Wi-Fi ရဲ့မူလဒီဇိုင်းကို တီထွင်ပေးခဲ့သူ ဟောလိဝုဒ်မင်းသမီး Hedy Lamarr ရဲ့အကြောင်း

Hedy Lamarr ဆိုရင်တော့ 80’s တုန်းက Hollywood လောရဲ့ ငွေရောင်တစ်ဖိတ်ဖိတ်လက်နေတဲ့ ငွေကြယ်ပွင့်လေးဆိုတာ တော်တော်များများသိကြမှာပါ။ လှုပ်ရှားမှုတိုင်းဟာ ဆွဲဆောင်မှုရှိလွန်းလို့ အမျိုးသားတွေရဲ့ အသည်းစွဲဖြစ်ခဲ့ရသလို အမျိုးသမီးတွေရဲ့ အားကျမှုကိုလည်း ယနေ့အချိန်အထိခံနေရစမြဲပါ။ အလှအပနဲ့ ဖက်ရှင်မှာလည်း ရိုးရိုးလေးနဲ့ကျက်သရေရှိတာကြောင့် အတုယူဖွယ်ဖြစ်ခဲ့ရပါတယ်။ တော်တယ်၊ လှပပြီး ကျော်ကြားတယ်ဆိုတာရဲ့အပြင် လူတွေ သိပ်မသိသေးတဲ့ Hedy Lamarr ရဲ့ အကြောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

Pinterest

(၁)ဖူးစာဖက်တိုင်းကို စိတ်တိုင်းမကျခဲ့တဲ့ Hedy Lamarr

၁၉၃၃ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်အထိ Hedy Lamarr ဟာ ၆ ကြိမ်တိတိ အိမ်ထောင်ပြုခဲ့ပါတယ်။ နောက်ဆုံး မင်္ဂလာပွဲကိုတော့ အရှေ့မှာဖြစ်ခဲ့တဲ့ ကွာရှင်းမှုတွေကို တာဝန်ယူခဲ့တဲ့ရှေ့နေနဲ့ ပြန်လက်ထပ်သွားခဲ့တာပါ။ ဒါပေမဲ့ သူလည်းပဲကြာကြာမခံခဲ့ပါဘူး။ ပထမဆုံးအမျိုးသားက လက်နှက်ကုန်သည်လုပ်တဲ့အတွက် စစ်ဘက်ဆိုင်ရာနဲ့ လက်နှက်တီထွင်ရေးတို့မှာ Hedy Lamarr တစ်ယောက် နှံ့နှံ့စပ်စပ်ရှိခဲ့ပါတယ်။ သြဇာအာဏာကြီးလွန်းတဲ့ ပထမအမျိုးသားကြောင့် လွှမ်းမိုးမှုဒဏ်မခံနိုင်တော့ကာ အိမ်ဖော်လိုဝတ်ပြီး ပြင်သစ်ကို တစ်ယောက်တည်း ထွက်သွားခဲ့ဖူးပါတယ်။ ဆယ်ကျော်သက်ဘဝကတည်းက သရုပ်ဆောင်နယ်ပယ်နဲ့မစိမ်းသူမို့ တစ်ယောက်တည်း လွတ်လပ်သွားပြီးတဲ့နောက် ကံကောင်းစွာနဲ့ပဲ သရုပ်ဆောင်နယ်ပယ်ထဲ ကယ်လီဖိုးနီးယားသို့ ပြောင်းရွှေ့ကာ တစ်ကျော့ပြန်ဝင်ရောက်လာခဲ့ပါတယ်။

(၂) သူမရဲ့အလှအပကြောင့် အသားပေးလွန်းတဲ့အတွက် အနုပညာလောကမှာ ပျင်းရိလာခြင်းအစ

တကယ်လည်းလှတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမအလှအပကို မခံစားတတ်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ဒါကြောင့်လည်း သူမကို မြေတောင်မြှောက်ပေးခဲ့တဲ့ ပရိုဂျူဆာ Mayer ကိုယ်တိုင်ကကိုက ကမ္ဘာ့အလှဆုံးအမျိုးသမီးတစ်ဦးအဖြစ် တင်စားကာ လှနေရင်ရပြီဆိုပြီး သူမရဲ့သရုပ်ဆောင်ပုံတွေနဲ့ပတ်သက်လို့ ဝေဖန်မှုတွေမရှိခဲ့ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး Hedy Lamarr ဟာ သိပ်ဘဝင်မတွေ့ခဲ့သလို ကြာလာတော့ အနုပညာနယ်ပယ်ထဲမှာ နေရတာ ပျင်းလာခဲ့ပါတယ်။

READ
ကိုယ်ပိုင်စာကြည့်တိုက်တစ်ခုလုံးကို အနုပညာအဖြစ်ပြောင်းလဲခဲ့တဲ့ စာအုပ်ချစ်သူ

(၃) တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ အင်ဂျင်နီယာဦးနှောက်ကို ပိုင်ဆိုင်ထားတဲ့ Hedy Lamarr

