ကမ္ဘာ့တေးဂီတနေ့အကြောင်း သိကောင်းစရာများ…

Shutterstock/bruce mars

ဂီတသံစဉ်တွေရဲ့ တန်ခိုးဟာ ဆန်းကြယ်ပါတယ်။ တေးသွားတွေဟာ လူ့ရဲ့စိတ်ကို ၀မ်းသာဝမ်းနည်းဖြစ်အောင် ဖန်တီးနိုင်ပါတယ်။ အရင်တုန်းက အချိန်တွေ၊ ဖြစ်ပျက်ခဲ့ဖူးတဲ့ အမှတ်တရတွေနဲ့ လောကမှာ မရှိကြတော့တဲ့လူတွေကိုလည်း ပြန်အမှတ်ရစေပါတယ်။ ခံစားချက်နဲ့တိုက်ဆိုင်မှုရှိတဲ့ အချို့တေးသီချင်းတွေဆိုရင် အရာရာအဆင်မပြေနေတဲ့ကြားထဲကတောင် ခွန်အားဖြစ်စေနိုင်ပါတယ်။

Shutterstock/freestocks.org

လူသားမျိုးနွယ်ဟာ အသံဖြစ်ပေါ်လာပုံကို သိရှိပြီးနောက်ပိုင်းကတည်းက ဂီတဆိုတာ ဖြစ်ပေါ်လာခဲ့တာပါ။ သက်ဆိုင်ရာ ဒေသအလိုက် ဘာသာစကားနဲ့ ဟင်းလျာအမျိုးအစားတွေ ကွာခြားကြသလိုပဲ တေးဂီတဟာလည်း မြေခံရေခံပေါ်လိုက်ပြီး ကွာခြားပါတယ်။ အနောက်တိုင်းနဲ့ အရှေ့တိုင်း ဂီတဟာလည်း ကွဲပြားပြီး ယဉ်ကျေးမှုအပေါ် အခြေခံကာ ကိုယ်ပိုင်ဟန်တွေ ရှိကြပါတယ်။ ဒါကြောင့် ဂီတလို့ပြောလိုက်ရင် မဆုံးနိုင်တဲ့ စွန့်စားမှုကြီးတစ်ခုလို့ ဆိုရမှာပါ။

ဒါကြောင့် ကမ္ဘာတစ်လွှားကလူတွေဟာ ဂီတရဲ့တန်ဖိုးကို အသိအမှတ်ပြုတဲ့အနေနဲ့ ကမ္ဘာ့တေးဂီတနေ့အဖြစ် ဇွန်လ(၂၁) ရက်နေ့ကို သတ်မှတ်ထားပါတယ်။ ၄င်းနေ့ကို နိုင်ငံပေါင်း(၁၂၀) ကျော်နဲ့ မြို့ပေါင်း (၇၀၀) ကျော်က အထိမ်းအမှတ်အခမ်းအနားတွေနဲ့ နှစ်စဉ် ကျင်းပကြပါတယ်။ ကမ္ဘာ့တေးဂီတနေ့ဟာ တကယ်တော့ Fête de la Musique  လို့အမည်ရပါတယ်။ ပြင်သစ်နိုင်ငံမှာ (၁၉၈၂) ခုနှစ်ကတည်းက စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပြီး ထိုစဉ်ကနေတဆင့် တစ်ကမ္ဘာလုံးကို ပြန့်နှံ့သွားခဲ့တာ ဖြစ်ကြောင်း အွန်လိုင်းစာမျက်နှာတွေဖြစ်တဲ့ daysoftheyear နဲ့ awarenessdays တွေကနေ သိရပါတယ်။

READ
နယူးယောက်က အကြီးဆုံးအိမ်မွေးကြောင်ကြီး ဆမ်မ်စန်
Shutterstock/Josh Sorenson

အခုနှစ်အတွက် ကမ္ဘာ့တေးဂီတနေ့ကတော့ လာမယ့် ဇွန်လ သောကြာနေ့ (၂၁) ရက်နေ့ပဲ ဖြစ်ပါတယ်။ တကယ်လို့ စာဖတ်သူကလည်း တေးသီချင်းတွေကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ သင်နှစ်သက်တဲ့သီချင်းဟောင်းလေးတွေကို ပြန်နားထောင်ပြီး Fête de la Musique  ပွဲတော်ကို ပါဝင်ဆင်နွှဲနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

SHARE