ဗီယက်နမ်မင်းသမီးလေး Elly Tran အကြောင်း သင်မသိသေးတဲ့ အချက်(၉)ချက်

Image:IG/Elly Tran

ပုရိသတွေကြားမှာ လက်တလောမှာ အရမ်းကို ရေပန်းစားနေတဲ့ သူတစ်ယောက်ရှိပါတယ်။သူမရဲ့ နာမည်ကတော့ Elly Tran ပါ။ဗီယက်နမ်မင်းသမီးလေးပါ။သူမရဲ့ အကောင့်ကို ၀န်းရံထားတဲ့သူတွေထဲမှာ မြန်မာအမျိုးသားတွေ လည်း အများကြီးပါတာကို တွေ့ရပါတယ်။ဗီယက်နမ်သူလေးတွေကို မှ ကြွေပါတယ်ဆိုတဲ့ Shwemom စာဖတ် သူတွေ အတွက် Elly Tran ရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

1.Bio

Image:IG/Elly Tran

Elly Tran ကိုတော့ (၁၉၈၇)ခုနှစ် သြဂုတ်လ (၆)ရက်နေ့မှာ မွေးခဲ့တာပါ။ဗီယက်နမ် ဟိုချီမင်းမှာ မွေးဖွားခဲ့တာ ပါ။ သူမကိုတော့ ပရိသတ်တော်တော်များများက အရမ်းငယ်မယ်လို့ ထင်ကြ ပေမယ့် တကယ် ကတော့ သူမရဲ့ အသက် က (၃၀) ကျော်ပါပြီ။ဗီယက်နမ်ဆိုပေမယ့် အမေရိကန်နိုင်ငံသူလေးပါ။သူမရဲ့ မိဘနဲ့ မိသားစု နာမည်တွေကို တော့ ထု တ်ဖော်ပြောလေ့မရှိသူပါ။သူမရဲ့ မိသားစုဟာ သူမကလေးအရွယ်တည်းက အမေရိကန် ကို ပြောင်းခဲ့တာပါ။

2.အရပ်အမြင့်

Image:IG/Elly Tran

ဗီယက်နမ်သူလေးမို့ အပုလေးလို့ ထင်ရင်တော့မှားပါလိမ့်မယ်။Elly Tran ရဲ့ အရပ်အမြင့်ကတော့ (၅) ပေ (၇) လက်မပါ။

3.မိဘတွေက သူမရဲ့ အနုပညာအလုပ်ကို ကန့်ကွက်

Image:IG/Elly Tran

သူမက သရုပ်ဆောင်ပညာကို လေ့လာချင်တဲ့ အချိန်မှာ မိဘတွေက ကန့်ကွက် ဆန့်ကျင်ခဲ့ ကြပါတယ်။ဒါ ကြောင့် သူမ အဖေ အလုပ်လုပ်တဲ့ Tourism Department မှာပဲ အတင်းတွန်းအားပေးတက်ခဲ့ရပါတယ်။သူမ ဆယ်ကျော် သက် အရွယ်မှာတော့ ဗီယက်နမ်ကို ပြောင်းလဲခဲ့ပါတယ်။အဲ့ဒီမှာပဲ သူမရဲ့ ခန္ဓာကိုယ်အချိုးအစားချင်း တူတဲ့ ဗီယက်နမ် အဆိုတော် Thuy Top ကို တုပပြီး ပုံတွေ တင်ရင်းနဲ့ နာမည်ကြီးလာခဲ့တာပါ။

4.ကိုရီးယားမှာပါ နာမည်ကြီး

Image:IG/Elly Tran

(၂၀၁၃)မှာတော့ သူမဟာ ကိုရီးယားမှာပါ နာမည်ကြီးလာခဲ့ပါတယ်။ပရိသတ်ရှာဖွေမှု အများဆုံး အနုပညာရှင် ဖြစ်လာ ခဲ့ပါတယ်။သူမကို မော်ဒယ်အလုပ်အတွက် စာချုပ်ချုပ် ဖို့ ကမ်းလှမ်းမှုတွေ အများကြီး လက်ခံရရှိခဲ့ပါတယ်။အာရှရဲ့ နာမည်ကြီး မော်ဒယ် ဖြစ်လာခဲ့ပါတယ်။