ရုပ်ကလည်းလှ၊ ကျော်ကြားမှုနဲ့ ထက်ထက်မြက်မြက်ရှိရုံတင်မကပါဘူး။ Hedy Lamarr ဟာ တီထွင်သူတစ်ယောက်ရဲ့ဦးနှောက်နဲ့ ဖြတ်ထိုးဥာဏ်ကိုလည်း ကံကောင်းစွာနဲ့ ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဟောလိဝုဒ်ရဲ့ငွေကြယ်ပွင့်တင်မဟုတ်ဘဲ Hedy Lamarr ဆိုတာဟာ တီထွင်သူတစ်ဦးအဖြစ်လည်း သမိုင်းတွင်စေခဲ့ပါတယ်။ ရိုးရိုးရေတစ်ခွက်ကို gas ပါတဲ့ အအေးအဖြစ် ပြောင်းလဲစေတဲ့ ကုဗတုံးပုံစံ အစားအသောက်တီထွင်မှုတစ်ခုကို စတင်တီထွင်ခဲ့ပြီးနာက် အမည်မသိတဲ့ စက်ပစ္စည်းတွေကိုလည်း တည်ဆောက်စမ်းသပ်ဖို့အတွက် ပုံကြမ်းတွေရေးဆွဲခဲ့ပါတယ်။ လေယာဉ်မှူးတစ်ဦးဖြစ်တဲ့ Howard Hughes အတွက်လည်း လေယာဉ်မှာတပ်ဆင်ဖို့ လေယာဉ်တောင်ပံသစ်ပုံစံတစ်ခုကို တီထွင်ပေးခဲ့ပါသေးတယ်။

Pinterest

(၄) Wi-Fi ရဲ့ မိခင်

ယနေ့ခေတ်အသုံးပြုနေကြတဲ့ Wi-Fi နဲ့ GPS စနစ်ကို စတင်တီထွင်ခဲ့သူကတော့ Hedy Lamarr ပဲဖြစ်ပါတယ်။ တစ်ညမှာ သီချင်းရေးဆရာဖြစ်တဲ့ George Antheil ဆိုသူနဲ့ပါတီတစ်ခုမှာ ရင်းနှီးခဲ့ကြပါတယ်။ နှစ်ယောက်သား ပစ္စည်းတွေဆန်းပြီးတီထွင်တဲ့နေရာမှာ ဝါသနာချင်းကိုက်ညီနတဲ့အတွက် project တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။ Hedy Lamarr ဟာ အပေါ်မှာဖော်ပြထားတဲ့အတိုင်း လက်နက်နဲ့ပတ်သက်ပြီး ဗဟုသုတတွေရှိနေသူမို့ သူမရဲ့အသိတွေနဲ့ သီချင်းရေးဆရာရဲ့ ဂီတဗဟုသုတနဲ့ပူးပေါင်းကာ frequency-hopping system ဆိုတဲ့ စက်တစ်ခုကို တီထွင်ခဲ့ပါတယ်။ စက်ဟာ စစ်ဘက်ဆိုင်ရာမှာ တစ်ဖက်ရန်သူရဲ့ ရေဒါမှာမပေါ်ဘဲ တော်ပီဒိုကို ဖြတ်သွားဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဒီကနေဆင့်ပွားပြီး ယနေ့ခေတ်တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်တဲ့ GPS တို့ Wi-Fi တို့ ဖြစ်လာခဲ့တာပါ။

READ
အီရန်နိုင်ငံက အဆောက်အဦပျက်တစ်ခုမှာ မပျက်ဆီးသေးတဲ့ မံမီရုပ်အလောင်းတစ်ခု တွေ့ရှိ
Pinterest

(၅) အစိုးရဘက်မှတီထွင်မှုကို နှစ်နဲ့ချီကာလျစ်လျူရှုခံခဲ့ရတဲ့ Hedy Lamarr နဲ့ George Antheil

သူတို့နှစ်ယောက်ရဲ့တီထွင်မှုဟာ တော်တော်လေးအကျိုးရှိပြီး ပြောင်မြောက်တယ်ဆိုတာကို ၂ နှစ်အကြာမှ အမေရိကန်အစိုးရက ဒုံးကျည်ပစ်လွှတ်ရေးအတွက် လက်ခံကာပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ ဘာမှဟုတ်တဲ့ အနုပညာရှင်တွေက စစ်ဘက်ဆိုင်ရာ တီထွင်မှုကြီးတွေ လုပ်တယ်ဆိုပြီး အထင်သေးကာ လျစ်လျူရှုထားခဲ့ကြတာပဲဖြစ်ပါတယ်။

Pinterest

(၆) Hedy Lamarr ရဲ့ အသိအမှတ်ပြုခံခဲ့ရတဲ့ မှတ်တိုင်များ

အနုပညာလောကမှာလည်း လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲအ့တွက် ၁၉၆၀ ပြည့်နှစ်ရဲ့ Hollywood Walk of Fame မှာ နာမည်အတပ်ခံခဲ့ရပြီး သူမကွယ်လွန်ပြီး ၁၄ နှစ်အကြာ၊ ၂၀၁၄ ခုနှစ်မှာတော့ National Inventors Hall of Fame မှာလည်း နာမည်ထည့်သွင်းဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။

Pinterest

Source: Mentalfloss

Penny

SHARE