ခရီးတွေ မသွားရပဲအိမ် တွင်း အောင်း နေရတာ ကြာပြီ ဖြစ်တဲ့ Shwemom စာဖတ်သူတွေ အတွက် အရမ်း လှတဲ့ နေရာ လေး တစ်နေရာ အ ကြောင်းကို ဖော်ပြ ပေးချင်ပါတယ်။ ဒီအ ကြောင်း ကိုေ တာ့ odditycentral နဲ့ Wiki တို့ မှာ ဖော်ပြထားတာပါ။Mount Fanjing (ဖန်ဂျင်း တောင်)က တော့ တရုတ်နိုင်ငံ Guizhou ပြည်နယ်၊ Tongren မှာ တည်ရှိပါတယ်။တရုတ် အနောက် တောင်ပိုင်းက Wuling တောင်တန်းတွေ ရဲ့ အမြင့်ဆုံး တောင် ထိပ် ဖြစ်ပြီး အမြင့် (၂၅၇၀)မီတာ ရှိပါတယ်။
View this post on Instagram
Fanjingshan National Nature Reserve ကိုတော့ ၁၉၇၈ မှာ စတင် ထူထောင်ခဲ့ပြီး UNESCO Biosphere Reserve အဖြစ် ၁၉၈၆ မှာ သတ် မှတ်ခံခဲ့ရပါတယ်။တောင်အမြင့်ကြီး ပေါ်မှာ ဘုရားကျောင်းလေး နှစ်ကျောင်းကို တည် ထားတာ ဖြစ်ပြီး တစ်ကျောင်းနဲ့ တစ်ကျောင်းကို တံတား နဲ့ ဆက်သွယ်ပေးထားပါတယ်။ဘုရားကျောင်းတွေ အပေါ် က နေ ကြည့်လိုက်မယ်ဆိုရင် တော့ ရင်သပ် ရှုမော ဖွယ်ရာ မြင်ကွင်း အလှ တွေကို ခံစားရ မှာပါ။
ဗုဒ္ဓဘာသာဝင်တွေ အတွက် တော့ ဒီနယ် မြေက အလေး အမြတ်ထားတဲ့ နယ်မြေ တစ်ခုပါ။ Fanjing ဆိုတဲ့ အဓိပ္ပါယ်က တော့ ဗုဒ္ဓ ရဲ့ သန့်စင်သော နယ် မြေ လို့ အဓိပ္ပါယ် ရပါတယ်။သဘာဝ အတိုင်း တည်ရှိနေတဲ့ ကျောက်သားတိုင်ကြီးတွေကိုတော့ Red Clouds Golden Peak လို့ လူသိများပါတယ်။တောင်ထိပ်မှာ ရှိတဲ့ ဗုဒ္ဓ ဘုရား ကျောင်း ငယ်နှစ် ခု က တော့ လွန်ခဲ့တဲ့ နှစ် ပေါင်း ၅၀၀ ကျော် Ming မင်းဆက် တည်းက ရှိခဲ့တာလို့ ဆိုကြပါတယ်။အဲ့ဒီခေတ်မှာတည်းက ဘယ်လောက်ထိ ခက်ခက်ခဲခဲ နဲ့ တည်ခဲ့လဲ ဆိုတာက တော့ တကယ့် ကို ထူးဆန်းအံ့သြ ဖွယ်ရာ ကြီးပါ။
View this post on Instagram
ဒီနေ့ ခေတ်မှာတော့ မူ လပုံ မပျက်အောင် ပြန်လည် ပြုပြင် မွမ်းမံ ခဲ့ပါတယ်။ပိုပြီး တော့ လေဒဏ်၊ရာသီဥတု ဒဏ် ခံနိုင်ေ အာင် သံတိုင် တွေ နဲ့ ပြန်လည် တည်ဆောက် ထားတာ မျိုး တွေ တော့ ရှိပါတယ်။တောင်ထိပ်က ဘုရားနှစ်ခုကိုတော့ Temple of the Buddha နဲ့ Maitreya Temple ဆိုပြီး ခေါ် ကြပါတယ်။ Temple of the Buddha က တော့ လက်ရှိ ပစ္စုပ္ပန်ကာလ၊ Maitreya က တော့ အနာဂါတ် ကို ရည်ညွှန်း ပါတယ်။ကောင်းကင်ဘုံ ကြီးကို ရောက်သွားသလို ခံစားရ စေမယ့် ဒီဘုရား ကျောင်းတွေ ရှိရာ ကို ရောက်ချင်ရင် တော့ လှေကားထစ် ပေါင်း (၈၀၀၀)ကျော် ကို တက် ရမှာပါ။
View this post on Instagram
လှေကားတွေ အများကြီး ကျော် ဖြတ် ပြီးရင် တော့ ဘုရားကျောင်း ၀န်း တောင် ဘက် ခြမ်းမှာ ရှိတဲ့ Temple of Buddha ဆီကို အရင် ရောက် မှာပါ။အဲ့ဒီက နေ မှ တံတား နဲ့ မြောက် ဘက် မှာရှိတဲ့ Maitreya Temple ကို သွား ရမှာပါ။ဘုရားကျောင်းတွေဆီကို ရောက်ဖို့ လှေကားအဆင့်ဆင့်ကို ဖြတ် ကျော် နေတဲ့ အချိန်မှာတော့ Ming (1368-1644) ၊Qing (1644-1911)မင်းဆက် တွေ ရဲ့ ရှေးဟောင်း သမိုင်း ကျောက် စာတွေကို လမ်းတစ်လျောက်မှာ တွေ့ ရမှာပါ။
View this post on Instagram
သမိုင်းမှတ်တမ်းတွေ အရ ဆိုရင် တော့ အရင်တုန်းက Fanjiang တောင် မှာ ဘုရား ကျောင်း တွေ အများကြီး ရှိခဲ့ဖူး တယ်လို့ ဆိုပါတယ်။ဒါပေမယ့် ၁၆ ရာစု လောက်မှာတော့ ပျက်စီးခဲ့ကြပြီးအခုက တော့ ဘုရားကျောင်း ၅၀ လောက်ပဲ ရှိပါ တော့တယ်။ဖန်ဂျင်းတောင်ပေါ်က ဘုရား ကျောင်း တွေ ကေ တာ့ တရုတ်နိုင်ငံရဲ့ ခရီးသွား ဆွဲဆောင်ရာ နေရာ တွေ ပါ။ဘ၀ မှာ တစ်ခါ လောက် တော့ အခါ အခွင့် သင့်ရင် သွားရောက် လည်ပတ် သင့်တဲ့ နေရာ တစ်ခု လို့ ပြော ရင်လည်း မမှားပါဘူး။
View this post on Instagram
#SHWEMOM