READ
သားဦးရတနာလေးကို သြဂုတ်လမှာ မွေးဖွားမယ့် မိုးယုစံ

5.သရုပ်ဆောင်အလုပ်တွေ ပါလုပ်လာ

Image:IG/Elly Tran

နောက်ပိုင်းမှာတော့ မော်ဒယ် အလုပ်အပြင် သရုပ်ဆောင် အလုပ်တွေကိုပါ လုပ်လာခဲ့ပါတယ်။သူမရဲ့ ပထမဆုံး ပွဲဦးထွက်ဇာတ်ကားကတော့ That Sounds Good ဖြစ်ပြီး (၂၀၁၀) မှာ ထွက်ရှိခဲ့တာပါ။Ghost at School (2011 )မှာတော့ ခေါင်းဆောင်နေရာကနေ ပါဝင်ခွင့်ရခဲ့ပါတယ်။(၂၀၁၂)မှာတော့ Blue Daisies, Single Girls Make a Mother ၊ Kitchen Lady တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။သူမရဲ့ ကြိုးစားသရုပ်ဆောင်မှုတွေကြောင့် Golden Kite Award  မှာ အကောင်းဆုံး မင်းသမီးဆု ရခဲ့ပါတယ်။(၂၀၁၂)နောက်ပိုင်းကစပြီး ရုပ်ရှင်ကားတွေ မှာ သိပ် မတွေ့ရတော့ပေမယ့် (၂၀၁၂)ခုနှစ်မှာပဲ အင်ဒိုနီးရှားမှာ RAN Return လို့ အမည်ပေးထားတဲ့ ဂိမ်းကို မိတ် ဆက် ပေးခဲ့ပါတယ်။

6.ဆိုရှယ်မီဒီယာ Star တစ်ယောက်

Image:IG/Elly Tran
သူမရဲ့ အကောင့်ကိုတော့ မြန်မာအမျိုးသား တွေ အများကြီး ၀န်းရံထားတာကို တွေ့ရပါတယ်။IG မှာတော့ တော်တော် လေးကို နာမည်ကြီးပါတယ်။ ဇူလိုင် (၁၁)ရက်နေ့အထိ IG မှာ Followers (376k followers)အထိ ရှိတာကို တွေ့ရပါတယ်။FB နဲ့ တွစ်တာမှာလည်း Followers တွေ အများကြီးပါ။
7.ချမ်းသာကြွယ်ဝမှု
Image:IG/Elly Tran
သူမရဲ့ ချမ်းသာကြွယ်ဝမှုကတော့ (၂၀၁၈)မှာ အမေရိကန်ဒေါ်လာ တစ်သန်းရှိပါတယ်။မော်ဒယ်၊သရုပ်ဆောင် အလုပ် တွေ အပြင် သူမရဲ့ Followers တွေ အများကြီးရှိတဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကနေ လည်း ကြော်ငြာ ၀င်ငွေ တွေ အများကြီးရပါတယ်။
8.သူမရဲ့ အချစ်ရေး
Image:IG/Elly Tran

သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးကတော့ တိတိကျကျတော့ မသိရပါဘူး။ဒါပေမယ့် လက်ရှိမှာတော့ သူမဟာ ကေးလနှစ်ယောက်ရဲ့ မေမေပါ။ခင်ပွန်းဖြစ်သူရဲ့ နာမည်ကိုလည်း မသိရသေးသလို သူမကလည်း ထုတ်မပြော ဘူးလို့ articlebio မှာ ဖော်ပြထားပါတယ်။(၂၀၁၇) မေ (၈)ရက်နေ့မှာတော့ သူတို့နှစ်ယောက် လက်ထပ်ပြီး ကတိသစ္စာပြု ထားတဲ့ အကြောင်းကို IG ကနေ ကြေညာခဲ့ပါတယ်။လက်ရှိမှာလည်း ပျော်စရာမိသားစု ဘ၀လေးကို တည်ဆောက်  ထားပါတယ်။

READ
ဘိုမရုပ်လေးလားလို့ အထင်မှားရလောက်အောင် လှနေတဲ့ နေခြည်ဦး

9.သူမနဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေ

 

 

View this post on Instagram

 

Có lẽ hy vọng sẽ luôn lau đi giọt nước mắt của bạn.

A post shared by Elly Tran ( เอลลี่ เจิ่น ) (@ellytran.official) on

သူမရဲ့ ပုံတွေက အရမ်းတွေ ကွန်ပျူတာ Edit လုပ်ထားတယ်ဆိုပြီး ပြောဆို ဝေဖန်မှုတွေ ရှိပါတယ်။ဒါ့အပြင် သူမဟာ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ထားတယ်ဆိုပြီး မကြာခဏ ဝေဖန်ပြောဆို ခံခဲ့ရပါတယ်။

Clip hậu trường chụp chân dung nọ. Đằng sau người chị đang cố pose cho thật mỹ lệ là dàn em đang manh nha nhào vô cướp ngay vị trí của chị nó. 🌶

Posted by Elly Tran on Thursday, July 4, 2019

 

#Shwemom(ref;articlebio)

SHARE