်ပေါ် နေပါတယ်။တကယ်တော့ သူတို့ လေးတွေ ဟာ လူသားတွေရဲ့ ချစ်ခြင်း မေတ္တာ နဲ့ စောင့်ရှောက် ကာကွယ်ပေးရမယ့် သတ္တ၀ါ လေးတွေပါ။ လင်း ပိုင် လေးတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အချက် လေးတွေ ကို ဝေမျှ ပေးချင်ပါတယ်။

မျိုးစိတ် ပေါင်း(၄၀)လောက်ရှိ

Image:unsplash/Ádám Berkecz

လင်းပိုင် အမျိုးအစား ပေါင်း (၄၀)လောက်ရှိပါတယ်။အဲ့ဒီအထဲမှာမှ အ သေးဆုံး က (၃) ပေ ကနေ (၄) ပေ အထိ အရှည်ရှိပြီး အကြီးဆုံး အ ကောင်က ဆိုရင် ပေ (၃၀) လောက်အထိ ရှိပါတယ်။ဆားငန် ရေမှာရော ရေချိုမှာပါ ရှင်သန်နိုင်ကြပါတယ်။

အစာကို ဘယ်တော့မှ မ၀ါး

သူတို့ တွေ ဟာ အစာကို ၀ါးစားတယ်ဆိုတာမျိုးမရှိပါဘူး။တစ်ခါတည်း မျို ချ တာပါ။သူတို့ရဲ့ သွားတွေ ကို သားကောင် ကို ဖမ်းဖို့လောက်ပဲ သုံးတာဖြစ်ပြီး အစာဝါးဖို့ အတွက် မသုံးပါဘူး။

အစာအိမ်နှစ်ခုရှိ

သူတို့ လေးတွေမှာ တော့ ထူးခြားတာက အစာအိမ်နှစ်ခုရှိပါတယ်။အဲ့နှစ်ခုရဲ့ လုပ်ဆောင် ချက်တွေ က မတူပါဘူး။ တစ်ခုက အစာကို သိုလှောင်ပြီး နောက်တစ်ခုက တော့ အစာကို ချေ ဖျက် ပေးပါတယ်။

အ မေချစ်သူလေးတွေ

Image:pixabay/werdepate

ဒီသတ္တ၀ါ လေးတွေ ကလည်း အ မေကို ချစ်ပြီး တွယ်တာ ကြတဲ့ သဘာဝ ရှိပါတယ်။ပုံမှန် ဆိုရင် သတ္တ၀ါတွေ က နည်းနည်း အရွယ်ရောက်လာ တာနဲ့ ကိုယ်ပိုင် ရုန်းကန်လှုပ်ရှား အသက်ရှင်ကျ ပေမယ့် သူတို့ေ လးတွေ က တော့ အဲ့လို မဟုတ်ပါဘူး။အ မေနဲ့ အကြာကြီး အတူ နေကြပါတယ်။တစ်ချို့ ဆိုရင် (၃)နှစ် ဒါမှမဟုတ် (၈)နှစ်လောက် အထိ အ မေ နား ကပ်နေတတ်ကြပါတယ်။

READ
သြစတြေးလျတိုက်မှာပဲ တွေ့ရမယ့် ရွှေရောင် ပင့်ကူမျှင်တွေနဲ့ ဧရာမပင့်ကူကြီးများ

ရေအောက် အနက်ကြီးမှာတောင် ရေကူးနိုင်

သူတို့ လေးတွေ ဟာ ရေကူးတဲ့ နေရာမှာ အရမ်းကို တော်ကြပါတယ်။ရေ အောက် အနက် ပေ တစ်ထောင် လောက် မှာ တောင် ကူးခတ် သွားလာနိုင်ပါတယ်။

လင်းပိုင်လေးတွေရဲ့ သက်တမ်း

Image:unsplash/Juan Ignacio Escobar Tosi

သူတို့ လေးတွေရဲ့ ပျှမ်းမျှ အသက်က (၁၇)နှစ်ပါ။ဒါပေမယ့် တစ်ချို့ အသက်ရှည်တဲ့ လင်းပိုင် လေးတွေ ဆိုရင် အသက် (၅၀)အထိ  နေနိုင်ပါတယ်။

တစ်နာရီ မိုင် (၂၀)ကူးနိုင်

ရေကူးတဲ့ နေရာမှာလည်းအ ရမ်း တော်ပါတယ်။တစ်နာရီ ကို ပုံမှန် ရေကူး နှုန်းက (၃-၇)မိုင် ရှိ ပါတယ်။တစ်ချို့ ဆိုရင် မိုင် (၂၀)တောင်ကူးနိုင်ပါတယ်။

သူတို့ ကိုယ် သူတို့ နာမည်လေးတွေ ပေးတတ်

ဒါက တော့ သိပ္ပံပညာရှင်တွေ ပြောတဲ့ အချက်ပါ။လင်းပိုင်လေးတွေ က သူတို့ကိုယ်သူတို့ နာမည်မှည့်တတ်လို့ ပညာ ရှင်တွေ က ပြောခဲ့တာပါ။သူတို့မှာ ကိုယ်ပိုင် သီးသန့် အော်သံ ရှိပြီး သူတို့ ကိုယ်သူတို့ ရော တခြား လင်းပိုင် တွေရဲ့ နာမည်ကိုပါ မှတ်မိနိုင်စွမ်းရှိပါတယ်။

ဥာဏ်ကောင်းပြီး ကူညီ ချင် စိတ်ရှိ

Image:pixabay/christels

သူတို့ လေးတွေက အရမ်းကို ဥာဏ် ကောင်းတဲ့ သတ္တ၀ါ လေးတွေပါ။လူတွေလိုပဲ ဥာဏ် ကောင်းပါတယ်။ Bottleno se လင်းပိုင်တွေ ဆိုရင် လူသားတွေ ကို တု ပနိုင်တဲ့ အထိ ဦးနှောက် ကောင်းပါတယ်။မှန်ထဲမှာ သူ့ကိုယ်သူ မြင်ရင် မှတ်မိနိုင်တဲ့ အစွမ်းရှိပါတယ်။ဒါတင်မက သေးပါဘူး။တစ်ချိန်တည်းမှာ ဦးနှောက်တစ်ဝက်နဲ့ အိပ်၊မျက်လုံး တစ်ဖက် ဖွင့် အိပ်နိုင်ပါတယ်။ဒီလို တစ်ဖက်ဖွင့်အိပ်တာ ဟာ ငါးမန်းတို့လို အန္တရာယ် ကောင်တွေကို သိနိုင်မြင်နိုင်ဖို့ အတွက် ကြောင့် လို့ သု တေသီတွေက ပြောပါတယ်။သူတို့မှာ အချင်းချင်းကူညီရိုင်းပင်းစိတ်လည်းရှိပါတယ်။ နာမကျန်း တဲ့ အ ကောင် ဒါမှမဟုတ် အသက်ကြီးတဲ့ အ ကောင်ကို စောင့်ရှောက်ပေးတတ်တဲ့ ချစ်စရာ အပြုအမူ မျိုး လည်း သူတို့မှာရှိပါတယ်။

READ
သက်တမ်း (၄၀၀) ရှိ သက်ရှိငါးမန်းတစ်ကောင်ကို အာတိတ်သမုဒ္ဒရာထဲမှာ တွေ့ရှိ

နူးညံ့တဲ့ အရေပြား ကို ပိုင်ဆိုင်

သူတို့ရဲ့ အ ရေ ပြား လေးတွေ က အရမ်းကို နူးညံ့လွယ်ပါတယ်။ဒါကြောင့် မာကျောတဲ့ မျက်နှာပြင်နဲ့ ထိ လိုက်မိရင်ေ တာင်မှ ဒဏ်ရာရတတ်ပါတယ်။ဒါပေမယ့် ကံကောင်းတာက ဒဏ်ရာရရင် မြန်မြန် ပျောက်လွယ်ပါတယ်။ အရမ်းနက်တဲ့ ဒဏ်ရာ မျိုးတောင်မှ အချိန် ခဏ လေး အတွင်းမှာ ပျောက်လွယ်ပါတယ်။

ဖော်ရွေတဲ့ စိတ်ရှိ

Image:unsplash/Savatore Dinicola

သူတို့က လူသားတွေနဲ့ ဆိုရင်လည်း အရမ်းကို ရင်းနှီးလွယ်ပါတယ်။သူတို့ မှာကိုက ပင်ကိုယ်ဖော်ရွေ စိတ် ရှိတာပါ။ေ ရထဲမှာဆိုရင်လည်း တခြား အ ကောင်လေးတွေနဲ့ ကစားလိုက် ၊စလိုက်လုပ် နေတတ်ပါတယ်။

ရေကြည်ရာ မြက်နုရာ ရွှေ့ ပြောင်းနေတတ်

သူတို့လဲ ပဲ တခြား သတ္တ၀ါ တွေ လိုပါပဲ။ရေကြည်ရာ မြက်နုရာကို ရွှေ့ ပြောင်းနေ လေ့ရှိပါတယ်။သူတို့ အတွက်အစာ ရေဆာ ရှားပါးလာရင် တခြား နေရာကို ပြောင်းရွှေ့ ပြီး နေတတ်ပါတယ်။ဒါတင်မက သေးပါဘူး။ရာသီဥတု  ပြောင်းလဲ မှု ကြောင့် သူတို့ ကိုယ်အပူချိန် နဲ့ သဟဇာတ မဖြစ်ရင်လည်း နေရာ ဟောင်းကို စွန့်ခွာတတ်ကြပါတယ်။ မြန်မာနိုင်ငံ မှာဆိုရင် ဧရာဝတီလင်းပိုင် အ ရေအ တွက် က တဖြည်းဖြည်း နည်းပါး လာ နေပါပြီ။လူသားတွေရဲ့ ချစ်ခြင်း မေတ္တာေ တွ၊ စာနာစိတ်တွေ နဲ့ စောင့်ရှောက်ကာကွယ်ပေးမှ သူတို့ လေးတွေ မျိုးတုံး ပျောက်ကွယ် မသွားပဲ ဆက်လက် ရှင်သ န်နိုင်မှာပါ။

#Save  Irrawaddy dolphins

#ဧရာဝတီ လင်းပိုင်လေးများကို အတူတကွ ကာကကွယ်ကြပါစို့

#SHWEMOM(ref;wwf/dolphinsplus)

SHARE